အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာကျော် အမေရိကန် မဂ္ဂဇင်းကြီး တိုင်းမ်၏ ၂၀၁၆ ကမ္ဘာ့ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ အမည်စာရင်းတင်သွင်းမှု တွင် ဒေါ်အောင်ဆန်းစုကြည်ပါ ၀င်နေပြီး နိုင်ငံတကာပရိသတ် များ၏ မဲပေးမှုအရ မတ်လ ၂၆ ရက်ညပိုင်းအထိ အဆင့် ၄ ၌ ရပ် တည်နေသည်။
မတ်လ ၂၆ ရက် ည ၁၀ နာရီအထိ မဲပေးမှုများအရ ဒေါ်အောင် ဆန်းစုကြည်သည် ပုဂ္ဂိုလ် ၁၂၅ ဦး ဇယား၏ အမှတ်စဉ် ၄ ၌ ရပ်တည်နေပြီး မဲ ၁ ဒသမ ၉ ရာခိုင် နှုန်းရရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်ရက်က အမှတ်စဉ် ၄၇၊ မဲရရှိမှု ၀ ဒသမ ၈ ရာခိုင်နှုန်းရရှိခဲ့ရာမှ တစ်ရက် အတွင်းအဆင့် ၄ တက်လာခြင်း ဖြစ်သည်။
၎င်းနှင့် မဲရာခိုင်နှုန်း တူနေသူများအနက် မာလာလာ ယူဆွတ်လည်း ပါဝင်နေသည်။စာရင်းထိပ်ဆုံး၌ အမေရိ ကန် နိုင်ငံရေး သမားဖြစ်သည့် ၂၀၁၆ အမေရိကန်သမ္မတ ရွေး ကောက်ပွဲ ဒီမိုကရက်တစ်ပါတီမှတင်သွင်းသည့် သမ္မတလောင်း ဘာနီဆန်းဒါးစ်က ၄.၈ ရာခိုင်နှုန်းဖြင့် ရပ်တည်နေသည်။
အိုဘားမားက ၂ ရာခိုင်နှုန်းဖြင့် ဒုတိယ၌ ရပ်တည်နေသည်။ မဲ ၂ ရာခိုင်နှုန်းဖြင့်ပင် Big Bang အဖွဲ့က အဆင့် ၃ ၌ ရပ်တည်နေသည်။
ရီပက်ဘလေကန်က တင်သွင်းသည့် အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့်၊ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီ၊ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီ၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတ စီကျင်းပင်၊ ဟီလာရီကလင်တန်တို့သည် ဒေါ်အောင်ဆန်းစုကြည်အောက်တွင် ရှိနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်အ ကြောင်းကို တိုင်းမ်က ဖော်ပြရာ တွင် ၎င်း၏ ပါတီရွေးကောက်ပွဲ အကြီးအကျယ် အနိုင်ရထား သည်။ သို့သော် ရိုဟင်ဂျာများအ ပေါ် နှိပ်စက်ညှဉ်းပန်းမှုနှင့်ပတ် သက်၍ နှုတ်ဆိတ်နေမှု ကြောင့် ၎င်းကို ဝေဖန်နေကြသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါဖော်ပြချက်အပေါ် တိုင်းမ်မဂ္ဂဇင်းကို မြန်မာပြည်သူအများစုက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ဝေဖန်နေကြသည်ကို တွေ့ရသည်။
အများပြည်သူအနေဖြင့် အ မည်စာရင်းတင်သွင်းခံထားရသူ များအနက် ကြိုက်နှစ်သက်သူကို ဧပြီ ၁၀ ရက်အထိ တိုင်းမ်မဂ္ဂဇင်း၏ အွန်လိုင်းစာမျက်နှာ၌ ဆန္ဒမဲပေး နိုင်ကြမည် ဖြစ်ပြီး ပရိသတ်များ က ရွေးချယ်သော သြဇာအလွှမ်း မိုးဆုံးဆုရှင်ကို ဧပြီ ၁၄ ရက်တွင် ကြေညာမည်ဖြစ်သည်။ ၂၀၁၆ ၏ တရားဝင်တိုင်းမ်ပုဂ္ဂိုလ် ၁၀၀ စာရင်းကို ဧပြီ ၂၁ ရက်၌ ကြေညာမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင်နှစ်များကလည်း တိုင်းမ်မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့သည်။
ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ်များတွင် ကမ္ဘာ့ခေါင်းဆောင်များ၊ သိပ္ပံနှင့် နည်းပညာနယ်ပယ်၌ ထူးချွန်သည့် စိတ်ကူးစိတ်သန်းများနှင့် ရှေ့ဆောင်တီထွင်သူများ၊ အနုပညာ နယ်ပယ်ရှိ ထင်ရှားသော ပုဂ္ဂိုလ်အကျော်အမော်များ၊ အလွန်အရေးကြီးသော ပုဂ္ဂိုလ်များ၊ စံနမူနာပြပုဂ္ဂိုလ်များစသည်ဖြင့် နယ်ပယ်စုံမှ ပါဝင်သည်။
=================================
251/ End