အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဒေါ်အောင်ဆန်းစုကြည်က ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် သံဃာတော်များအား နေအိမ်သို့ပင့်ဖိတ်၍ နေ့ဆွမ်း၊ သင်္ကန်းနှင့် ရဟန်းတော်သုံးပစ္စည်းများ လှူဒါန်းစဉ် (ဓာတ်ပုံ − NLD Chairperson)
အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ (၁၀၁) နှစ်မြောက်မွေးနေ့အ မှတ်တရစကားအဖြစ် မြန်မာလူ ငယ်များကို ဗိုလ်ချုပ်ကဲ့သို့ဖြစ်စေ လိုကြောင်း ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားခဲ့သည်။
‘‘ဖေဖေ့မွေးနေ့ကလည်း က လေးများနေ့ဆိုတော့ အဲဒီတော့ ကိုရင်လေးတွေကို ဆွမ်းကပ်တာ ပါ။ အင်မတန်မှ ကြည်နူးစရာ ကောင်းပါတယ်။ ခပ်တိုတိုပြောရ မယ်ဆိုရင် မြန်မာပြည်ကလူငယ် တွေဖေဖေ့လို ဖြစ်စေချင်တယ် ပေါ့’’ဟု ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများအား ပြောကြား သည်။
ဖခင်ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က နေ ပြည်တော်ရှိ နှင်းဆီစံအိမ်၌ ဆရာတော်ကြီး တစ်ပါးနှင့် ရှင် သာမဏေ ၁၃ ပါးတို့အား နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
နေပြည်တော်ရှိ ဥတ္တရသီရိ မြို့ နေအိမ်၌ ပင့်ဖိတ်ထားသော ဥတ္တရသီရိမြို့နယ် သစ်ဝင်တိုင် သီရိမင်္ဂလာကျောင်းတိုက် ဆရာ တော်ကြီးအမှူးပြု၍ သာမဏေ တစ်ပါး၊ ဒက္ခိဏသီရိမြို့နယ်ရန် အောင်မြင်ရွာ၊ အုန်းတောကျောင်းတိုက်မှ သာမဏေတစ် ပါး၊ ထန်းတောကျောင်းတိုက်မှ သာမဏေတစ်ပါး၊ တပ်ကုန်းမြို့ နယ်ငွေတောင်တောရ ကျောင်းတိုက်မှ သာမဏေနှစ်ပါး၊ ဇေယျာသီရိမြို့နယ် သီရိရတနာဒုံတောကျောင်းတိုက်မှ သာမဏေနှစ်ပါး၊ ဇဗ္ဗူသီရိမြို့နယ် လက်ပံခါးကျောင်းတိုက်မှ သာမဏေနှစ်ပါး၊ လယ်ဝေးမြို့နယ် ပြည်တော်အေးကျောင်းတိုက်မှ သာမဏေနှစ်ပါး၊ ပုဗ္ဗသီရိမြို့နယ် တောင်နီလေး ကျောင်းတိုက်မှ သာမဏေနှစ်ပါးတို့အား နေ့ဆွမ်း၊ သင်္ကန်းနှင့် ရဟန်းတော်သုံးပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တရားတော်နာယူခဲ့ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက် (စနေနေ့)တွင် မကွေးတိုင်း နတ်မောက်မြို့၌ ဖခင်ဦးဖာနှင့် မိခင်ဒေါ်စုတို့က ဖွားမြင်ခဲ့သည်။
=========================
251/End