မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) သခင်သည် အုပ်စု တစ်စု အနီးမှ ကြွမြန်း လာ လေ၏။ ၎င်းအုပ်စု အတွင်း မှ တစ်ဦးတစ်ယောက်သည် အလွန်တရာလေးလံသည့် ကျောက်တုံးကို မှ ပြီး မိမိ၏ရဲစွမ်းသတ္တိ ကိုပြသနေလေ၏။ လူထု အနေဖြင့် စုရုံးပြီး ၎င်းကို ကြည့်နေကြပေသည်။
မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) သခင်သည် ၎င်း အုပ်ကိုမေးမြန်းလေ၏။ ဤနေရာ မှာ ဘာဖြစ်နေပါသနည်း ? အဖြေပေးလျှောက်လေ၏။ ဤပုဂ္ဂိုလ်ဟာ အလွန်တရာလေးလံသည့် ကျောက်တုံးကို မှ ပြီး မိမိ၏ရဲစွမ်းသတ္တိ ကိုပြသနေ ပါတယ်။
ကိုယ်တော်မြတ် (ဆွ)မိန့်ကြားတော်မူလေ၏။ ဤပုဂ္ဂိုလ်ထက် ရဲစွမ်းသတ္တိ ပိုများသူ၏ သတင်း ကိုပေးရမည်လော ? လျှောက်ထားကြလေ၏။ ဟုတ်ကဲ့ပါ ။ အလ္လာဟ့် တမန် တော်မြတ် ကြီး (ဆွ) ။
မဟာတမန်တော်မြတ် ကြီး (ဆွ) မိန့်တော်မူလေ၏။
ထိုပုဂ္ဂိုလ် ရှေ့ ရှိလူ မှ ၎င်းကိုဆဲရေး တိုင်းထွာ နေမည်၊၎င်းမှ တိတ်ဆိတ် စွာ နားထောင်ပြီး သည်းခံနေမည် ၊ မိမိ၏ စိတ် နှင့် ရှိုင်တွာန်ကို ထိန်းချုပ် နေမည်၊ ထိုသူသာလျှင်၎င်း (အလွန်လေးလံ သည့် ကျောက်ခဲကို မှပြနေ) သူထက်ပိုမို၍ ရဲစွမ်းသတ္တိ ရှိသူဖြစ်ပါ သည်။
مجموعه ورار ، ص 340
မှတ်ချက် ။ ။ ဤကဲ့သို့ မိမိကို ဆဲရေး တိုင်းထွာ သူကို တိတ်ဆိတ် စွာ နားထောင်ပြီး သည်းခံဖို့ မိမိ၏ စိတ် နှင့် ရှိုင်တွာန်ကို ထိန်းချုပ် ဖို့ သွန်သင်ထားသည့် အစ္စလာမ့် တမန် တော်မြတ် (ဆွ) မှ ဘာသာတူများ နှင့် ဘာသာခြားများ ကို သတ်ဖို့ဖြတ်ဖို့ အကြမ်းဖက်ဖို့ ကို သွန်သင်မည်ဆိုတာ လုံးဝ ဖြစ်နိုင်ချေမရှိတော့ချေ။ သေချာစွာ လေ့လာ ၊စူးစမ်း ခြင်း ဖြင့် ယနေ့ အစ္စလာမ် ဘာသာကို ရုပ်ပျက်အောင်ပြုနေသူ များ ၊အစွန်းရောက်နေသူများသည် အစ္စာလာမ့် ရန်သူများ၏ အစီအစဉ်အရ သရုပ်ဆောင် နေသူများ ဖြစ်ပါတယ်။
=========================
251/End