၂၉ မေ ၂၀၁၆ - ၁၉:၂၅
ဒေါ်အောင်ဆန်းစုကြည် ဇွန် ၂၃ရက်တွင် ထိုင်းနိုင်ငံသို့ သွားမည်

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ် အောင်ဆန်းစုကြည်သည် လာ မည့် ဇွန်လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောကြားသည်။ အဆိုပါခရီးစဉ်အတွင်း သွား ရောက်မည့်နေရာများနှင့်အချိန် ဇယားကို နှစ်ဖက်ညှိနှိုင်းနေပြီး ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများကို ဦးဇော် ဌေးက ပြောကြားခဲ့ခြင်းမရှိပေ။ ထပ်မံရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်၏ထိုင်းခရီးစဉ်မှာ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာမည်ဖြစ်ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ် အောင်ဆန်းစုကြည်သည် လာ မည့် ဇွန်လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောကြားသည်။

အဆိုပါခရီးစဉ်အတွင်း သွား ရောက်မည့်နေရာများနှင့်အချိန် ဇယားကို နှစ်ဖက်ညှိနှိုင်းနေပြီး ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများကို ဦးဇော် ဌေးက ပြောကြားခဲ့ခြင်းမရှိပေ။

ထပ်မံရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်၏ထိုင်းခရီးစဉ်မှာ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာမည်ဖြစ်ကြောင်း သိရသည်။


 ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တာဝန်ကို ထမ်းဆောင်ပြီး နောက် ပထမဆုံးနိုင်ငံရပ်ခြားခရီး စဉ်အဖြစ် မေလ ၆ ရက်က သမ္မတဦးထင်ကျော်နှင့်အတူ လာအိုနိုင်ငံ သို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ထပ်မံသွားရောက်ရန် စီစဉ်နေ ခြင်းဖြစ်သည်။

မေလ ၉ ရက်က ဒေါ်အောင် ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန် ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာ၏ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် လက် ခံတွေ့ဆုံစဉ်   နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာ-ထိုင်းကဏ္ဍစုံတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု  ဖွံ့ဖြိုးတိုးတက်ရေး၊  အထူးသဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးနှင့်ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း  က တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မေ ၂၅ ရက်မှ ၂၇ ရက်အထိသုံးရက်ကြာချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ချစ်ကြည်ရေးခရီးစဉ် အတွင်း ထိုင်းဝန်ကြီးချုပ်အပါအ ဝင် ထိုင်းတပ်မတော်အကြီးအကဲ များနှင့် တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့သည်။


===============
251/End