၁၁ နိုဝင်ဘာ ၂၀၁၅ - ၁၇:၃၄
ပြည်သူများ ရွေးချယ်သည့် ရလဒ်အပေါ် ဝိုင်းဝန်းဆောင်ရွက်မည်ဆိုပါက တိုင်းပြည်အမြန်တိုးတက်မည်ဟု တပ်ချုပ်ပြော

ရွေးကောက်ပွဲရလဒ်ကြောင့် တိုင်းပြည်အနာဂတ်အတွက် မည် ကဲ့သို့ ရလဒ်မျိုးကို ဖော်ဆောင် ပေးနိုင်မည်နည်းဆိုသည့် သတင်း မီဒီယာ၏ မေးခွန်းအပေါ် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က အ ထက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မီဒီယာများအား ဖြေကြားနေစဉ်။ ဓာတ်ပုံ - Senior General Min Aung Hlaing Facebook



 ပြည်သူများ ရွေးချယ်သည့် ရွေးကောက်ပွဲရလဒ်အပေါ် ဝိုင်းဝန်းဆောင်ရွက်ကြမည် ဆိုပါက တိုင်းပြည်သည် ယခင်ထက်  အမြန်တိုးတက်လာမည် ဟု ယုံကြည်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

‘‘ကောင်းတဲ့ရလဒ်ကို ကျွန် တော်တို့တော့ မျှော်လင့်ထား တယ်။ အပြည့်အစုံပဲ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ သွားနေ တာကိုက ဒီစနစ်ကို သွားမယ်လို့ အခိုင်အမာ ကြေညာခဲ့ပြီးသားဖြစ် တော့၊ ပြီးတော့ ပြည်သူကနေ မှန် မှန်ကန်ကန် ရွေးချယ်တယ်။ ရွေး ချယ်တဲ့ ရလဒ်တွေပေါ်မှာ ဒီဟာ ကို ကောင်းအောင် ဝိုင်းပြီးတော့ ဆောင်ရွက်မယ်။ အဲဒီလိုဆို တိုင်း ပြည်ဟာ အရင်ထက်စာရင် အ မြန်တိုးတက်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’’ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြော သည်။

ရွေးကောက်ပွဲရလဒ်ကြောင့် တိုင်းပြည်အနာဂတ်အတွက် မည် ကဲ့သို့ ရလဒ်မျိုးကို ဖော်ဆောင် ပေးနိုင်မည်နည်းဆိုသည့် သတင်း မီဒီယာ၏ မေးခွန်းအပေါ် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က အ ထက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပသော ရွေးကောက်ပွဲတွင် နေပြည် တော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ဝင်းရှိ မဲရုံ အမှတ်(၁)သို့ လာရောက်ဆန္ဒမဲ ပေးမှုအပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းမီဒီယာ
များ၏ မေးမြန်းမှုများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။

တပ်မတော်အနေဖြင့် ရွေး ကောက်ပွဲရလဒ်ကြောင့် ထွက်ပေါ် လာမည့် အစိုးရသစ်ထံ လက်ရှိ အစိုးရက အာဏာလွှဲပြောင်းရာ တွင် တပ်မတော်အနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်း ထားသည့်အတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတင်း မီဒီယာများအား ပြောသည်။

ထို့အပြင် အတိုက်အခံ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အ နိုင်ရပါကလည်း ပြည်သူများ ရွေး ချယ်သည့် ရလဒ်ဖြစ်သောကြောင့် လက်မခံနိုင်စရာမရှိကြောင်း ပြန် လည် ဖြေကြားခဲ့သည်။

ပြည်သူများ၏ ဆန္ဒအတိုင်း ရွေးချယ်သော ပါတီများကို လို လားကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေ ညာသည့် ရလဒ်ကို ရွေးကောက်ပွဲ နိုင်သူရော ရှုံးသူပါ လက်ခံကြရမည်ဟု သတင်း မီဒီယာများအား ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင် ကြသည့် ပါတီများအနက် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်အား ပြည်သူအများစုက ထောက်ခံခဲ့သောကြောင့် မဲဆန္ဒနယ် အများအပြားတွင် ဦးဆောင်နေသည်
==============================================
251 / End