၁၂ ဇူလိုင် ၂၀၁၆ - ၁၉:၁၈
ရန်ကုန်တိုင်းတရားရုံးများနှင့် ရဲစခန်းများသို့တိုင်းဒေသကြီးလွှတ်တော်၏ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစ

ရန်ကုန်တိုင်းဒေသကြီး ရှိ တရားရုံးများနှင့် ရဲစခန်းများသို့ တိုင်းဒေသကြီးလွှတ်တော်၏ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ရေးကော်မတီက ဇူလိုင် နောက်ဆုံးပတ်အတွင်း ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်းယင်းကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်ထွန်းထံမှ သိရသည်။ တရားရုံးများတွင် အမှုသည် များ၏ လိုအပ်ချက်များ၊ တရား သူကြီးများအပါအ၀င် တရားရေး ဆိုင်ရာဝန်ထမ်းများ၏ အခက်အ ခဲများ၊ ရဲစခန်းများတွင် အချုပ် သားများ၏ အခက်အခဲများနှင့်ရဲ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ မိသား စုများ၏ လိုအပ်ချက်များကို လေ့ လာမည်ဖြစ်ကာပြန်လည်စတင် မည့် လွှတ်တော်သို့တင်ပြမည်ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးကျော်ကျော်ထွန်းကပြော သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်တိုင်းဒေသကြီး ရှိ တရားရုံးများနှင့် ရဲစခန်းများသို့ တိုင်းဒေသကြီးလွှတ်တော်၏ တရားစီရင်ရေး၊     ဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ရေးကော်မတီက ဇူလိုင် နောက်ဆုံးပတ်အတွင်း ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်းယင်းကော်မတီအဖွဲ့ဝင်   တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်ထွန်းထံမှ သိရသည်။

တရားရုံးများတွင် အမှုသည် များ၏ လိုအပ်ချက်များ၊ တရား သူကြီးများအပါအ၀င် တရားရေး ဆိုင်ရာဝန်ထမ်းများ၏ အခက်အ ခဲများ၊ ရဲစခန်းများတွင် အချုပ် သားများ၏ အခက်အခဲများနှင့်ရဲ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ မိသား စုများ၏ လိုအပ်ချက်များကို လေ့ လာမည်ဖြစ်ကာပြန်လည်စတင် မည့် လွှတ်တော်သို့တင်ပြမည်ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးကျော်ကျော်ထွန်းကပြော သည်။

‘‘ကျွန်တော်တို့ လေ့လာတဲ့ အခါမှာ တရားရေးမဏ္ဍိုင်ကိုဝင် ရောက်စွက်ဖက်တာမျိုးမလုပ်ဘဲ ညှိနှိုင်းဆွေးနွေးတာမျိုးလုပ်ကြမှာ ပါ။ မဏ္ဍိုင်အချင်းချင်းကြားမှာအ ပြန်အလှန်ထိန်းညှိသွားတဲ့ပုံစံနဲ့ သွားကြမှာပါ’’ဟု တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်ဦး ကျော်ကျော်ထွန်းကဆိုသည်။

ကော်မတီက တိုင်းဒေသကြီး ရှိ တရားရုံးများနှင့် ရဲစခန်းများသို့ကွင်းဆင်းလေ့လာရန် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ရရှိထားပြီး ဇူလိုင်နောက်ဆုံးပတ်အတွင်း ပြုလုပ်ရန်လျာထားကာရက်အတိအကျသတ်မှတ်ရန်လာမည့်ရက်ပိုင်းအတွင်း  အစည်းအဝေး ထပ်မံခေါ်ယူကျင်းပရန် ရှိသည်။

ပြီးခဲ့သည့် ဧပြီအတွင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်တရားစီရင်ရေး၊ ဥပဒေစိုး မိုးရေးနှင့် တိုင်ကြားစာများ၊အ သနားခံစာများစိစစ်ရေးကော်မ တီကို ဖွဲ့စည်းခဲ့ကာ အဖွဲ့ဝင် ၁၀ဦးပါရှိပြီး တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါရှိသည်။


===================
251 / End