၁၉ ဩဂုတ် ၂၀၁၆ - ၁၇:၃၁
မြစ်ဆုံကိစ္စ ညှိနှိုင်းဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် လိုလားကြောင်း တရုတ်အစိုးရတာဝန်ရှိသူ ပြောကြား

ဆိုင်းငံ့ထားသည့် ဧရာ ဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံး အတွက်အဆင်ပြေစေမည့် ဖြေ ရှင်းမှုတစ်ခု ရှာဖွေညှိနှိုင်းရန်ဒေါ်အောင်ဆန်းစုကြည်က သ ဘောတူညီခဲ့ကြောင်း တရုတ် အစိုးရထိပ်တန်း အရာရှိတစ်ဦး က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဆိုင်းငံ့ထားသည့် ဧရာ ဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံး အတွက်အဆင်ပြေစေမည့် ဖြေ ရှင်းမှုတစ်ခု ရှာဖွေညှိနှိုင်းရန်ဒေါ်အောင်ဆန်းစုကြည်က သ ဘောတူညီခဲ့ကြောင်း တရုတ် အစိုးရထိပ်တန်း အရာရှိတစ်ဦး က ပြောသည်။

တရုတ်နိုင်ငံသို့ ငါးရက်တာအလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဩဂုတ် ၁၈ ရက်တွင်တရုတ်ဝန်ကြီးချုပ် လီကီကျန်း နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာ တွင် မြန်မာအစိုးရအနေဖြင့် အဆိုပါ မြစ်ဆုံစီမံကိန်းနှင့်ပတ် သက်၍ သင့်တင့်မျှတသည့် ဖြေ ရှင်းမှုတစ်ရပ်ကို အဆိုပြုပေးစေ လိုသည်ဟု တရုတ်ဝန်ကြီးချုပ် က ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုခဲ့ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူရှန်မင်းက ထုတ်ဖော်ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က လည်း မြန်မာအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကိစ္စအတွက် အဆင်ပြေသင့်တော်မယ့် ဖြေရှင်းမှုတစ်ခုကို ရှာဖွေနိုင်ဖို့ စုံစမ်းရေးကော် မတီတစ်ရပ် ဖွဲ့စည်းထားပြီးပြီလို့ ပြောပြပါတယ်။ ပြီးတော့ နှစ်ဖက်စလုံးရဲ့ စွမ်းအင်ဆိုင်ရာ ဌာနအသီးသီးကနေတစ်ဆင့် နှစ်ဦးနှစ် ဖက် အကျိုးဖြစ်ထွန်းမယ့် ဖြေရှင်း မှုတစ်ခု ပေါ်ထွက်လာနိုင်ဖို့ လိုလားကြောင်းလည်း ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်’’ဟု လျူက ဆိုသည်။

ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိပြီး ဧရာဝတီမြစ်ဖျားတွင် တည်ဆောက်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြည်သူ အများစု၏ ကန့်ကွက်မှုဖြင့် ၂၀၁၁၌ ဦးသိန်းစိန်က ဆိုင်းငံ့ထားစေခဲ့ သည်။ ရေအားလျှပ်စစ်စီမံကိန်းမှ ထုတ်လုပ်မည့် ဓာတ်အား စုစု ပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်ကရရှိမည်ဖြစ်သကဲ့သို့ စီမံကိန်း ဧရိယာ အနီးတစ်ဝိုက်တွင်သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ကြောင်း ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။ ထိုစဉ်က မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပါဝင်တောင်းဆိုခဲ့သည်။

တရုတ်အနေဖြင့် အဆိုပါရေအားလျှပ်စစ်စီမံကိန်းကို ဆက် လက် အကောင်အထည်ဖော် တည်ဆောက်ရန် တွန်းအားပေး နေသည်။ မြန်မာအစိုးရ၏ ကော်မရှင်တစ်ရပ်က မြစ်ဆုံရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် တည်ဆောက်မည့် ဆည်များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်နေသည်။ ကော်မရှင်၏သုံးသပ်ချက်များကို နိုဝင်ဘာ ၁၁ ရက်တွင် သမ္မတ ဦးထင်ကျော်ထံတင်ပြရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များရှေ့တွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ မှတ်ချက်မပေးဘဲ ယခုခရီးစဉ်ကနှစ်နိုင်ငံဆက်ဆံရေးတွင် ပိုမိုခိုင်မာတိုးတက်စေမည်ဟု မျှော်လင့်ကြောင်းသာ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးချုပ်လီနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်အနီး၌ မဟာဗျူဟာအရ အရေးပါသည့် တံတားတစ်စင်း တည်ဆောက်ရေး ကိစ္စကိုလည်း သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် တရုတ်ဘက်က မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့များ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆေးရုံနှစ်ရုံ တည်ဆောက် ပေးရန် သဘောတူညီခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိတစ်ဦးက အတည်ပြု သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးချိန်တွင် ဝန်ကြီးချုပ်လီက မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးကဏ္ဍ၌ တရုတ်အနေဖြင့် အလေးအနက်ပါဝင်ကူညီမည်ဟုလည်း ကတိပြုခဲ့ကြောင်း လျူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဩဂုတ် ၁၉ ရက်တွင် တရုတ် သမ္မတ စီကျင်းပင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

===================    
251 / End