၂ ဩဂုတ် ၂၀၁၆ - ၁၈:၀၀
ဟားခါးမြို့နယ်၌ မြေပြိုမှုဖြစ်ပွား၊ အမျိုးသမီး ၁ ဦးသေဆုံး

ချင်းပြည်နယ် ဟားခါးမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ် ၁ ရက် ည ၁၁ နာရီခွဲလောက်က မြေပြိုမှုဖြစ်ပွားပြီး အသက် ၇၀ ကျော် အရွယ်အမျိုးသမီးကြီး ၁ ဦး သေဆုံးသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ချင်းပြည်နယ် ဟားခါးမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ် ၁ ရက် ည ၁၁ နာရီခွဲလောက်က မြေပြိုမှုဖြစ်ပွားပြီး အသက် ၇၀ ကျော် အရွယ်အမျိုးသမီးကြီး ၁ ဦး သေဆုံးသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြို့ အရှေ့တောင်ဘက် ၃၆ မိုင်ကျော်လောက်ဝေးတဲ့ ဟားခါး-ဂန့်ဂေါလမ်းပေါ်ရှိ သီနမ်ကျေးရွာမှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ပြိုကျပျက်စီးသွားချိန် အိမ်အောက်ထပ်မှာ အိပ်နေတဲ့ ဒေါ်ဆန်လျန် အသက် ၇၀ ကျော်ဟာ ပြိုကျနေတဲ့ အိမ်ပိမိသေဆုံးခဲ့တာလို့ဆိုပါတယ်။

ပြိုကျတဲ့ အိမ်အနီးအနားက နေအိမ်၃လုံးကိုလည်း အန္တရာယ်ရှိလို့  နီးစပ်ရာဆွေမျိုးတွေ နေအိမ်သို့ ပြောင်းရွှေ့ပို့ဆောင်ပေးထားရပြီး မြေပြိုကျမှုကြောင့် ကားလမ်းတွေ ပိတ်ဆို့ ယာဉ်သွားလာမှု ပြတ်တောက်နေတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ဇူလိုင်လကလည်း  ချင်းပြည်နယ်ဟားခါးမြို့မှာ မြေပြိုမှုကြောင့် ရာနဲ့ချီတဲ့ လူနေအိမ်တွေပျက်စီးပြီး  မိသားစုတွေ ကယ်ဆယ်ရေးစခန်းမှာ ရွှေ့ပြောင်းခိုလှုံခဲ့ကြရပါတယ်။

===================    
251 / End