အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံအတွက် ၂၀၁၇ မှစ ပြီး နှစ်စဉ် ကန်ဒေါ်လာ သန်း၁၅၀ မှ သန်း ၃၅၀ သို့ တိုးမြှင့်ချေးပေး မည်ဟု သတင်းထုတ်ပြန်သည်။
ချေးငွေကို ပညာရေးနှင့်အ ရည်အသွေးမြင့်မားသော အလုပ် အကိုင်များ တိုးမြှင့်လာရေး၊ အ ခြေခံအဆောက်အအုံများ အဆင့် မြှင့်တင်ရေးနှင့် ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်ရန် အ ထောက်အကူပြုရေး ပံ့ပိုးကူညီမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာ တာကဲတီကိုနာကာအို (Takehiko Nakao) က မြန်မာ နိုင်ငံခရီးစဉ်အတွင်း ပြောသည်။
အခြေခံအဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ်က အကူအ ညီပေးရန် လက်ရှိအစိုးရ၏ စီးပွားရေးနှင့်သက်ဆိုင်သော ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္က ဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးမှုသည် ၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၇ ဘဏ္ဍာနှစ်၌ ၈ ဒသမ ၃ ရာခိုင် နှုန်းသို့ ဆက်လက်တိုးတက်မည် ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့် မှန်းသည်။ ငွေကြေးဖောင်းပွမှု သည် ၂၀၁၆ တွင် ၉ ဒသမ ၅ ရာ ခိုင်နှုန်းရှိနေသည်ဟု အာရှဖွံ့ဖြိုး ရေးဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တယ်လီကွန်းဆက် သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများတွင် ပုဂ္ဂလိကပူး ပေါင်းလုပ်ကိုင်ခြင်းဖြင့် အစိုးရ၏ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းကို ကြိုဆိုကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ်ဥက္ကဋ္ဌက ပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများကို ၂၀၁၂ ၌ ပြန်လည်စတင်ခဲ့ပြီး နိုင်ငံတော်အစိုးရကို ကဏ္ဍခြောက် ခုအတွက် အမေရိကန်ဒေါ်လာ ၈၉၂ သန်း ထုတ်ချေးထားသည်။
ထို့အပြင် ၂၀၁၄ တွင် တယ် လီကွန်းဆက်သွယ်ရေး၊ ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း များ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများနှင့် ကူး သန်းရောင်းဝယ်ရေးဘဏ် ပူးတွဲ ဘဏ္ဍာရေးပံ့ပိုးမှုပမာဏအပါအ ၀င် ပုဂ္ဂလိကကဏ္ဍအား ပံ့ပိုးပေး ရန် ကန်ဒေါ်လာ ၉၃၂ သန်းကို အာရှဖွံ့ဖြိုးရေးဘဏ်က အတည် ပြုခဲ့သည်။
အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ ဇွန်လ ၁၄ ရက်တွင် ရောက်ရှိလာပြီး နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ သမ္မတဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ နှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်နှင့် ဆက်စပ်ပြီး ဇွန် လ ၁၅ က်တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများနှင့် လည်း တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။
===================
251 / End