၁၁ ဇွန် ၂၀၁၆ - ၁၈:၂၀
ကမ္ဘာ့ လက်ဝှေ့အကျော်အမော် မိုဟာမက် အလီ၏ ဈာပနအခမ်းအနားကျင်းပ၊ နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများ တက်ရောက်

ဇွန် ၁၁ ။ ။ ကမ္ဘာ့လက်ဝှေ့လောကတွင် အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် လက်ဝှေ့ကျော် မိုဟာမက် အလီ၏ ဈာပန အခမ်းအနားကို ဇွန်လ ၁၀ ရက်က ၎င်း၏ မွေးရပ်မြေ Louisville တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံရေး၊ အားကစား နှင့် အနုပညာ စသည့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများအပါအ၀င် အလီ၏ မိသားစုဝင်များ၊ ပရိသတ်များက တက်ရောက်လာခဲ့ကြသည်။ အလီသည် ပါကင်ဆန်ရောဂါ ကာလကြာ ခံစားခဲ့ရပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် လက်ဝှေ့ကျော် အလီမှာ အသက် ၇၄ နှစ် ရှိပြီဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ နာမည်ကျော် ပုဂ္ဂိုလ်များ၊ လက်ဝှေ့ချစ် ပရိသတ်များနှင့် မိုဟာမက်အလီကို ချစ်ခင်အားပေးကြသူများက ဇွန်လ ၁၀ ရက်တွင် ၎င်း၏ ဇာတိမြေ Louisville တွင် စုဝေးရောက်ရှိခဲ့ကြပြီး ၎င်း၏ ဈာပနအခမ်းအနားကျင်းပသည့်အခမ်းအနားသို့ တက်ရောက်လာခဲ့ကြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဇွန် ၁၁ ။  ။ ကမ္ဘာ့လက်ဝှေ့လောကတွင် အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် လက်ဝှေ့ကျော် မိုဟာမက် အလီ၏ ဈာပန အခမ်းအနားကို ဇွန်လ ၁၀ ရက်က ၎င်း၏ မွေးရပ်မြေ Louisville တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံရေး၊ အားကစား နှင့် အနုပညာ စသည့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများအပါအ၀င် အလီ၏ မိသားစုဝင်များ၊ ပရိသတ်များက တက်ရောက်လာခဲ့ကြသည်။

အလီသည် ပါကင်ဆန်ရောဂါ ကာလကြာ ခံစားခဲ့ရပြီးနောက်  ပြီးခဲ့သည့် သီတင်းပတ်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် လက်ဝှေ့ကျော် အလီမှာ အသက် ၇၄ နှစ် ရှိပြီဖြစ်သည်။

ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ နာမည်ကျော် ပုဂ္ဂိုလ်များ၊ လက်ဝှေ့ချစ် ပရိသတ်များနှင့် မိုဟာမက်အလီကို ချစ်ခင်အားပေးကြသူများက ဇွန်လ ၁၀ ရက်တွင် ၎င်း၏ ဇာတိမြေ Louisville တွင် စုဝေးရောက်ရှိခဲ့ကြပြီး ၎င်း၏ ဈာပနအခမ်းအနားကျင်းပသည့်အခမ်းအနားသို့ တက်ရောက်လာခဲ့ကြသည်။

ယင်းနေ့ နံနက် ၉ နာရီခန့် အလီ၏ ရုပ်အလောင်းသယ်ဆောင်လာရာ ကား Cave Hill သုသာန်သို့ သွားရာလမ်းတစ်လျှောက်တွင် လူပေါင်း ထောင်ပေါင်းများစွာက စီတန်းစောင့်ဆိုင်း ပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါ ဈာပနအခမ်းအနားတွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ၊ ဟာသသရုပ်ဆောင် ဘီလီ ခရစ်စတယ် နှင့် မိုဟာမက်အလီ၏ ဇနီး ဖြစ်သူ တို့က ၀မ်းနည်းကြောင်း စကားများ အသီးသီး ပြောကြားသွားခဲ့ကြသည်။

ဟဲဗီးဝိတ်ချန်ပီယံ ဆုများကို ဆွတ်ခူးရရှိထားပြီး လက်ဝှေ့လောကတွင် ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သော အလီ ကို ၁၉၄၂ ခုနှစ်က အမေရိကန်နိုင်ငံတောင်ပိုင်း Kentucky ပြည်နယ်ရှိ အကြီးဆုံးမြို့ Louisville တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။

===================
251 / End