၁၈ မေ ၂၀၂၅ - ၂၂:၅၂
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သည် မိမိ ၏ နျူကလီးယား အခွင့်အရေးကို လက်လွတ်မည် မဟုတ် ကြောင်း ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် စအီဒီ မိန့်ကြား

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ကွမ်းမြို့ ၏ သောကြာရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ က မိမိ ၏သောကြာနေ့ခွသ်ဗဟ် တွင် နျူကလီးယားစွမ်းအင်သည် အဆင့်မြင့် နည်း ပညာ နှင့် သိပ္ပံနည်းကျ ဖူလုံမှု၏ လက္ခဏာဖြစ်ပြီး အီရန်သည် ဤနယ်ပယ်တွင် မိမိ ၏ အသိ အမှတ်ပြု ပိုင်ခွင့်ကို ဘယ်သောအခါမှ လက်လွတ်မည်မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏အဆိုအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ကွမ်းမြို့ ၏ သောကြာရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ က မိမိ ၏သောကြာနေ့ခွသ်ဗဟ် တွင် နျူကလီးယားစွမ်းအင်သည် အဆင့်မြင့် နည်း ပညာ နှင့် သိပ္ပံနည်းကျ ဖူလုံမှု၏ လက္ခဏာဖြစ်ပြီး အီရန်သည် ယင်းနယ်ပယ်တွင် ခွဲထွက်၍မရသောအခွင့်အရေးကို ဘယ်သောအခါမှ လက်လွတ်မည်မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပါလက်စတိုင်းကို ဇီယွန်ဝါဒီများ သိမ်းပိုက်မှု နှစ်ပတ်လည်နေ့ကို ရည်ညွှန်းပြီး ဒုတိယ ကမ္ဘာစစ်အပြီးတွင် ထောင်နှင့်ချီသော ဇီယွန်အကြမ်းဖက်သမားများသည် ဗြိတိန်အကူအညီဖြင့် ပါလက် စတိုင်းသို့ ဝင်ရောက်ကာ အစ္စရေးနိုင်ငံအတုအယောင်ကို ထူထောင်ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထိုအချိန်မှစ၍ ဇီယွန်ဝါဒီအစိုးရသည် ပါလက်စတိုင်းလူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်မှု ကို အလွန် ကျူးလွန်ခဲ့ကြောင်း ဒီလိုအခြေအနေမျိုးမှာ အမေရိကန်သမ္မတက အီရန်ကို ဒေသတွင်း မတည်မငြိမ်ဖြစ်စေတဲ့ အချက်လို့ ခေါ်ဆိုတာဟာ အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း အီရန်သမ္မတ သည် အဆိုပါစွပ်စွဲ ချက်များကို ကေရ်မာန်ရှားဟ် ဟောပြောပွဲ တွင် ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြောင်း ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် စအီဒီ မှ မိန့်ကြားခဲ့ပါတယ်။

ရှဟီးဒ် အာယာသွလ္လာဟ် ရအီစီ နှင့် ရှဟီးဒ် အာလေ့ ဟာရှင်းမ် ကဲ့သို့သော ပုဂ္ဂိုလ်များသည် ပြည်သူ့ဝန်ဆောင်မှု၊ နှိမ့်ချမှု၊ ရိုးသားမှုနှင့် ဝေလာယသ်ကိုလိုက်နာကြသည့် လက်တွေ့ကျသော ဥပမာများဖြစ်ကြောင်း ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် စအီဒီ မှ မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အေမာမ် ရေဇာ (အ.စ) အားဇေယာရသ် ပြုရသည့် နေ့ရက်များ ( သခင်မကြီး မအ်စူမဟ်ကွမ်း (စ.အ) မွေးနေ့ရက်မြတ် မှ စ၍ အေမာမ်ရေဇာ (အ.စ) မွေးနေ့ ရက်မြတ် အထိ ၁၀ ရက်တာ ကာလ ) နှင့် စပ်လျဉ်း၍ ဇေယာရသ် ပြုခြင်းသည် စိတ်အားထက်သန်စေသည့် လုပ်ရပ် တစ်ခုသာမက ရှီအဟ် များအတွက် ဘာသာရေးတာဝန်တစ်ရပ်နှင့် အေမာမ် ရေဇာ (အ.စ) နှင့် ပြုထားသည့် ပဋိညာဉ်ကို သက်တမ်းတိုးခြင်းကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု မိန့်ကြားခဲ့ပါတယ်။

အေမာမ် ရေဇာ (အ.စ) မှာ အေမာမ် (အ.စ) တိုင်းဟာ မိမိ ၏ ရှီအဟ်များ အတွက် ကတိ တစ်ခုရှိပါသည် ။ ထိုကတိ၏ အကောင်းတကာအကောင်းဆုံး ပြည့်စုံမှုမှာ  အေမာမ်များ (အ.စ) ရောင်ဇာတော်များ (ကဗရ်တော်များ ) ၏ ဇေယာရသ် ပြုခြင်း ဖြစ်ဟုသည်ဟု မိန်ကြားထားတော်မူကြောင်း ပြီးနောက် နျူကလီးယား နည်း ပညာ၏ အရေးပါမှုကို အလေးပေးမိန့်ကြားခဲ့ပြီး ရုပ်ကြွင်းလောင်စာများ ကုန်သွား ပြီ ဖြစ်ကြောင်း နှင့် နျူကလီးယား စွမ်းအင်သည် ဘေးကင်းပြီး ရေရှည်တည်တံ့သော အခြား ရွေးချယ်စရာ တစ်ခုဖြစ်ကြောင်း အီရန်၏ နျူက လီးယား တိုးတက်မှုသည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနှင့် အာဇာနည်များ ၏စတေးမှုတို့ ၏ ရလဒ်ဖြစ် ကြောင်း ဤနည်းပညာသည် ဆေး၊ စိုက်ပျိုးရေး၊ မျိုးရိုးဗီဇနှင့် သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေး စသည့် နယ်ပယ်များတွင် အရေးပါသော ဝန်ဆောင်မှုများကို ပေးဆောင်လျက် ရှိကြောင်း အီရန် နျူကလီးယား သိပ္ပံသည် ကမ္ဘာလုံးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတွင် အီရန်အား ပိုမိုအားကောင်းစေပြီး အီရန်နိုင်ငံသည် မိမိ ၏ အကျိုးစီးပွား ကို မည်သည့်အခါမျှ နောက်ပြန်ဆုတ်မည်မဟုတ်ပေကြောင်း မိန့်ကြား ခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha