အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
စီမံခန့်ခွဲမှု ညံ့ဖျင်းမှုသည် မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု၏ အဓိကအကြောင်းရင်း တစ်ခုဖြစ်နေကြောင်း အစီရင်ခံစာက ထောက်ပြသည်။ (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)
၂၀၁၅ အာရှအဆင်းရဲ ဆုံးနိုင်ငံများစာရင်းတွင် မြန်မာ က ဒုတိယအဆင်းရဲဆုံးနေရာ၌ ရှိကြောင်း အာရှနိုင်ငံများ၏ကဏ္ဍ အသီးသီးအဆင့်များကို ဆန်းစစ် အစီရင်ခံသည့် Asian Ranking က ဖော်ပြသည်။
GDP အပေါ် အခြေခံတွက် ချက်သည့် Asian Ranking စာ ရင်းတွင် အာရှ၌ အဆင်းရဲဆုံး နိုင်ငံသည် အာဖဂန်နစ္စတန်ဖြစ်ပြီး မြန်မာက ဒုတိယအဆင်းရဲဆုံးဖြစ် သည်။ မြန်မာ၏ တစ်ဦးချင်း ကုန် ထုတ်လုပ်မှုသည် တစ်နှစ်လျှင် ၁,၇၁၁ ကန်ဒေါ်လာသာရှိသည်။
စီးပွားရေး စီမံခန့်ခွဲမှုညံ့ဖျင်းမှား ယွင်းမှုက မြန်မာနိုင်ငံ ဆင်းရဲနွမ်း ပါးရခြင်း အဓိကအကြောင်းရင်း များအနက် တစ်ခုဖြစ်သည်ဟု အစီရင်ခံစာက ထောက်ပြသည်။
မြန်မာနိုင်ငံ၏ သုံးပုံတစ်ပုံ ခန့်မျှသာ နိုင်ငံအကျယ်အ၀န်းရှိ ပြီး မြန်မာထက် လူဦးရေသုံးဆ ခန့် ပိုမိုများပြားထူထပ်သော ဘင်္ဂ လားဒေ့ရှ်၏ တစ်ဦးချင်းကုန်ထုတ် လုပ်မှုမှာ ကန် ၂,၀၈၃ ဒေါ်လာရှိ ၍ အာရှတတိယအဆင်းရဲဆုံး နိုင်ငံဟု သတ်မှတ်ထားသည်။လာအိုမှာ ကန်ဒေါ်လာ ၃,၁၀၀ ရှိပြီး အာရှ၏ ကိုးနိုင်ငံမြောက်အဆင်းရဲဆုံးနိုင်ငံဟုဖော်ပြထားသည်။
အင်ဒိုနီးရှား၏ တစ်ဦးချင်း ကုန်ထုတ်လုပ်မှုမှာ ကန် ၅,၂၁၄ ဒေါ်လာရှိပြီး မြန်မာထက် ၃,၅၀၃ဒေါ်လာ ပိုမိုများပြားကြောင်းတွေ့ ရသည်။
ထို့အပြင် ကမ္ဘာတစ်ဝန်း စီး ပွားရေးအစီရင်ခံစာများ၊GDPနှင့် ကုန်သွယ်ရေးစာရင်းအင်းများ၊ ကမ္ဘာ့ဘဏ္ဍာရေးသတင်းများပြုစု ထောက်ပံ့ပေးနေသည့် Global Finance Magazine ၏ ၂၀၁၆ ဖေဖော်ဝါရီ ၂၄ ရက် အစီရင်ခံမှု အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံ စာရင်းတွင် စင်ထရယ်အာဖရိ ကန်ရီပက်ဘလစ်က အဆင်းရဲ ဆုံးနံပါတ်(၁)ချိတ်ပြီး ကွန်ဂို၊ မာ လာဝီတို့က တန်းစီလိုက်နေသည်။
မြန်မာကမူ ကမ္ဘာ့အဆင်းရဲဆုံး အဆင့် (၅၅) ဖြစ်ပြီးမြန်မာထက် ဆင်းရဲသောနိုင်ငံဆို၍ ၅၄နိုင်ငံ သာရှိသည်ဟု စာထုတ်ပြန်သည်။
ကမ္ဘာ့တိုက်ကြီးများအနက် အကြီးဆုံးနှင့် လူဦးရေအထူထပ် ဆုံးတိုက်ဖြစ်သည့် အာရှတိုက် တွင် တည်ရှိသော ကာတာနိုင်ငံ သည် ကမ္ဘာ့အချမ်းသာဆုံးနံပါတ် (၁)နိုင်ငံဖြစ်သော်လည်း ကျန် အာရှနိုင်ငံအများအပြားမှာ ဆင်း ရဲသောနိုင်ငံများဖြစ်နေကြသည်။
Global Finance ၏ အဆင့် သတ်မှတ်ချက်များအရ နိုင်ငံတစ် နိုင်ငံ၏ GPD (PPP) အပေါ် အ ခြေခံ တွက်ချက်သတ်မှတ်ထား ခြင်းဖြစ်ပြီး နိုင်ငံများအကြား လူ နေမှုအဆင့်၊ နေထိုင်ကုန်ကျစ ရိတ်တို့တွင် ယေဘုယျကွာခြား ချက်များကို နှိုင်းယှဉ်ခြင်းမျိုးဖြစ် သည်။ ထို့အတူ တွက်ချက်သည့် နှစ်၏ ငွေလဲလှယ်နှုန်းများနှင့် PPP ချိန်ညှိမှုများကို ပြန်လှန်ချိန် ဆ၍ လက်ရှိနိုင်ငံတကာဒေါ်လာ များဖြင့် တန်ဖိုးဖော်ပြထားသည်။
‘‘PPP ဆိုရင် ပိုက်ဆံရဲ့ဝယ် လိုအားအနေနဲ့ ရှိတာကျတော့ ဒီ မှာ မြန်မာတွေအနေနဲ့ ကမ္ဘော ဒီးယားတို့၊ နီပေါတို့နိုင်ငံတွေနဲ့စာ ရင် ဈေးသိပ်မကြီးလို့ ၀ယ်နိုင်တာ မျိုးကို ထည့်တွက်တယ်။ ၀ယ် အား၊ တန်ဖိုးကိုပါတွက်တာပေါ့’’ ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါ်ရီရီမြင့် က ရှင်းပြသည်။
ကမ္ဘာပေါ်တွင် အချမ်းသာ ဆုံးနိုင်ငံများကိုတွက်ချက်ရာ၌ စနစ်နှစ်မျိုးရှိပြီး ပထမတစ်နည်း မှာ GDP အားဖြင့် တိုင်းထွာထား သည့် အကြီးဆုံးချမ်းသာကြွယ်ဝ မှုများကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်သည်။ သို့သော် အချမ်းသာ ဆုံးသည့်ဆိုအပေါ် အဓိပ္ပာယ်ဖွင့် ဆိုချက်တွင် များသောအားဖြင့် လက်ခံမှုအရှိဆုံး အဓိပ္ပာယ်ဖွင့်ဆို ချက်မှာ နိုင်ငံတစ်နိုင်ငံ၏ ပျမ်းမျှ သာမန်အိမ်ထောင်စုတစ်စုမည်မျှ ချမ်းသာသနည်းဆိုသည်ကို ဆုံး ဖြတ်ခြင်းပင်ဖြစ်သည်။ ထိုအ ချက်ကြောင့် အကောင်းဆုံးနည်း မှာ GDP အချက်အလက် လူတစ် ဦးချင်းဝင်ငွေကို အသုံးပြုရန်သာ ဖြစ်ကြောင်း သတ်မှတ်ကြသည်။
ထို့အပြင် Purchasing Power Parity (PPP) ကို အသုံး ပြုခြင်းမှာ နိုင်ငံများအကြားလူနေ မှုအဆင့် ယေဘုယျကွာခြားချက် များ နှိုင်းယှဉ်ရာတွင် ပို၍ အ သုံးဝင်လေ့ရှိသည်။
အဘယ် ကြောင့်ဆိုသော် ၀င်ငွေအမှန် ကွာခြားချက်များကို လွဲချော်တင် ပြစေနိုင်သည့်ငွေလဲလှယ်နှုန်းများ ကိုသာ အသုံးပြုခြင်းထက်စာ လျှင် PPP က နိုင်ငံများ၏ ငွေ ဖောင်းပွမှုနှုန်းများနှင့်နေထိုင်စ ရိတ်များကို ထည့်သွင်းစဉ်းစား သောကြောင့်ဖြစ်သည်။
ဤတိုင်း ထွာနည်းလမ်းမှာ နိုင်ငံများအ ကြားစီးပွားရေးအင်အားကို နှိုင်း ယှဉ်ရာတွင်လည်းကောင်း၊ တစ် ဦးချင်းဝင်ငွေကြွယ်ဝမှုကို လေ့ လာရာတွင်လည်းကောင်း၊ နိုင်ငံ များတစ်လျှောက် နေထိုင်မှုအခြေ အနေများ (သို့မဟုတ်)သယံဇာ တ အသုံးချမှုများကို နှိုင်းယှဉ်ရာ တွင်လည်းကောင်း စီးပွားရေး ပညာရှင်အများစု ပိုမိုဦးစားပေး နှစ်သက်သည့် နည်းလမ်းဟု ဆို သည်။
===================================
251/End