အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်သမ္မတ၏ ဖိတ် ကြားချက်အရ ၀ါရှင်တန်သို့ စက် တင်ဘာလလယ်တွင် အလည်အ ပတ် သွားရောက်မည်ဖြစ်ကြောင်း နေပြည်တော်နှင့် အိမ်ဖြူတော် နှစ် ဖက်စလုံးက အတည်ပြုသည်။
၎င်း၏ ခရီးစဉ်ကို နယူး ယောက်ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာန ချုပ်၌ စက်တင်ဘာ ၁၃ ရက်မှ၂၆ ရက်အထိ ပြုလုပ်မည့် (၇၁)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံနှင့် အချိန်ကိုက်စီစဉ်ထား ကြောင်း သိရသည်။
သမ္မတအိုဘားမား၏ မဟာ ဗျူဟာမြောက် ဆက်သွယ်ရေး ဆိုင်ရာ ဒုတိယအမျိုးသားလုံခြုံ ရေး အကြံပေး ဘန်ရုဒ်သည် ဇူလိုင် ၂၇ ရက်က နေပြည်တော် သို့ လာရောက်စဉ်အတွင်း တရား ၀င်ဖိတ်ကြားခြင်းဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည် အမေရိကန် သို့ အလည်အပတ်ခရီးစဉ် လာ ရောက်ရန် သမ္မတအိုဘားမား၏ ဖိတ်ကြားလွှာကို ပေးအပ်ပြီး ဒေါ် အောင်ဆန်းစုကြည်က ဖိတ်ကြား ချက်ကို လက်ခံခဲ့ကြောင်း ဘန်ရုဒ် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် အတိုက်အခံတစ်ဦးနှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ၂၀၁၂ စက်တင်ဘာက အမေရိ ကန်ပြည်ထောင်စုသို့ ၁၇ ရက် ကြာ ခရီးစဉ်သွားရောက်ဖူးပြီး ယခု လာမည့် ခရီးစဉ်မှာမူ ၎င်းဦး ဆောင်သည့် အစိုးရအဖွဲ့တက် လာပြီးနောက် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ပထမဆုံး သွား ရောက်မည်ဖြစ်သည်။
အမေရိကန်နိုင်ငံအနေဖြင့် နိုဝင်ဘာလဆန်းတွင် ရွေးကောက် ပွဲကျင်းပမည်ဖြစ်ပြီး မစ္စတာအိုဘားမားသည် ၂၀၁၇ ဇန်န၀ါရီ ၂၀ ရက်တွင် သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ ၎င်းအစိုးရအ ဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက် ဆံရေးကောင်းကို သက်တမ်းကုန် သည်အထိ တည်ဆောက်သွားလို သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်ကို ၎င်းသက် တမ်းမကုန်မီ ဖြစ်ပေါ်ရန်စီစဉ် ခြင်းဖြစ်သည်ဟု အမေရိကန်- မြန်မာ ဆက်ဆံရေး လေ့လာသုံး သပ်သူအချို့က သုံးသပ်သည်။
သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက် ဖူးပြီး နှစ်ကြိမ်စလုံးတွင် တက္က သိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) သို့ သွားရောက်ကာ ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၂ က ပထမအကြိမ်အဖြစ် လာရောက်တွေ့ဆုံပြီး ၂၀၁၄ ၌ ထပ်မံတွေ့ဆုံရာတွင် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် ပိတ်ပင် ထားမှုကို ဝေဖန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နှင့် မလေးရှားနိုင်ငံ များသို့ သွားရောက်ရန် အစီအစဉ် ရှိသည်။ မြောက်ကိုရီးယားက အ လည်အပတ် ဖိတ်ခေါ်ကြောင်း လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ပြင်သစ်နှင့် ဂျာမနီတို့ကလည်း ဖိတ်ကြားထား သည်။ ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်က အိန္ဒိယသို့ လည်ပတ် လိုစိတ်ရှိကြောင်း အာဆီယံအ စည်းအဝေးအတွင်း ဖော်ပြခဲ့သည် ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။ ဒေါ်အောင် ဆန်းစုကြည်၏ ပထမဆုံးနှင့် ဒုတိယမြောက် နိုင်ငံတော်အဆင့် တရားဝင် ပြည်ပခရီးစဉ် နှစ်ခု စလုံးသည် လာအိုနိုင်ငံဖြစ်ပြီး မေ လနှင့် ဇူလိုင်တို့၌ သွားရောက်ခဲ့ ခြင်းဖြစ်သည်။
===================
251 / End