အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဗဟိုစံပြငါးဈေးသို့ ငါးရှဥ့်အ၀င်နည်းကာ ဈေးကျနေပြီး ထိုင်းနှင့် တရုတ်ဈေးကွက်သို့တင်ပို့မှုပါ လျော့ကျသွားကြောင်း ငါး ရှဥ့်ဒိုင်များမှ သတင်းရရှိသည်။
ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးသို့ ဧရာဝတီတိုင်းဒေသကြီးမှ နေ့စဉ် ငါးရှဥ့်ပိဿာချိန် ၁၀,၀၀၀ ကျော် ၀င်လေ့ရှိသော် လည်း ယခုလတွင် တစ်နေ့ပိဿ ချိန် ၃,၀၀၀ ခန့်ဝင်ပြီး ဈေးနှုန်းမှာ လည်း တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ကျပ် ၇,၀၀၀ သို့ ကျ ဆင်းသွားကြောင်း ဈေးရုံ(က)ရှိ ငါးရှဥ့်ဆိုင်ပိုင်ရှင်တစ်ဦးက ပြော ကြားသည်။
‘‘ဈေးနှုန်းကျပြီး ကုန်ဝင်နည်း တော့ မူဆယ်ကိုတင်တဲ့ကုန်ချိန် ကျတာပေါ့’’ ဟု ၎င်းက ပြောသည်။ယခင်က ငါးရှဥ့်ဒိုင်များသည် တရုတ်နိုင်ငံသို့ ပိဿာချိန် ၁,၀၀၀ခန့် နေ့စဉ်တင်ပို့ခဲ့ပြီး ယခုအခါ ဆိုင် ၁၀ ဆိုင်ပေါင်းကာ တင်ပို့နေ ကြောင်း ဦးကျော်မြင့်သိန်း ငါးရှဥ့် ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
‘‘တရုတ်ပြည်ကို မူဆယ်က နေ နေ့စဉ်ပို့ဖို့ ဒိုင်တွေစုတင်နေ တယ်။ ကုန်တက်က မိုးတွင်းမှာ တော်တော်ကိုကျသွားပြီး တအား ရှားသွားတယ်။ ကျွန်မတို့ဒိုင်ဆို အရင်လတွေက ပိဿာ ၅၀၀ က နေ ၁,၀၀၀ အထိဝင်နေပေမယ့် အခုရက်ပိုင်းမှာ ကုန်ချိန် ၂၀၀ ကနေ ၂၅၀ အတွင်းလောက်ပဲ ရတယ်’’ ဟု အဆိုပါဆိုင်ရှင်က ပြောသည်။
ယခင်ဘဏ္ဍာနှစ်တွင် ငါးရှဥ့် တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၂၀ကျော် ရရှိခဲ့ကြောင်း ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
===================
251 / End