အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်လွှတ် တော်ရုံးအသစ်တည်ဆောက်မည့် မြေနေရာသတ်မှတ်ထားမှုကို ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ စက်တင် ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး လက်ရှိပြည်နယ်လွှတ်တော်ရုံး၏ အနောက်ဘက်ရှိ မြေနေရာကို သတ်မှတ်လိုက်ကြောင်း သတင်း ရရှိသည်။
မူလက ရှမ်းပြည်နယ် လွှတ် တော်ရုံးသစ်တည်ဆောက်ရန် မြေ နေရာရွေးချယ်ထားသည့် နေရာ လေးခုရှိပြီး သစ်ပင်များပါဝင်နေ ခြင်း၊ လမ်းပိတ်၍ တည်ဆောက် ရမည့်နေရာဖြစ်နေခြင်းတို့ကြောင့် ထပ်မံ၍ ထိခိုက်မှုအနည်းဆုံးနေ ရာအား ရှာဖွေသတ်မှတ်ပေးခဲ့ ခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။
ထပ်မံရွေးချယ်သတ်မှတ် ထားသည့် မြေနေရာသည် တောင်ကြီးမြို့နယ် သစ်တောရပ်ကွက် အိမ်တော်လမ်းဘက်ခြမ်းရှိ ရှမ်း ပြည်နယ်လွှတ်တော်ရုံးအနောက် ဘက် မြေနေရာဖြစ်ပြီး ယင်းမြေ နေရာတွင် သစ်ပင်ကြီးလေးပင်၊ သစ်ပင်ခြောက်နှစ်ပင်နှင့် သစ်ပင် သေးတစ်ပင်တို့သာပါဝင်သည့်အ တွက် ထိခိုက်မှုအနည်းဆုံးနေရာ ဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန် ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
ပြည်နယ်အစိုးရက တောင် ကြီးမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ ယခင်တည်ဆောက် မည့်နေရာကို ကန့်ကွက်ခဲ့သည့် အဖွဲ့များနှင့် သတင်းမီဒီယာများ ကို စက်တင်ဘာ ၅ ရက်တွင် ဖိတ် ကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ရှင်းလင်း ပြသခဲ့ခြင်း ဖြစ်သည်။
မူလက ရွေးချယ်ထားသည့် မြေနေရာတွင် နှစ်ရှည်ထင်းရှူးပင် များပါဝင်နေခြင်းကြောင့် ဒေသခံ များက ၀ိုင်းဝန်းကန့်ကွက်ခဲ့သဖြင့် ထိခိုက်မှုအနည်းဆုံးနေရာကို ရွေး ချယ်၍ မြေနေရာသတ်မှတ်ပေး ထားခြင်း ဖြစ်သည်ဟု ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်း ထွဋ်က ပြောသည်။
‘‘လက်ရှိလွှတ်တော်ကိုယ် စားလှယ်ဦးရေနဲ့ လွှတ်တော်အ ဆောက်အအုံကကျဉ်းနေတဲ့အ တွက် လွှတ်တော်အသစ်တည် ဆောက်ဖို့ အရင်အစိုးရလက် ထက်ကတည်းက တင်ပြထားတာ ပါ။ ကျွန်တော်တို့ အစိုးရလက် ထက်မှာ တည်ဆောက်ခွင့်ဘတ် ဂျက်ကျလာပါတယ်။ လူထုအနေ နဲ့လည်း သဘောကျနှစ်ခြိုက် အောင် လွှတ်တော်ရုံးဘက်က လည်း လက်ခံမယ့်နေရာမျိုးကို ပြန်လည်ရွေးချယ်သတ်မှတ်ပေး ထားပါတယ်’’ဟု ဒေါက်တာ လင်းထွဋ်က ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပေးခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော်ရုံးသစ်တည်ဆောက် မည့် မြေနေရာသည် သစ်ပင်ကြီး များပါဝင်မှုနည်းပါးသည့်အတွက် ဒေသခံများဘက်မှလည်း ကန့် ကွက်ရန်မရှိဘဲ သဘောတူသည် ဟု ရှင်သန်ရာကမ္ဘာမြေအစိမ်း ရောင်ကွန်ရက်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ် ချယ်ရီကျော်က ပြောသည်။
‘‘အန်တီတို့က ရှမ်းပြည်နယ် လွှတ်တော်ရုံးသစ်တည်ဆောက် မှာကို ကန့်ကွက်ခဲ့တာမဟုတ်ပါ ဘူး။ သူတို့သတ်မှတ်ထားတဲ့နေ ရာမှာ နှစ်ရှည်ထင်းရှူးပင်တွေ အများကြီးပါဝင်တဲ့အတွက် ကန့် ကွက်တာပါ’’ဟု ဒေါ်ချယ်ရီကျော် က ပြောသည်။
===================
251 / End