အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တမန်တော်မြတ်မုဟမ္မဒ်(ဆွ) ဖွားသန့်စင်ခြင်းအခမ်းအနားများကို ကိုဗစ်-၁၉ ရောဂါပြန့်ပွားနေစဉ်အတွင်း ကျင်းပနိင်ခြင်းမရှိသည့်အတွက် တမန်တော်မြတ်အတွက်ရည်စူးကာ လိုအပ်ချက်ရှိသူ ဘာသာရေးဆရာများနှင့်အခြားလူမျိုးဘာသာမရွေးအတွက် အခြေခံစားသောက်ကုန်များဝေဌခြင်း ကမ်ပိန်းတစ်ရပ်စတင်နေပြီဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူတစ်ဦးကပြောသည်။
"နိုင်ငံတကာမှာ အထူးသဖြင့်ပြင်သစ်မှာပေါ့ဗျာ တမန်တော်မြတ်ကို စော်ကားမော်ကားပြုမူပြောဆိုပြီး နိုင်ငံရေးအရ လူမျိုးရေးအရအမြတ်ထုပ်နေသူတွေကို ဒါငါတို့အသက်နဲ့ပုံချစ်ရတဲ့ တမန်တော်ကိုမစော်ကားနဲ့ဆိုတာကို ပြသဖို့၊ ပြည်တွင်းမှာ တမန်တော်မြတ်ကိုစော်ကားတဲ့သူတွေကို ဥပဒေအရ မီဒီယာအရတုံ့ပြန်ခဲ့သူတွေကို ဂုဏ်ပြုဖို့ ရည်ရွယ်ပြီး ဖေ့စ်ဘုတ်မှာသာမက ပြေပြင်မှာပါ တမန်တော်အတွက်ရည်ရွယ်ပြီး ဒီကမ်ပိန်းကို ၂ လကြာပြုလုပ်သွားမှာပါ"ဟု We Love Muhammed ကမ်ပိန်း ကိုဦးဆောင်သူ ကိုညီညီက Myanmar Muslim Media သို့ပြောသည်။
အထက်ပါကမ်ပိန်းလှုပ်ရှားသူများအနေဖြင့် We Love Muhammed တံဆိပ်ပါ တီရှပ်တစ်ထည်ကို ကျပ်ငွေ ခြောက်ထောင်သတ်မှတ်ရောင်းချပြီး ယင်းငွေကြေးနှင့်ညီမျှသည့် ဆန်၊ဆီ၊အာလူး၊ကြက်သွန် တို့ကို လိုအပ်ချက်ရှိသူ တစ်ဦးစာအဖြစ် သတ်မှတ်ဝေဌလျှက်ရှိပြီး ဘာသာရေးဆရာများအတွက်မှု တစ်ဦးလျှင် ကျပ်ငွေနှစ်သောင်းနီးပါးတန်ဖိုးရှိ အခြေခံစားသောက်ကုန်များကိုပေးဝေလျှက်ရှိကြောင်း ယင်းကမ်ပိန်းလှုပ်ရှားသူများထံမှသိရသည်။
"တချို့ကတမန်တော်နေ့လုပ်ချင်ကြတယ် မဲသလိုလုပ်ဖို့ အခမ်းအနားလာမယ့်လူလိုတယ်ဆိုရင်ကျနော်တို့ကိုခေါ်လိုက် ၊ကျနော်တို့လာနားထောင်ပေးမယ် ၊ဘာမှပေးစရာမလိုဘူး ကျွေးစရာလည်းမလိုဘူး ၊ရန်ကုန်ဧရိယာတဝိုက်ဆို လာခဲ့မယ်"ဟု We Love Muhammed ကမ်ပိန်း ကိုဦးဆောင်သူ ကိုညီညီက ပြောသည်။
We Love Muhammed ကမ်ပိန်း လှုပ်ရှားမှုကိုအောက်တိုဘာ ၁၀ ရက်နေ့တွင်စတင်ခဲ့ပြီး ယခုအချိန်အထိ ဘာသာရေးဆရာ ၆၀ဦးနှင့် အခြားလိုအပ်ချက်ရှိသူ လူမျိုးဘာသာမရွေး ၁၀၀ ဦးအတွက် အခြေခံစားသောက်ကုန်များကို အိမ်အရောက်ဖြန့်ဝေပြီးဖြစ်ကြောင်း လည်း ကိုညီညီကပြောသည်။
(We Love Muhammed ကမ်ပိန်း အတွက်ပူးပေါင်းပါဝင်လိုလျှင်ဖြစ်စေ ၊ လိုအပ်ချက်အရ အကူအညီတောင်းခံလိုလျှင်ဖြစ်စေ ကိုညီညီ ဖုန်း 09975589433 သို့ဆက်သွယ်နိင်ပါသည်။)
******************************************
END / 251