အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှ မြို့ကြီးဖြစ်သော ဒီယာဘာကာမြို့ လေဆိပ်အား ကာ့ဒ်စစ်သွေးကြွဟု ယူဆရသူများက ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လေဆိပ်ဝန်ထမ်းများနှင့် ခရီးသည်များ ပြေးလွှားအကာအကွယ် ယူခဲ့ရကြောင်း တူရကီဒိုဂန်သတင်းဌာနက ပြောကြားသည်။
ထိခိုက်ဒဏ်ရာရရှိသူသတင်း လတ်တလောတွင် မကြားရပေ။
အရေးကြီးပုဂ္ဂိုလ်များ ခန်းမပြင်ပ စစ်ဆေးရေးဂိတ်ကို ရော့ကတ်လေးစင်းဖြင့် ပစ်ခတ်ခံရပြီး ၀န်ထမ်းများအား ဘေးကင်းရာ လေဆိပ်အဆောက်အအုံတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပုဂ္ဂလိက သတင်းဌာန ဒိုဂန်က ပြောသည်။
ယမန်နေ့ညဥ့်သန်းခေါင်ယံ မတိုင်မီတွင် ဒုံးကျည်များ အနီးအနားရှိ ကွင်းပြင်အတွင်း ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရခြင်း မရှိသလို လေယာဉ်ခရီးစဉ်များလည်း ပြတ်တောက်မှုမရှိခဲ့ဟု ဒီယာဘာကာ အုပ်ချုပ်ရေးမှူး ဟူစီယင်အက်ဆွိုင်က NTV ရုပ်သံအား ပြောကြားသည်။
ယင်းတိုက်ခိုက်မှုကို မည် သည့်အဖွဲ့ကမျှလည်း တာဝန်ယူပြောကြားခြင်း မရှိပေ။
ဒီယာဘာကာမြို့သည် ကာ့ဒ်လူမျိုးအများစု နေထိုင်ရာ တူရကီ အရှေ့တောင်ပိုင်းမှ အဓိကမြို့ တစ်မြို့ဖြစ်သည်။
==================
251/End