အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယမန်နှစ် သြဂုတ်လ(၂၇)ရက်က ချင်းတောင်တန်းပေါ်ရှိ တောင်ပေါ်ရေကန်တခုကျိုးပေါက်ရာမှ ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ တွီခိန်ဇန်(ခေါ်) ဟားခါးလေးကျေးရွာသည် ရွံနွံများအောက်သို့ တရွာလုံးနီးပါးနစ်မြုပ်ခဲ့ရသည် ။
အဆိုပါ ရွံနွံများ မကျရောက်ခင် ဦးစွာကျရောက်ခဲ့သည့် ရေဆင်းအားကြောင့် ကျေးရွာအတွင်းရှိလူအများမှာ အချိန်မှီတိမ်းရှောင်နိုင်ခဲ့သော်လည်း အဆောက်အဦများမှာ ရွံနွံများအောက်သို့ အချိန်ပိုင်းအတွင်း ရောက်ရှိနစ်မြုပ်ခဲ့သည် ။
ရွံနွံများကြောင့် ကျေးရွာသူ ကျေးရွာသားများမှာ အဆိုပါ ကျေးရွာကို စွန့်ခွာခဲ့ရပြီး မူလကျေးရွာနှင့် ဝေးရာနေရာတွင် ကျေးရွာသစ်တခုထူထောင်ကာ နေထိုင်လျက်ရှိပြီဖြစ်သည် ။ တွီခိန်ဇန်(ခေါ်) ဟားခါးလေးကျေးရွာရွာဟောင်းမှာမှု သဘာဝဘေးဒဏ်၏ ဒဏ်ရာဒဏ်ချက်များဖြင့် လူသူကင်းမဲ့ရာ အဆောက်အဦးပျက်များ လူနေအိမ်များပျက်စီးနေသည့် ခြံဝင်းများဖြင့် တိတ်ဆိတ်လျက်ရှိသည် ။
အဆိုပါကျေးရွာ ရွံနွံများရောက်ရှိမှု တနှစ်ပြည့်လုလုကာလတွင် တွီခိန်ဇန်(ခေါ်) ဟားခါးလေးကျေးရွာသို့ 7day News မှ သွားရောက်ရိုက်ကူးခဲ့သည့် မှတ်တမ်းတင်ဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။
ဓာတ်ပုံ-စိုင်းဇော်


===================
251 / End