အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မက္ကဆီကိုနိုင်ငံ မော်ရီလော့စ်ပြည်နယ် တမ်မစ်စကိုမြို့၏ မြို့တော်ဝန် ဂီဇယ်လာမိုတာသည် တာဝန်ထမ်းဆောင် သည့် ဒုတိယနေ့တွင် လုပ်ကြံ သတ်ဖြတ်ခံရသည်ဟု ရဲတပ်ဖွဲ့ က ဇန်န၀ါရီ ၂ ရက်၌ ပြောသည်။
အသက် (၃၃) နှစ်အရွယ် မစ္စစ် ဂီဇယ်လာမိုဟာသည် ဇန်န ၀ါရီ ၁ ရက်တွင် တမ်မစ်စကိုမြို့တော်ဝန်အဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး နောက်တစ်နေ့၌ ယင်းမြို့ရှိ ၎င်းနေထိုင်ရာ နေအိမ်သို့ သေနတ်သမားလေးဦး ရောက်ရှိလာပြီး ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ရဲတပ်ဖွဲ့သည် သေနတ်သမား နှစ်ဦးကို အသေပစ်သတ်ခဲ့ပြီး ကျန်နှစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။
မြို့တော်ဝန်အသစ်ကို သတ်ဖြတ်ရသည့် ရည်ရွယ်ချက်မှာမူ မရှင်းလင်းသေးပေ။
တမ်မစ်စကိုမြို့သည် ရာဇ၀တ်ဂိုဏ်းများနှင့် မူးယစ်ဆေးမှောင်ခိုကူးမှုများ ထူပြောရာ မြို့တစ်မြို့ဖြစ်ပြီး သတ်ဖြတ်ခံရသော မြို့တော်ဝန်က ယင်းပြဿနာများကို ရှင်းလင်းသွားမည်ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။
မော်ရီလော့စ်ပြည်နယ် သည် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော အကြမ်းဖက်မှုများ အများဆုံးဖြစ်ပွားရာ ပြည်နယ်တစ်ခုဖြစ်သည်။
ပြီးခဲ့သည့်နှစ်က မူးယစ်ဆေးဝါးမှောင်ခိုကူးသူများ လက်ချက် ဖြင့် ယင်းပြည်နယ်မှ မြို့တော်ဝန်အချို့ သေဆုံးခဲ့သည်။
မက္ကဆီကိုနိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော ၁၀ နှစ်တာ အကြမ်းဖက်မှုများအတွင်း အသတ်ခံရသူ(သို့မဟုတ်) ပျောက်ဆုံးသူ တစ်သိန်းကျော်ရှိခဲ့သည်။
—Ref:AFP
===========================
251/ End