၁၇ ဖေဖော်ဝါရီ ၂၀၁၆ - ၂၀:၂၀
 ဝဟာဘီ ဘုရင် ဆော်ဒီ ကြောင့် ယီမင်ပြည်သူ သန်း ၂၀ ကျော်မှာ အရေးပေါ်အကူအညီများ လိုအပ်နေ

ယီမင်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ကျရောက်နေပြီး ယီမင်ပြည်သူ ၂၁ သန်းကျော်မှာ အကူအညီတစ်ခုမဟုတ်တစ်ခု လိုအပ်နေသည်ဟု ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ စတီဖင် အို ဘရိုင်ယန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ယီမင်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ကျရောက်နေပြီး ယီမင်ပြည်သူ ၂၁ သန်းကျော်မှာ အကူအညီတစ်ခုမဟုတ်တစ်ခု လိုအပ်နေသည်ဟု ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ စတီဖင် အို ဘရိုင်ယန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

ဝဟာဘီ ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များကြောင့် ကုလ၏ အကူအညီပေးရေးသင်္ဘော ပြန်လှည့်ရခြင်း အပါအ၀င် အကူအညီပေးရေး ကြိုးပမ်းမှုများကို ကန့်သတ်မှုများ တိုးမြင့်လာခြင်းမှာလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဘရိုင်ယန်က ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် မတ်လက ဝဟာဘီ ဆော်ဒီနှင့် ၎င်းမွေးထားသည့်  မဟာမိတ်အဖွဲ့များဟာ ၎င်းတို့ ၏လူယုံကို သမ္မတ ရာထူးမှ နှုတ်ထွက်ပြီး

ပြည်ပြေးရသည့် ဘဝကို ရောက်အောင် ပြုခဲ့သည့် ဟူသီ   မျိုးချစ်  ဇိုင်ဒီ ရှီအာအဖွဲ့  ကို မညာ မတာ လေကြောင်းမှ စတင်တိုက်ခိုက်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ထက်ဝက်ခန့်မှာ အရပ်သားများဖြစ်သည်။ သေဆုံးသူများတွင် ကလေးငယ် ၇၀၀ ကျော် ပါဝင်ခဲ့ပြီး ကလေး ၁၀၀၀ ခန့်မှာ ဒဏ်ရာရရှိခဲ့သည်ဟု ကုလ၏ မှတ်တမ်များအရ သိရသည်။

ယီမင်ပြည်သူ ၇.၆ သန်းမှာ အစားအစာမလုံလောက်မှုကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပြီး၊ ၃.၄ သန်းမှာ ကျောင်းမနေရကြောင်းကိုလည်း သိခဲ့ရပါတယ်။

ဟူသီ   မျိုးချစ်  ဇိုင်ဒီ ရှီအာအဖွဲ့  ကို မိမိ မယှဉ်နိုင်သည့် နှင့် မဆီမဆိုင်ပြည်သူများ ၊သက်ကြီးရွယ်အိုများ ၊ကလေးငယ်များနှင့် အမျိုး သမီးများ ကို တိုက်ခိုက်သတ်ဖြတ်နေသည့်

ဝဟာဘီ ဆော်ဒီနှင့် မဟာမိတ်တွေဟာ ကိုယ်တော်မြတ် ကြီး (ဆွ)၏

စွန္နသ်တော်ကို လက်တွေ့ကျင့်နေသည်ဆိုသည်မှာ ညာသံ သာ ဖြစ်ကြောင်း ပေါ်လွင်နေပြီး ဖြစ်ပါတယ်။

===================

251/End