အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ကိုလိုနီ အစ္စရေးဝန်ကြီးချုပ် နာသန်ရာဟုက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို အကြမ်းဖက်အားပေးသူလို့ ဇန်န၀ါရီ ၂၆ ရက်နေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။
လူဆိုတာ ဖိနှိပ်ခံရရင် တုံ့ပြန်တတ်တာ သဘာဝပဲလို့ အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ရည်ညွှန်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘန်ကီမွန်းက ပြောဆိုခဲ့တဲ့အပေါ်
ကိုလိုနီ ၊ ဇီယွန် ဝါဒီ အစ္စရေး ဝန်ကြီးချုပ် နာသန်ရာဟုက အခုလို စွပ်စွဲပြောဆိုလိုက်တာပါ။
အဖိနှိပ်ခံ ပါလက်စတိုင်းတွေက အစ္စရေးတွေကို လိုက်ပြီး ဓားနဲ့ထိုးနေတဲ့ ကိစ္စတွေကိုလည်း ဘန်ကီမွန်းက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ကိုလိုနီ အစ္စရေးနှင့် ကျူးကျော် ခံ ပါလက်စတိုင်း ပဋိပက္ခ ဟာ နှစ် ၅၀ ကျော် နေပြီး ဖြစ်ပါတယ်။
အကြမ်းဖက်မှုအတွက် အကြောင်းပြချက် မရှိဘူးလို့
အစ္စလာမ် အမည်ခံ စစ်သွေးကြွ တွေကို နောက်ကွယ် မှ တကဲ့ အားပေးအားမြှောက် နာသန်ရာဟုက ပြောဆိုပါခဲ့တယ်။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အခုလိုစကားမျိုးကို ပွင့်ပွင့်လင်းလင်းပြောဖို့ အရင်ကတော့ အတော်သတိထားခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ အတွင်းရေးမှူးချုပ်သက်တမ်း ပြီးဆုံးခါနီး အခုလို အမှန်တရားတွေ ကို တည့်တည့်ပြောဆိုတာတွေ ပိုလုပ်လာနိုင်တယ်လို့ လေ့လာသူများ သိနိုင်ပါတယ်။
ပစ်သတ်ခံရတဲ့ ပါလက်စတိုင်း အများစုဟာ လက်နက်မဲ့မှုကြောင့် ကိုလိုနီ အစ္စရေးလုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့ပြီး သေဆုံးကြတာ က ပိုမိုပြီးများနေပါတယ်။
================================
251/End