၂၇ ဇွန် ၂၀၁၆ - ၁၇:၁၆
ငြိမ်းချမ်းရေးမှတစ်ဆင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်မည်ဟု ဒုသမ္မတပြော

ပြည်တွင်းငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို လျော့နည်းကျဆင်းသွားရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ဒုသမ္မတဦးမြင့်ဆွေက ပြောကြား သည်။ ‘‘ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းများမှတစ်ဆင့် ကျွန်တော်တို့ နိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို သိသိသာသာ လျော့နည်းကျဆင်း သွားအောင် ဆောင်ရွက်နိုင်ဖို့ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားရ မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များမှာ တိုးတက်အောင် မြင်မှုတွေ ရရှိလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးထိန်း ချုပ်မှုတွေဟာလည်း ပိုမိုခိုင်မာ အားကောင်းလာမှာ ဖြစ်ပါတယ်’’ ဟု ဇွန်လ ၂၆ ရက်က နေပြည် တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော (၂၉)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒုသမ္မတက ပြောကြားခဲ့သည်။ မူးယစ်ဗဟိုဌာနက မူးယစ် ဆေးဝါးပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ မှ ၂၀၁၄ အထိ မြို့နယ်ပေါင်း ၅၁ မြို့ နယ်တွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၂၀၁၅ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်တွင်းငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို လျော့နည်းကျဆင်းသွားရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ဒုသမ္မတဦးမြင့်ဆွေက ပြောကြား သည်။

‘‘ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းများမှတစ်ဆင့် ကျွန်တော်တို့ နိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို သိသိသာသာ လျော့နည်းကျဆင်း သွားအောင် ဆောင်ရွက်နိုင်ဖို့ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားရ မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များမှာ တိုးတက်အောင် မြင်မှုတွေ ရရှိလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးထိန်း ချုပ်မှုတွေဟာလည်း ပိုမိုခိုင်မာ အားကောင်းလာမှာ ဖြစ်ပါတယ်’’ ဟု ဇွန်လ ၂၆ ရက်က နေပြည် တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော (၂၉)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒုသမ္မတက ပြောကြားခဲ့သည်။

မူးယစ်ဗဟိုဌာနက မူးယစ် ဆေးဝါးပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ မှ ၂၀၁၄ အထိ မြို့နယ်ပေါင်း ၅၁ မြို့ နယ်တွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၂၀၁၅ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

‘‘မူးယစ်ဆေးဝါးပြဿနာ ဟာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ ထူးခြားတဲ့ သမိုင်းနောက်ခံအခြေအနေတွေ ရှိနေပါ တယ်။ လက်နက်ကိုင် ပဋိပက္ခတွေ နဲ့အတူ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ၊ တရားမ၀င်ရောင်းဝယ် ဖောက်ကားမှုတွေ ကြီးထွားခဲ့တာ ဟာလည်း နှစ်ပေါင်းများစွာကြာ မြင့်ခဲ့ပြီ ဖြစ်ပါတယ်’’ဟု ဒုသမ္မတ က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရ ၂၀၁၅ တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ ပြီး ဘိန်းစိုက်ပျိုးမှုပပျောက်ရေး၊ မူးယစ်ဆေးဝါး တရားမ၀င်ရောင်း ၀ယ်ဖောက်ကားမှု ကျဆင်းရေးများဆောင်ရွက်ခဲ့ကြောင်း ဒုသမ္မတက ဆိုသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေး ၀ါးဥပဒေများ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၄၇ တွင် မူးယစ်ထုံထိုင်းဘေး ဖြစ်စေသော ဆေးဝါးများဥပဒေ၊ ၁၉၉၃ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေး ၀ါးများဆိုင်ရာ ဥပဒေ၊ ၁၉၉၅ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာနည်းဥပဒေများကို ပြဋ္ဌာန်း ခဲ့သည်။

၁၉၇၆ တွင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကို စတင်ဖွဲ့စည်းပြီး ခေတ်စနစ်နှင့် ညီစေရန်၂၀၁၁ တွင် ပြန်လည်ဖွဲ့စည်းခဲ့ သည်။

‘‘၁၉၉၉-၂၀၀၀ မှာ ဘိန်း စိုက်ဧရိယာဟက်တာတစ်သိန်း ကျော်ရှိခဲ့ရာမှ ၂၀၀၆ မှာ ၈၀ ရာ ခိုင်နှုန်းကျော်(၂၁၆၀၀ ဟက်တာ သာ ကျန်သည်အထိ) ထိ လျှော့ချ နိုင်ခဲ့ပါတယ်’’ ဟု ဒုသမ္မတပြော သည်။

လေ့လာဆန်းစစ်ချက်များအ ရ မူးယစ်ဆေးဝါးပြဿနာသည် အမျိုးအစားသစ်များ ပေါ်ထွက် လာမှုအပါအ၀င် ပြည်သူ့ကျန်းမာ ရေးနှင့် လူမှုရေးကဏ္ဍ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကဏ္ဍများမှာ သက်ရောက်မှုများ စွာနှင့် အခြေအနေများကို ပိုမိုရှုပ် ထွေးစေကြောင်း ဒုသမ္မတက ဆိုသည်။

ကမ္ဘာ့မူးယစ်ဆေးဝါး ဈေး ကွက်၏ တရားမ၀င်ရောင်းဝယ် မှု လည်ပတ်ငွေများသည် အမေရိ ကန်ဒေါ်လာ ၃၃၂ ဘီလီယံရှိပြီး မူးယစ်ဆေးဝါးမှ ရရှိလာသော အကျိုးအမြတ်များသည် ငွေကြေး ခ၀ါချမှုများ၊ အဂတိလိုက်စားမှု များ၊ တရားဝင်စီးပွားရေးလုပ်ငန်း များ၊ ဈေးကွက်များအပေါ် သက် ရောက်မှုများစွာလည်း ရှိနေ ကြောင်း ကုလသမဂ္ဂမူးယစ်ဆေး ၀ါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။

===================
251 / End