အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
သတင်းဌာန များ၏ အထောက်အထား အရ ကိုလိုနီ အစ္စရေး အစိုးရ ၏ သူလျှို ဌာန (မူစာဒ် )၏ အထွေထွေ ညွှန်ကြားနေမှူးချုပ် ရာမ်ဗာရာက် မှ ဆီးရီးယား ပြဿနာ ကိုရှင်းရမည့်နည်းမှာ ဆီးရီးယား နိုင်ငံ အတွင်း ဂိုဏ်းဂဏ ပြဿနာ ဖြစ်ပေါ် အောင် ပြုခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
၎င်းအနေဖြင့် ကိုလိုနီ အစ္စရေး မီဒီယာ နှင့်အမေး အဖြေကဏ္ဍတွင် ဆီးရီးယား နိုင်ငံ ၏ ဒေသ အသီးသီးတွင် အုပ်စု အသီးသီး မှနေရာယူထားပါတယ်။ ဒါကြောင့် ဒီအချက်ကို အဓိက အခြေခံပြီး ဆီးရီးယား နိုင်ငံ အတွင်း ဂိုဏ်းဂဏ ခွဲပေးဖို့ အရေးကြီး ကြောင်း ပြောကြားခဲ့ပါတယ်။
ကိုလိုနီ အစ္စရေး အစိုးရ ၏ ကာကွယ်ရေး ဝန်ကြီး မူရှေယလ်အူးန် မှ ဥရောပ ကာကွယ်ရေးဝန်ကြီးများ နှင့် ဂျော်ဒန်ဘုရင် မလစ်အဗ်ဒွလ္လာဟ် နှင့်တွေ့ဆုံ စကား ဆိုချိန် ဆီးရီးယား နိုင်ငံ ကို အစိတ်စိတ် ဝေစုတွင် ခွဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အထွေထွေ ညွှန်ကြားနေမှူးချုပ် ရာမ်ဗာရာက် မှဆက်လက်ပြီး ဆီးရီးယား နိုင်ငံ တွင် အားသာပြီး လက်အောက်တွင် ထားနိုင်သည့်အဖွဲ့ ကိုသာ ၎င်းဒေသအတွက် အစိုးရ ဖွဲ့ပေး ဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။
မှတ်သားစရာ အချက်မှာ အစ္စရေး ကိုလိုနီ အစိုးရ နှင့် ဆော်ဒီအစိုးရ တို့ အနေဖြင့် တူရကီ နိုင်ငံ ကဲ့သို့ ဆီးရီးယား နိုင်ငံ တွင် အဓိကလှုပ်ရှား အကြမ်းဖက် နေသည့် အဖွဲ့ များကို ကူညီ ထောက်ပံ့သည့် အစိုးရများ ဖြစ်ပါတယ်။
သူတစ်ပါးနယ်မြေများ ကိုမတရားကျူးကျော် နေသည့်ကိုလိုနီ အစ္စရေး အစိုးရ မှ ဆီးရီးယား နိုင်ငံ ၏ နယ်စပ်အနီး တွင် ဆေးရုံ တစ်ရုံ ကို ဆောက်လုပ်ထားပါတယ်။ ၎င်း ဆေးရုံးတွင် ဆီးရီးယား အစိုးရ ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အကြမ်း ဖက်သများ ကို ကုသ ပေးနေကြောင်း သိရှိ ရပါတယ်။