၉ ဒီဇင်ဘာ ၂၀၁၅ - ၁၇:၄၃
 သက္က်ဝါ သည် ပြီးပြည့်စုံမှု ကို ပိုင်ဆိုင် စေမည့် ရှေ့ ပြေး ဖြစ်ပါတယ်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလဝီဂိုရ်ဂါနီ အနေဖြင့် သက္က်ဝါ သည် ပြီးပြည့် စုံမှု ကို ပိုင်ဆိုင် စေမည့် ရှေ့ ပြေး ဖြစ်ကြောင်းကိုဟောကြားရင်း ပညာ ဆည်းပူးဖို့ ပထမဆုံး လို အပ်သည့် စည်းကမ်းချက် မှာ သက်္ကဝါ (သီလ၊သမာဓိ) ဖြစ်ကြောင်း မိန့် ကြားခဲ့ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် သည်လူတိုင်း ကို ပညာ မချီးမြှင့်တော်မူချေ။ တစ်နည်းအား သက်္ကဝါ (သီလ၊သမာဓိ) ပထမ အဆင့် အဖြစ် သတ်မှတ်တော်မူထားပါတယ်။ ဤအတွက်ကြောင့်လည်း သက်္ကဝါ (သီလ၊ သမာဓိ) ရှိသူကို သာလျှင် ပညာ ပေးသနား ချီးမြှင့်တော်မူ ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

Rasa သတင်းဌာန သတင်းအထောက်အထားအရ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ကွမ်းမြို့ ၏ မိုဂ်ျသဟစ် အတန်း၏ အကျော် အမော် ဆရာများ မှ တစ်ဆူ ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် အလ် အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် အလီ အလဝီဂိုရ်ဂါနီ အနေဖြင့် ယဉ်ကျေးမှုဆိုင် ရာ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့်တွေ့ဆုံ ခဲ့ပါတယ်။

တွေ့ဆုံစဉ် အာယာသွလ္လာဟ်ကြီးအနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် ဇိုမိုရ် အာယသ်တော် အမှတ် ၉ ဖက်သို့ ညွန်းပြီး ဟောကြားခဲ့ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် အချို့ ကိစ္စ များကို ထင်ရှား ပြတ်သားစွာ မိန့်ကြားထားပါတယ်။ မနုဿ လူသားအနေဖြင့် အနည်းငယ် ဂရုပြု ဆင်ခြင် စဉ်းစားမိလျှင် ချက်ချင်း ဆိုလို ချက်ကိုနားလည်သဘောပေါက်မှာ ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

၎င်းအနေဖြင့် ဆက်လက်ပြီး ဟောကြားပါတယ်။ ဥပမာ အားဖြင့် ပြောပြရမည်ဆိုလျှင် ဇိုလ်မ် (မတရား ညှဉ်းပန်းနှိပ်စက်ခြင်း) နှင့် နူးရ် အတူတူပင်ဖြစ်ပါသနည်း? ဟု အလ္လာဟ် ဟို အရှင်မြတ် သခင်သည် မိန့် တော် မူထားပါတယ်။သို့မဟုတ် မျက်ကန်းနှင့် မျက်မြင် အတူတူဖြစ်ပါသလား ? ဟုမေးထားတော် မူပါတယ်။

ဤကဲ့သို့သော် မေးခွန်းများ ၏ ရည်ရွယ်ချက် မှာ မနုဿလူသားကို နားလည်သဘောပေါက်ရန်တင်ပြ နေခြင်းဖြစ်ပါတယ်။

အကယ်၍မနုဿ လူသား အနေဖြင့် ဤ ကိစ္စ နှင့်ပတ် သက်ပြီး ဘယ်လိုမျှ သတိမပြုဂရု မပြု လျှင် ပညာ နှင့်ပြည့်ဝစုံလင်မှု ဟာ ၎င်း အတွက် ဆုံး ရှုံးမှု အတွက် အထိမ်းအမှတ်လက္ခဏာ ဖြစ်သွား မည် ဖြစ်ကြောင်း ၊တစ်ခါတစ်ရံ မေးခွန်းထုတ်ခြင်းမှာ ဆိုလိုချက် အဓိပ္ပာယ် ထင်ရှား ပြတ်သား စေလိုသည့် အတွက် ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အလဝီဂိုရ်ဂါနီ အနေဖြင့် ဆက်လက် ရှင်းလင်း ဟောကြားပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် ဇိုမိုရ် အာယသ်တော် အမှတ် ၉

إِنَّمَا یَتَذَکَّرُ‌أُولُو الْأَلْبَابِတွင်မိန့်ကြားထားပါတယ်။ ဤအာယာသ်တော်တွင် အထက်က ကဲ့သို့ တူနေသည့် အရာများ မပါရှိကြောင်း အကယ်၍ အာလင်မ် တစ်ဦးတစ်ယောက် ၊ပညာရှင် တစ်ဦးတစ်ယောက်ဟာ ပြည့်စုံမှုနှင့် ဂျဲဟ်လ် (ပညာမဲ့မှု) ကို ခွဲခြား မသိနိုင်လျှင် အသိဥာဏ်ပိုင်ရှင် မ ဖြစ်နိုင်ကြောင်း အချက်ကို ဤ အာယာသ်တော် တွင် ဂရုပြုသင့် ကြောင်း ဟောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး အလ္လာဟ် ဟို အရှင်မြတ် သည် လူတိုင်းကို ပညာ မချီးမြှင့် ကြောင်း ၊ ပထမ အဆင့် အဖြင့် သက်္ကဝါ (သီလ၊သမာဓိ) ကို ရှိဖို့ စည်းမျည်းကို ပြဋ္ဌာနးပြီးမှ ပညာကို ချီးမြှင့် ပေးသနားတော် မူ ကြောင့် ဟောကြားခဲ့ပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် တွင်လည်း မိန့် ကြားထား ပါတယ်။ «اتقواللہ و یعلمکم اللہ»ဤ အတွက်ကြောင့်လည်း အလ္လာဟ် ဟို အရှင်မြတ် သခင်သည် သက်္ကဝါ (သီလ၊ သမာဓိ) ရှိသူကို သာလျှင် ပညာ ပေးသနား ချီးမြှင့်တော်မူ ပါတယ်။

သက်္ကဝါ (သီလ၊ သမာဓိ) ရှိသူ ဆိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် သတ်မှတ်ထားသည့် ဝါဂျစ်ဗ်များ ကို ထမ်းဆောင်ပြီး ၊ ၊တားမြစ်ထားသည့် ဟရာမ် များကို ရှောင် ကြဉ် သူကို ခေါ်ဆိုပါတယ်။ ဤအရာ နှစ်ခု စလုံးသည် မနုဿ လူသား အတွက် အတောင်ပံ ပမာ ဖြစ်ပါတယ်။

အီရန် နိုင်ငံ ၏ ကွမ်းမြို့ ၏ မိုဂ်ျသဟစ် အတန်း၏ အကျော် အမော် ဆရာ မှ ဆက်လက်ပြီး ဟော ကြားပါတယ်။ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ရီဝါယသ်တော် တစ်ခုဖက်သို့ ညွန်းပြ မိန့်ပါတယ်။ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူထားပါတယ်။ ( မနုဿလူသား အတွက် သက္က်ဝါ တရား ဟာ ဌက်သတ္တဝါ အတွက် အတောင်ပံ နှစ်ခု ပမာ ဖြစ်ပါတယ်။ ) အကယ်၍ ဌက်သတ္တဝါ ၏ အတောင်ပံ တစ်ဖက်ကို ပြုတ်လုပ်မည်ဆိုလျှင် ဌက်သတ္တဝါ သည် ပျံ သန်း နိုင်စွမ်း မရှိတော့ သလိုပါဘဲ မနုဿလူသား အနေဖြင့် လည်း နာမ် ပိုင်းဆိုင်ရာ ပျံသန်းမှု အတွက် အတောင် နှစ်ခု (ဝါဂျစ်ဗ်များ ကို ထမ်းဆောင်ခြင်း နှင့်ဟရာမ်များကိုရှောင်ကြဉ်ခြင်း ) မရှိဘဲ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်း အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ်သခင်သည် သက္က်ဝါ ရှိသူ၏ ပညာ ကိုသာ နှစ်မြို့ သဘောကြ ကြောင်း ၊ မနုဿလူသား ကိုပြီးပြည့်စုံသည့် နူးရ်ရာနီယသ် ကို ၎င်း၏အပြောအဆို၊(လုပ်ရပ်) နှင့်လော်ဂျစ် နူးရ်ရာနီယသ် ရှိမှ သာလျှင် ပေးသနားမည် ဖြစ်ကြောင်း အားလုံး အတွက် လက်ခံ စရာ ဖြစ်လာ ဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။

==================

251 / End