အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
တိုင်းရင်းသားများ၏ ရ ပိုင်ခွင့်ကို အာမခံသော နိုင်ငံရေး စနစ်အပေါ် အခြေခံ၍ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရ မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်န၀ါရီ ၁၀ ရက်တွင် ကျ ရောက်သည့် (၇၈)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အတွက် ရည်ရွယ်ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး သ၀ဏ်လွှာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားသည်။
‘‘တိုင်းရင်းသားတို့ရဲ့ ရပိုင် ခွင့်ကို အာမခံမယ့် နိုင်ငံရေးစနစ် အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးကို ကျွန်မတို့တည်ဆောက်ရပါမယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အ တွက် အဓိကလိုအပ်ချက်ကတော့ ကျွန်မတို့အားလုံးစည်းလုံး ညီ ညွတ်မှုရှိကြဖို့ပါပဲ’’ဟု ဒေါ်အောင် ဆန်းစုကြည်က သ၀ဏ်လွှာမှတစ် ဆင့် ၎င်းလုပ်ဆောင်မည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ဒီအချက်က အန်တီပြော တာမှန်ပါတယ်။ တကယ်ငြိမ်း ချမ်းရေးကိုလိုချင်ရင် တိုင်းရင်း သားတွေရဲ့ ရပိုင်ခွင့်ကို အာမခံရ ပါမယ်။ ကျွန်တော် NLD က မ ဟုတ်ပါဘူး။ ဒါပေမဲ့ NLD ရဲ့ သဘောထားမှာလည်း ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လိုတည် ဆောက်ရမလဲဆိုတာ ပါပါတယ်’’ ဟု ၈၈ (ငြိမ်း/ပွင့်)မှ ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသားရေးရာတာဝန်ခံ ကိုမြအေးက ပြောသည်။
လက်ရှိ မိမိတို့ ပြည်ထောင်စု တွင် ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာမြောက်မြားစွာရှိသည့်အ နက် အရေးကြီးသော ပြဿနာ တစ်ရပ်သည် ငြိမ်းချမ်းရေးပင်ဖြစ် ပြီး ကရင်ပြည်သူများအပါအ၀င် ပြည်ထောင်စုသားအားလုံးသည် မငြိမ်းချမ်းမှု၏ အကျိုးဆက်ကို မည်သည့်အတိုင်းအတာအထိ ခံစားခဲ့ရသည်ဆိုခြင်းကို အားလုံး အသိပင်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
‘‘အခုလို အဟောင်းကုန်လို့ အသစ်ကို ပြောင်းတဲ့ကာလမှပဲ ကျွန်မတို့မထိတွေ့ရသေးတဲ့ နိုင်ငံ ရေးအခြေအနေသစ်တစ်ခုကို ထိ တွေ့ကြရပါတော့မယ်။ ဒီအခြေ အနေသစ်မှာ ကျွန်မတို့ အားလုံး ပြင်ဆင်ထားကြရမှာက အခြေအ နေသစ်နဲ့ လိုက်လျောညီထွေရှိ မယ့် ကျွန်မတို့ရဲ့ နိုင်ငံရေးအမြင် ပါပဲ။ လိုက်လျောညီထွေရှိတဲ့နိုင်ငံ ရေးအမြင်ကသာလျှင် ကျွန်မတို့ ပြည်ထောင်စုရဲ့အရေးတွေကို ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေး ထိုးထားခြင်းမရှိသော KIA၊ UWSA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ က လာမည့် အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန် ပြင်ဆင်ထားကြောင်း ပြောကြားကြသည်။
‘‘ဒီနေ့ ကျွန်မတို့ ပြည်ထောင် စုကြီးမှာ ကောက်သစ်တွေ ပေါ်စ ပြုနေပါပြီ။ ဒီကောက်သစ်တွေ ဟာ တစ်ချိန်က ကျွန်မတို့ကောက် ပင်တွေ စိုက်ပျိုးခဲ့ကြခြင်းရဲ့ အ ကျိုးဆက်ပါပဲ။ ဒီကောက်ပင်တွေ ကို ပြည်ထောင်စုအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတိုင်းက စိုက် ပျိုးခဲ့ကြတာပါ။ အဲဒီကရတဲ့ ကောက်သစ်တွေကိုလည်း တိုင်း ရင်းသားလူမျိုးတိုင်းက မျှဝေ ခံစားကြရပါမယ်။ ဒီနေ့ဒီအချိန်မှ ရိတ်သိမ်းခဲ့တဲ့ ကောက်သစ်တွေ ကို ကျွန်မတို့ အတူစားသောက် ကြရင်း ကျွန်မတို့ရဲ့ ညီညွတ်မှု၊ စည်းလုံးမှုကို ပြသကြပါစို့။ ကောက်သစ်စားရင်း ကျွန်မတို့ ပြည်ထောင်စုကြီးရဲ့ ထာဝရငြိမ်း ချမ်းမှုကို အတူတကွ ရှာဖွေကြပါ စို့’’ဟု ကရင်နှစ်သစ်ကူးပွဲ၏ ကောက်သစ်စားပွဲ အလေ့အထ ကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစု ကြည်က သ၀ဏ်လွှာတွင် ထည့် သွင်း ပြောကြားခဲ့သည်။
ဘားအံမြို့တွင်ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော်သို့ သမ္မတဦးသိန်းစိန်တက်ရောက်ခဲ့သည်
============================
251/End