အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အလ်အာရေဘီယာ သတင်းဌာန ၏ သတင်း အထောက်အထား အရ ဆော်ဒီ အာရေဗျား ၏ ကာကွယ်ရေးဝန်ကြီး ၏ အကြံပေး ဗိုလ်မှူးချုပ် အဲဟ်မဒ် အစီးရီး အနေဖြင့်
မိမိတို့အနေဖြင့် အမေရိကန် (ရှိုင်တွာန် အကြီးစား ) ၏ ဦးဆောင်မှု အောက်တွင် ဖွဲ့စည်းထားသည့် မဟာမိတ် တပ် နှင့် ပူးပေါင်းပြီး ဆီးရီးယား နိုင်ငံ အတွင်း မည်သည့်
နေရာကိုမဆို ကြည်းတပ် အရဝင်ရောက် စွပ် ဖက် ဖို့ အသင့် အနေအထား တွင် ရှိနေကြောင်း ကြေငြာခဲ့ပါတယ်။
ဆော်ဒီ ဗိုလ်မှူးချုပ် အဲဟ်မဒ် အစီးရီး အနေဖြင့် ယီမင် နိုင်ငံ အား တိုက်ခိုက်မှု ဆက်လက်ပြု လုပ်နေမည် ဖြစ်ကြောင်း ၊ ဆော်ဒီ မဟာမိတ်တပ်ဖွဲ့များ အနေဖြင့် ယီမင် နိုင်ငံ
စနအါအ် မြို့ အနီး သို့ရောက်နေပြီး ဖြစ်ကြောင်း၊ သို့သော် စနအါအ် မြို့ အတွင်းရောက်ဖို့ အခက်အခဲကြီး ကြောင်း ၊ အကြောင်းမှာ ယီမင် စစ်တပ်နှင့် ယီမင်လူမျိုးစုများ
တပ်မှ မြို့သို့ မဝင်ရောက်နိုင်အောင် ဝင်ရောက်နိုင်သည့် လမ်းများ ကို တားဆီး ထားကြောင်း ပြောကြားခဲ့ပါတယ်။
အာရပ် သတင်းဌာနများ၏ သတင်းအထောက်အထား အရ ဆော်ဒီ အာရေဗျား ဒေသတစ်လျှောက် မတည်ငြိမ် မဥကို ဖန်တီးနေပြီး ၊ အိမ်နီးနားချင်း နိုင်ငံများတွင်
မိမိတို့ လူယုံများ အာဏာရဖို့ ကြိုးစား ပြီး ဝင်ရောက် စွပ်ဖက်နေပါတယ်။
ဆော်ဒီ အာရပ်အနေဖြင့် မိမိတို့ နိုင်ငံတွင် အဖိနှိပ်ခံ နေမှု အပေါ် ၊တရားမျှတမှုမရှိသည့် အပေါ် စောဒကတက် တောင်းဆိုခံသည့် ဆော်ဒီ ရှီအာ ခေါင်းဆောင်
ရှိက်္ခနေမေရ် ကို ခေါင်းဖြတ် ကွပ်မျက်သည့် ကိစ္စ နှင့်ပတ်သက်ပြီး အီရန် မှ ဝင်ရောက် ရှုတ်ချမှုပြုချိန် အီရန်သည် မိမိ နိုင်ငံမဟုတ်သည့် ကိစ္စ ကို ဝင်ရောက်နေသည့်
ဟု စွပ်စွဲ ကြေငြာခဲ့ပြီး မိမိကိုယ်တိုင်မိမိစကား နှင့်မညီဘဲ ယီမင် ၊အီရတ် ၊ ဆီးရီးယား နိုင်ငံ ကိစ္စ များတွင် ဝင်ရောက် စွပ်ဖက်နေကြောင်း အသိဥာဏ် ရှိသူ တိုင်း
အသိပင် ဖြစ်ပါတယ်။
=================
251/End