အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဗီယက်နမ်မြောက်ပိုင်း ကမ်းခြေမှ ၀င်ရောက်တိုက်ခတ် သော အပူပိုင်းမုန်တိုင်းအရှိန် ကြောင့် မန္တလေးတိုင်းဒေသကြီး တွင် မိုးသည်းထန်စွာရွာသွန်းပြီး မန္တလေးမြို့၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
သြဂုတ် ၁၉ရက်မှစ၍ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်း ခြေကို ဖြတ်သန်းတိုက်ခတ်ခဲ့သော Dianmuမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းများ ရှမ်းပြည်နယ်ကို ဖြတ်၍ အိန္ဒိယနိုင်ငံဘက်သို့ ဦး တည်နေသောကြောင့် မိုးသည်း ထန်စွာရွာသွန်းလျက်ရှိကြောင်းအထက်မြန်မာပြည်မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးကပြောသည်။
‘‘အချိန်တိုအတွင်းမှာ ရွာသွန်းတဲ့မိုးက ရေများတဲ့အတွက် ရေကြီးမှုတွေဖြစ်ပေါ်နိုင်တယ်။ မန္တလေးမြို့အခြေအနေအရ ဒီထက်ပိုပြီးရေကြီးနိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ မြေပြိုမှုတွေပါ ဂရုပြုသင့်ပါတယ်’’ဟု ဦးကျော်လွင်ဦးကပြောသည်။
မန္တလေးမြို့တွင် သြဂုတ် ၂၀ရက် နံနက်မှစတင်ရွာသွန်း သောမိုးကြောင့်အဓိကလမ်းမ ကြီးများဖြစ်သည့် သိပ္ပံလမ်း၊ ၃၅ လမ်း၊ ၇၈လမ်း၊ လမ်း ၃၀စသည် တို့တွင် ရေနစ်မြုပ်မှုများဖြစ်ပေါ် ခဲ့ပြီး မဟာအောင်မြေ၊ ပြည်ကြီး တံခွန်နှင့် ချမ်းမြသာစည်မြို့နယ် ရှိ ရပ်ကွက်အချို့ရေနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိသည်။
‘‘အခု မန်းမြန်မာပလာဇာအ ပြင်ဘက်တန်းက ဆိုင်တွေမှာ တော့ ရေ၀င်တယ်။ နောက်ထပ် ပြီး ဆက်သာမိုးရွာရင်တော့ ဈေး ကထွက်လို့အဆင်ပြေမှာမဟုတ် ဘူး’’ဟု မန်းမြန်မာပလာဇာမှ ကို မင်းမင်းကပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် သြဂုတ် ၂၀ရက် နံနက်မှ ညနေ၃နာရီအထိ ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ၃ဒသမ၃၈လက်မရှိ ကြောင်း အထက်မြန်မာပြည်မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ထို့အပြင် ဧရာဝတီမြစ်အ တွင်းသို့ ရေတိုးလာမှုကြောင့် စိုး ရိမ်ရေမှတ်သို့ ရောက်ရှိရန် လေး လက်မခန့်သာလိုတော့ကြောင်း ဇလဗေဒမြစ်ရေတိုင်းတာရေးစ ခန်း(ဂေါဝိန်)မှ သြဂုတ်၂၀ရက် နံနက် ၁၁နာရီ ၂၂မိနစ်တိုင်းတာ ချက်အရသိရသည်။
===================
251 / End