အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံတွင် သေဒဏ် ချမှတ်ခံရသော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ မိခင်နှစ်ဦးအား ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌဦး ဇော်ဇော်က တစ်ဦးလျှင်ကျပ်သိန်း ငါးဆယ်စီ ထောက်ပံ့မှုပေးခဲ့ ကြောင်း သတင်းရရှိသည်။
ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့၏ မိခင်နှစ်ဦးသည် ဇန်န၀ါရီ ၃ ရက်က ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ဦးဇော်ဇော်က ခေါ်ယူတွေ့ဆုံကာ ၎င်းတို့ အခက်အခဲများကိုမေးမြန်း၍ လိုအပ်သည့်အကူအညီများ ပေးအပ်ခဲ့သည်ဟု ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘အဓိကကတော့ သူတို့သား သမီးတွေအတွက် ပူဆွေးနေတဲ့ အချိန်မှာ ဘ၀ရပ်တည်ရေးအ ခက်အခဲတွေပြေလျှော့စေဖို့အ တွက် တစ်ဖက်တစ်လမ်းက ကူညီ ပေးတာပါ။ နောက်လည်း ထောင် ၀င်စာသွားတွေ့တဲ့အခါ ကုန်ကျ မှုအတွက် ကူညီပေးသွားဖို့လည်း ရှိပါတယ်’’ဟု ၎င်းကပြောသည်။
၎င်းတို့အားတစ်ဦးလျှင်ကျပ် သိန်းငါးဆယ်စီထောက်ပံ့ပေးခဲ့ သည့်အပြင် ၀င်းဇော်ထွန်း၏ မိခင် လည်ပင်းခွဲစိတ်ရန် ကုန်ကျစရိတ် ကိုလည်း ဦးဇော်ဇော်ကတာဝန် ယူပေးခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့မှုကို ဦး ဇော်ဇော်ထူထောင်ထားသည့် ဧ ရာဝတီဖောင်ဒေးရှင်းက စိုက် ထုတ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလကုန်ပိုင်းက တည်းကပင် မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူများနှင့် တွေ့ဆုံကာ ယင်းအမှုအခင်းအတွက်လိုအပ်သည့် ကူညီ ဖြစ်လုပ်ကိုင်ခဲ့ဖူးတော့ ရွှေ့ပြောင်း အလုပ်သမားတွေ ဒုက္ခကို ကိုယ် ချင်းစာတဲ့အနေနဲ့ ကူညီမှုပေးတာ ပါ။ ရွှေ့ပြောင်းအလုပ်သမားတွေ နဲ့ ပတ်သက်လို့ ရန်ပုံငွေတစ်ရပ် လည်းထောင်ထားပေးတယ်။ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ အခုလို အရေးကိစ္စမှာ တက်တက်ကြွကြွ ပါဝင်ကူညီမှုလုပ်လာတာ ကျွန် တော်တို့အတွက် အားဖြစ်ပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးထူးချစ်ကပြောသည်။
==========================
251/End