အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငါးရက်ဆက်တိုက် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မောင်တောမြို့ပေါ် ရပ်ကွက်များရှိ လုံခြုံရေးကင်းစခန်းများမှာ လိုအပ်ပါက လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားကြရန် ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတိပေးထားကြောင်း သတင်းရရှိသည်။
"ခရိုင်ရဲမှူးနဲ့ မြို့နယ်မှူးတို့ ကွင်းဆင်းပြီးတော့ ကင်းစခန်းတွေကို စစ်ဆေးနေပါတယ်၊ ရေမြုပ်ဖို့ အခြေနေရှိတဲ့ကင်းစခန်းတွေ လိုအပ်ရင် ဘေးလွှတ်တဲ့နေရာတွေကို ပြောင်းရွှေ့ဖို့ သတိပေးထားပါတယ်" ဟု မောင်တောမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးက ပြောသည်။
ရေနစ်မြုပ်မှုကြောင့် ကင်းစခန်းများရှိ လက်နက်ခဲယမ်းများ မပျက်စီးရေးနှင့် လိုအပ်ပါက ဒေသခံများကို အကူညီပေးနိုင်ရန် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဆင့်သင့်ရှိနေရန် မှာကြားထားကြောင်း မြို့ဦးရွာရဲကင်းစခန်းမှ ရဲတပ်ကြပ်တစ်ဦးက ပြောသည်။
===================
251 / End