၁၃ ဩဂုတ် ၂၀၁၆ - ၁၉:၂၇
 ဒေါ်အောင်ဆန်းစုကြည် တရုတ်မသွားမီ ငါးရက်အလိုတွင် ဧရာဝတီမြစ်ဆုံစီမံကိန်းများနှင့်ပတ်သက်၍ ကော်မရှင်ဖွဲ့

နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တရုတ်နိုင်ငံသို့မသွားမီ ငါး ရက်အလိုတွင် ယခင်အစိုးရ လက်ထက်က လူထုကန့်ကွက်မှု ရှိခဲ့၍ ရပ်နားထားသော ဧရာ ဝတီမြစ်ဆုံစီမံကိန်း ဆက်လုပ် သင့်၊ မသင့် လေ့လာစိစစ်သုံးသပ် တင်ပြရန် ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံး သပ်ရေးကော်မရှင်ကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု  ကြည် တရုတ်နိုင်ငံသို့မသွားမီ ငါး ရက်အလိုတွင် ယခင်အစိုးရ လက်ထက်က လူထုကန့်ကွက်မှု ရှိခဲ့၍ ရပ်နားထားသော ဧရာ ဝတီမြစ်ဆုံစီမံကိန်း ဆက်လုပ် သင့်၊ မသင့် လေ့လာစိစစ်သုံးသပ် တင်ပြရန် ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံး သပ်ရေးကော်မရှင်ကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌသည် ပြည် သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီ ခွန်မြတ်ဖြစ်ပြီး ပြည်ထောင်စုရှေ့ နေချုပ်၊ ကချင်ပြည်နယ်ဝန်ကြီး ချုပ်၊ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ အမျိုးသားရေအရင်း အမြစ်ကော်မတီ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတမံကြီးများ အသင်းမှ ပညာရှင်နှစ်ဦး အပါ အဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။

ကော်မရှင်က လုပ်ဆောင် ရမည့် ကိစ္စရပ်များကို ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှုတွင် အသေးစိတ်ဖော်ပြထားပြီး လေ့လာစောင့် ကြည့်ရမည့်အချက်ပေါင်း ရှစ် ချက်ပါဝင်သည်။

‘‘အခုလို ဖွဲ့စည်းလိုက်တာ ကောင်းပါတယ်။ ဆောင်ရွက်ရ မယ့်ကိစ္စတွေတော့ ရှိပြီးသားပါ။ အခုလို ထွက်လာတာကလည်း ဒေါ်စု နိုင်ငံခြားမသွားခင် အမြန် စီစဉ်လိုက်တဲ့ သဘောဖြစ်နေ တယ်။ အန်တီနဲ့တရုတ်အကြား မှာ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အတိုင်းအတာအထိ ဆွေးနွေးပြီး သားဖြစ်မှာပါ။ အခုဟာက ဘောင်ဝင်အောင် လုပ်မယ်ထင် ပါတယ်’’ဟု ဧရာဝတီမြစ်အတွက် အချက်ပေါင်း ၂၀ မေးခွန်းထုတ် ခဲ့သည့် ဦးဝင်းမျိုးသူက ပြော သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်သည် ယခုလ ၁၇ ရက်တွင် တရုတ်နိုင်ငံသို့ သွား ရောက်မည်ဖြစ်သည်။ ယနေ့ သြဂုတ် ၁၂ ရက် နေပြည်တော် တွင်ပြုလုပ်သော အစိုးရရက် ၁၀၀ သတင်းစာရှင်းလင်းပွဲ၌ တရုတ်ခရီးစဉ်တွင် ပြည်ထောင်စု ဝန်ကြီးသည် နှစ်နိုင်ငံချစ်ကြည် ရေးအပြင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍လည်း ဆွေးနွေးမည် ဟု သတင်းထုတ်ပြန်ထားသည်။

‘‘မြစ်ဆုံကို ပြန်လည်လေ့ လာဆန်းစစ်ရင်တော့ အတတ် ပညာပိုင်းနဲ့ အမျိုးသားရေးကို ပြန်လည်စိစစ်ရမယ်။ ကော်မရှင် က လေ့လာစိစစ်ဖို့တင်ပြထားတဲ့ ဟာတွေထဲမှာ သဘာဝဘေး အန္တ ရာယ်အပိုင်းနဲ့ ရာသီဥတုပြောင်း လဲခြင်း ကျန်ခဲ့တယ်။ ဒါတွေကို လည်း သေချာစိစစ်ပြီး ထည့်စေ ချင်တယ်။ အရင်လုပ်ထားတဲ့ လေ့လာဆန်းစစ်ချက်တွေက တော့ အချိန်လုံလောက်မှု မရှိသ လို လေ့လာစိစစ်တာကလည်း ဇီ ဝမျိုးစုံ မျိုးကွဲတစ်ခုတည်း ဖြစ်ခဲ့ တယ်။ စိစစ်နေစဉ်အတွင်း စီမံ ကိန်းကိုစတင်ခဲ့တဲ့အတွက် စံ လည်းမမီ ဥပဒေနဲ့လည်း မညီ ဘူး’’ဟု မြစ်ဆုံစီမံကိန်း စတင်ရန် ကန့်ကွက်နေသည့် မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ကော်မရှင်ကလုပ်ဆောင် ရမည့် အချက် ရှစ်ချက်ရှိပြီး အဆို ပါရှစ်ချက်မှ ထွက်ပေါ်လာသည့် လေ့လာဆန်းစစ်ချက်များကိုသာ သမ္မတရုံးနှင့် အစိုးရအဖွဲ့က ထည့်သွင်းစဉ်းစားပြီး မြစ်ဆုံစီမံ ကိန်းနှင့် အခြားရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခြင်းများ ကို အဆုံးအဖြတ်ပေးရန် ရှိနေ သည်။

သမ္မတနှင့် အစိုးရအဖွဲ့ဝင် များက စီမံကိန်းများနှင့်ပတ်သက် ၍ လေ့လာစိစစ်ရာ၌ နိုင်ငံတကာ ပြဋ္ဌာန်းချက်များနှင့် ပြည်တွင်း ဥပဒေများ ကိုက်ညီမှုရှိ၊ မရှိ၊ စီမံ ကိန်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်း ကျင်အပေါ် ဆိုးကျိုးကောင်းကျိုး များကို ထည့်သွင်းလေ့လာစိစစ် မည်ဖြစ်သည်။

စီမံကိန်းများကြောင့် ဧရာ ဝတီမြစ်၏ ရေသယံဇာတ ပျက် စီးဆုံးရှုံးနိုင်မှုအခြေအနေနှင့် စီမံ ကိန်းဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ညာပိုင်း၊ မြစ်ဆုံနှင့် မြစ် အောက်ပိုင်းများတွင် မြစ်ကြောင်း စီးဆင်းမှုကို ထိခိုက်နိုင်မှုအခြေ အနေ၊ မြစ်ကြောင်းတစ်လျှောက် နှင့် မြစ်ဝကျွန်းပေါ်အထိ ဖြစ်ပေါ် လာမည့် အကျိုးဆက်များကို လည်း ထည့်သွင်းလေ့လာ စိစစ် မည်ဖြစ်သည်။

စီမံကိန်းများ ဆောင်ရွက် ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည် သူအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေ၊ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေး အခြေ အနေကိုလည်း ထည့်သွင်းလေ့ လာ စိစစ်မည်ဖြစ်ပြီး အဆိုပါ လေ့လာစိစစ်မှုများအပြင် စီမံ ကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့် စဉ်းစားရာတွင် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုအပေါ် သက် ရောက်နိုင်မှု အခြေအနေကို လေ့ လာစိစစ်မည်ဟု ဖော်ပြထား သည်။

အဆိုပါ လေ့လာစိစစ်မှုများ အပြင် စီမံကိန်းဆိုင်ရာ စာချုပ် များအပေါ် လေ့လာသုံးသပ်ရ မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား နှစ် ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေ မည့် နည်းလမ်းများကိုလည်း သုံးသပ်တင်ပြရန် သမ္မတက ညွှန် ကြားထားသည်။

လေ့လာ စိစစ်မှုများတွင် ဒေသခံပြည်သူများနှင့် လူ့အဖွဲ့ အစည်းများ၏ ဧရာဝတီမြစ် အပေါ် ရင်မှာခံစား အလေးထား သည့် ခံစားချက်များ အပါအဝင် သဘောထားအမြင်များကိုလည်း သမ္မတနှင့် အစိုးရအဖွဲ့ဝင်များက ထည့်သွင်း စဉ်းစားမည်ဟုဆို သည်။

ကော်မရှင်၏လုံခြုံရေးကိစ္စ ရပ်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့က  တာဝန်ယူရမည် ဖြစ်ပြီး လေ့လာစိစစ်မှုများနှင့် ပတ်သက်၍ တည်ဆဲဥပဒေနှင့် အညီ လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားသည်။ လေ့လာစိစစ်ရာ ၌ ပါဝင်ပတ်သက်သည့် ပုဂ္ဂိုလ် များကို လွတ်လပ်စွာ ဖိတ်ခေါ် မေးမြန်းနိုင်ပြီး စာရွက်စာတမ်း တောင်းယူခြင်း၊ ကိုယ်တိုင်သွား ရောက်လေ့လာခြင်း၊ စစ်ဆေး ခြင်း၊ ပညာရှင်များ ဖိတ်ခေါ်ခြင်း များကို သမ္မတရုံး ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။

ကော်မရှင်၏ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို ၂၀၁၆ နိုဝင်ဘာ ၁၁ ရက် နောက် ဆုံးထားတင်ပြရန် သမ္မတက ညွှန်ကြားထားသည်။

--------------------------------
251/End