၁၉ နိုဝင်ဘာ ၂၀၁၅ - ၀၉:၄၀
ပဲရစ်(ခ) ပါရီ အကြမ်းဖက်မှုကို ဦးဆောင်ခဲ့သည့် သံသယ တရားခံ၏ ကံကြမ္မာကို ကွဲကွဲပြားပြား မသိရသေး

ပါရီအကြမ်းဖက်မှုကို ဦးဆောင်အကောင်အထည်ဖော်သည့် သံသယတရားခံ၏ ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပါရီအကြမ်းဖက်မှုကို ဦးဆောင်အကောင်အထည်ဖော်သည့် သံသယတရားခံ၏ ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် ပါရီရှိ တိုက်ခန်းတွဲတစ်ခုကို လုံခြုံရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး အက်ဘ်ဒယ်လ်ဟာမစ်ဒ် အဘာရွတ်ဒ်ကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း လူ ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ၎င်းတို့အနက် အဘာရွတ်ဒ် မပါဝင်ခဲ့ချေ။

သို့သော်လည်း အပြန်အလှန်ပစ်ခတ်မှုများအတွင်း အနည်းဆုံး လူ ၂ ဦးမျှ သေဆုံးခဲ့ရာ ယင်းတို့အနက် အဘာရွတ်ဒ် ပါဝင်ခြင်းရှိမရှိကို DNA စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေဆဲ ဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်က ပါရီမြို့ပေါ်တွင် အကြမ်းဖက်သမားများက နေရာအနှံ့အပြား၌ တစ်ပြိုင်တည်းလိုလို တိုက်ခိုက်ခဲ့ရာ လူ ၁၂၉ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကို မိမိတို့ ကြိုးကိုင် ညွှန်ကြားခဲ့ကြောင်း အစ္စလာမ်ခုတုံး လုပ်  အစ္စလာမ်မစ်နိုင်ငံတော် အမည်ခံ  (အိုင်အက်စ်) စစ်သွေးကြွများက ကြေညာထားသည်။

အဘာရွတ်ဒ်သည် အိုင်အက်စ်၏ အေးဂျင့်တစ်ဦးဟု ယူဆရပြီး ပါရီဆင်ခြေဖုံး စိန့်ဒင်းနစ်အရပ်ရှိ တိုက်ခန်းတစ်ခုတွင် ခိုအောင်းနေသည်ဟု ယူဆရသဖြင့် ရဲများက အင်အားသုံးစီးနင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီးနင်းတိုက်ခိုက်မှု အောင်မြင်ခဲ့သော်လည်း အဘာရွတ်ဒ်၏ကံကြမ္မာမှာ ပဟေဠိဆန်နေဆဲ ဖြစ်သည်။

အခြားသော သတင်းများအရ ပြင်သစ်လွှတ်တော်အမတ်များသည် လက်ရှိအရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားမှုကို သက်တမ်းတိုးမြှင့်ရန် ကြိုးစားနေကြောင်း သိရသည်။ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းသည် ပါရီအကြမ်းဖက်မှု အပြီး၌ ၁၂ ရက်ကြာ အရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့သော်လည်း အောက်လွှတ်တော်အမတ်များက ယင်းကာလကို သုံးလထိ မြှင့်တင်ရေး အဆိုတင် မဲခွဲရန် ပြင်ဆင်လျက် ရှိသည်။

Ref: CNN
========================
251/End