၅ ဧပြီ ၂၀၁၆ - ၁၆:၁၃

မြစ်ဆုံဆည် စီမံကိန်းအပါအ၀င် နှစ်နိုင်ငံစာချုပ်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တာ မရှိဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည် က ပြောကြား လိုက်ပါတယ်။ ဒီနေ့ ညနေ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မှာပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေဆိုခဲ့တာပါ။ ဒါ့အပြင် “မြစ်ဆုံ စီမံကိန်းစာချုပ်ကို ကျမတောင် မဖတ်ရသေးဘူး။ ပြည်သူလူထုကို ချပြဖို့ ခဲယဉ်းပါလိမ့်မယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


မြစ်ဆုံဆည် စီမံကိန်းအပါအ၀င် နှစ်နိုင်ငံစာချုပ်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တာ

မရှိဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ပါတယ်။

ဒီနေ့ ညနေ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေဆိုခဲ့တာပါ။

ဒါ့အပြင် “မြစ်ဆုံ စီမံကိန်းစာချုပ်ကို ကျမတောင် မဖတ်ရသေးဘူး။ ပြည်သူလူထုကို ချပြဖို့ ခဲယဉ်းပါလိမ့်မယ်”

လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်လာတာဟာ မြန်မာနိုင်ငံအစိုးရသစ်ကို ဂုဏ်ပြုဖို့ဖြစ်ပြီး နှစ်နိုင်ငံကြား

ရင်းနှီးမှုဆောက်တည်ဖို့ အလေးထားပြောခဲ့တာလို့ အခုလိုပြောပါတယ်။

“တိုတိုနဲ့ပြောရမယ်ဆိုရင် အခုဒီဝန်ကြီးက လာတယ်ဆိုတာ ကျမတို့အစိုးရအဖွဲ့သစ်ကိုဂုဏ်ပြုဖို့၊

ကျမတို့ရဲ့ နိုင်ငံ နှစ်နိုင်ငံကြားမှာ ရင်းနှီးမှု ဆောက်တည်ဖို့ ဒါကို
 အလေးထားပြီးတော့ ပြောခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါအတွက်လာတာပါ။

တခြားကိစ္စတွေကို အသေးစိတ်ဘာမှ မဆွေးနွေးခဲ့ ပါဘူး။”

======================
251 / End