၃၁ ဒီဇင်ဘာ ၂၀၁၅ - ၁၇:၃၈
ငွေမည်းကိစ္စစွပ်စွဲမှုများ စတော့အိတ်ချိန်းလုပ်ငန်းကို တိုက်ခိုက်ခြင်းဟု ဘဏ္ဍာရေးဒုဝန်ကြီးတုံ့ပြန်

ငွေမည်းများ ငွေဖြူဖြစ်အောင်လုပ်မည့်ဈေးကွက်ဟု ပြောဆိုနေခြင်းသည် ရန်ကုန်စတော့အိတ်ချိန်းဖွံ့ဖြိုးတိုးတက်မည်ကို တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီးက ပြောကြားသည်။ ငွေမည်းများသည် နေရာတကာတွင် ဝင်ရောက်နေပြီး ထပ်မံဝင်ရောက်လာနိုင်သဖြင့် ရန်ကုန်စတော့အိတ်ချိန်းတစ်ခုတည်းကို ဦးတည်ပြောခြင်းအတွက် ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ငွေမည်းများ ငွေဖြူဖြစ်အောင်လုပ်မည့်ဈေးကွက်ဟု ပြောဆိုနေခြင်းသည် ရန်ကုန်စတော့အိတ်ချိန်းဖွံ့ဖြိုးတိုးတက်မည်ကို တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီးက ပြောကြားသည်။
    
ငွေမည်းများသည် နေရာတကာတွင် ဝင်ရောက်နေပြီး ထပ်မံဝင်ရောက်လာနိုင်သဖြင့် ရန်ကုန်စတော့အိတ်ချိန်းတစ်ခုတည်းကို ဦးတည်ပြောခြင်းအတွက် ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
    
‘‘စတော့အိတ်ချိန်းကို ငွေမည်းဝင်နိုင်တယ်၊ မဝင်နိုင်ဘူးမပြောဘူး။ ဘယ်နေရာမဆို ဝင်နိုင်တယ်။ ဒါကို စတော့အိတ်ချိန်း တစ်ခုတည်းကို ဦးတည်ပြောနေတာ။ စတော့အိတ်ချိန်း ဖွံ့ဖြိုးမှာကို တိုက်ခိုက်တာပဲ’’ ဟု ၎င်းက ဆက်လက်ပြောသည်။

စတော့အိတ်ချိန်းတွင် သာမန် ဝင်ရောက်ရင်းနှီးမြှုပ်နှံပါက ငွေကြေးပမာဏနှင့် ငွေမည်းမှ ၀င် ရောက်ရင်းနှီးမြှုပ်နှံသည့် ပမာဏကွာခြားနိုင်ကြောင်းနှင့် သာမန်ရင်းနှီးမြှုပ်နှံမှုထက် ထူးခြားပါက ပြည်ထဲရေးဝန်ကြီးဌာနရှိ ငွေရေးကြေးရေး
 ဆိုင်ရာဌာနသို့ အကြောင်းကြားစစ်ဆေးရကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
    
ထို့အပြင်လက်ရှိအချိန်တွင် ငွေကြေးခ၀ါချမှုဥပဒေထွက်ပေါ်လာခြင်းကြောင့် ငွေမည်းမှ ငွေဖြူသို့ ခ၀ါချခြင်းကိုကာကွယ်နိုင်မည်ဟု ၎င်းကဆိုသည်။
    
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အများပိုင် ကုမ္ပဏီခြောက်ခုစာရင်းသွင်းကာရှယ်ယာ များရောင်းချရန်စီစဉ်နေခြင်းဖြစ် သည်။
    
စတော့အိတ်ချိန်းဈေးကွက်အတွက် ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း၊စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ် ၃၁ ဘီလီယံ(ဒေါ်လာ ၂၄သန်းကျော်)ရှိသည်ဟု ဆိုသည်။
    
လက်ရှိ ပြည်တွင်း၌ စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ရည်ရွယ်ပြီး  ဖွဲ့စည်းတည်ထောင်ထားသည့် အများပိုင်ကုမ္ပဏီ ၂၅၀ ကျော်ရှိကာ အဆိုပါကုမ္ပဏီများအားလုံးကို စတော့အိတ်ချိန်းသို့ ၀င်ရောက်ခွင့်ပြုမည် မဟုတ်ဘဲ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က သတ်မှတ်ထားသည့် စံနှုန်းများပြည့်မီမှသာ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

======================
251 / End