၂၂ ဒီဇင်ဘာ ၂၀၁၅ - ၀၆:၁၀
တောင်ကြီးမြို့တွင် ဆိုင်ကယ်စီးဦးထုပ်များ ပထမဆုံးအကြိမ် ပေးဝေ

တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ် လျော့နည်းစေရေး ပညာပေးအစီအစဉ်အဖြစ် ဆိုင်ကယ်စီးဦးထုပ်အလုံးနှစ်ရာကို ဒီဇင်ဘာ ၂၁ရက်က ပေးဝေခဲ့ ကြောင်း အမှတ်(၁၈)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိ သည်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

တောင်ကြီးမြို့တွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ဆိုင်ကယ်စီးဦးထုပ်များ ဝေငှနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)



 တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ် လျော့နည်းစေရေး ပညာပေးအစီအစဉ်အဖြစ် ဆိုင်ကယ်စီးဦးထုပ်အလုံးနှစ်ရာကို ဒီဇင်ဘာ ၂၁ရက်က ပေးဝေခဲ့ ကြောင်း အမှတ်(၁၈)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိ သည်။

စေတနာရှင်အလှူရှင်အချို့ ၏ ပါဝင်လှူဒါန်းမှုဖြင့်ဆိုင်ကယ် စီးဦးထုပ်တစ်လုံးလျှင် ကျပ်ငါး ထောင်တန်ဖိုးရှိသည့် ထိုင်းနိုင်ငံ ထုတ် INDEX အမျိုးအစားဆိုင် ကယ်စီးဦးထုပ်များကို ဆိုင်ကယ် ဦးထုပ်မပါဘဲ မောင်းနှင်သူများအား ဆောင်းပေးခဲ့သည်ဟု အမှတ်(၁၈) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ခံရဲမှူး မျိုးဇော် အောင်က ပြောသည်။

‘‘ပြည်သူတွေကို ယာဉ်ထိန်း တပ်ဖွဲ့တောင်မှ ဦးထုပ်လှူပေး တယ်ဆိုတော့ ဦးထုပ်ဆောင်းစေ ချင်တဲ့ဆန္ဒပါ။ ဦးထုပ်ဆောင်းရ မယ်ဆိုတဲ့ အသိလည်းရစေချင် လို့ အသိပညာပေးတဲ့အနေနဲ့ ပြု လုပ်ပေးတာဖြစ်ပါတယ်’’ဟု ရဲမှူး မျိုးဇော်အောင်ကပြောသည်။

ယခုကဲ့သို့ ဆိုင်ကယ်စီးဦး ထုပ်များ အခမဲ့ပေးဝေခြင်းသည် တောင်ကြီးတွင် ပထမဦးဆုံးအ ကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်။

တောင်ကြီးမြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမရှေ့တွင် အဆိုပါအစီအစဉ်ကို အမှတ် (၁၈)ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဦး ဆောင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နှင့်ပတ်သက်သည့် လက်ကမ်းစာ စောင်များဝေငှခြင်း၊ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပေးခြင်းနှင့် အသိ ပညာပေးခြင်းတို့ ပြုလုပ်ခဲ့ကြ သည်။

ယာဉ်စည်းကမ်းလမ်းစည်း ကမ်းအသိပညာပေး ကာလကို ဒီဇင်ဘာလကုန်အထိ ပြုလုပ်မည် ဖြစ်ပြီး သတ်မှတ်ကာလကျော် လွန်ချိန်တွင် မလိုက်နာသူများ အား မော်တော်ယာဉ်နည်းဥပဒေ သစ်များဖြင့် အရေးယူမည်ဟု ရဲ မှူးမျိုးဇော်အောင်ကပြောသည်။

‘‘ကိုယ်တွေကောင်းဖို့ လုပ် ပေးတာကို တချို့သူတွေက အ ထင်မလွဲစေချင်ဘူး။ လူတွေက ယာဉ်ထိန်းရဲတွေတွေ့ပြီဆိုရင် ဖမ်းပြီထင်ပြီး ပြေးကြတယ်။ဒီလို ဦးထုပ်ဝေတယ်ဆိုတာကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ပေးတာတွေ ကြားရတော့ ကောင်းပါတယ်’’ဟု တောင်ကြီး ဒေသခံသက်ပိုင်ကပြောသည်။

ရှမ်းပြည်နယ်တွင် ၂၀၁၅ အတွင်း ယာဉ်တိုက်မှုပေါင်း ၁,၁၇၃မှုဖြစ်ပွားထားပြီး ၂၀၁၄ထက် ရာခိုင်နှုန်း အနည်းငယ် လျော့ကျလာသည်ဟု အမှတ် (၁၈)ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
========================================================
251/End