၂၃ မေ ၂၀၂၅ - ၂၂:၀၁
လက်ဘနွန် နိုင်ငံ တောင်ပိုင်း နှင့် အရှေ့ပိုင်း တို့ကို အကြမ်းဖက် အစ္စရေး လေကြောင်း ပြင်းထန်စွာ တိုက်ခိုက်

အကြမ်းဖက် အစ္စရေးစစ်တပ်၏ တိုက်လေယာဉ်များသည် လက်ဘနွန် နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့များနှင့် နယ်မြေအသီးသီးတွင် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကြမ်းဖက် အစ္စရေးတိုက်လေယာဉ်များသည် ကြာသပတေးနေ့ညက လက်ဘနွန်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ နေရာအများအပြားကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဇီယွန်ဝါဒီအစိုးရသည် အပစ် အခတ် ရပ်စဲရေးကို နေ့စဉ်နှင့်အမျှ ချိုးဖောက်ကာ လက်ဘနွန်နယ်မြေများကို ဆက်လက် သိမ်းပိုက် လျက်ရှိ ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အလ်မဲဟ်မူဒီယဟ် ၊ စဂျ်ဒ် နှင့် ဂျဇီးန် ဒေသရှိ ဂျဗလ်လိုရ်ရိုင်းဟာန် ကို လေကြောင်းမှ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အခြားလေကြောင်းတိုက်ခိုက်မှု နှစ်ခုသည်လည်း အယ်ဆဝါနဟ် မြို့  နှင့် အလ်အဇီယဟ် တစ်ဝိုက် ရှိ အလ်ကလီယဟ် မြို့ နှင့် ဆူရ် မြို့ တို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

လက်ဘနွန် နိုင်ငံ တောင်ပိုင်း နှင့် အရှေ့ပိုင်း တို့ကို အကြမ်းဖက် အစ္စရေး လေကြောင်း ပြင်းထန်စွာ တိုက်ခိုက်

သူရ်  မြို့ရှိ လူနေအဆောက်အအုံတစ်ခုအား အစ္စရေးတိုက်လေယာဉ်က ဗုံးကြဲပြီးနောက် တိုက်ခိုက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ပါ တယ်။ အစ္စရေးစစ်တပ်မှ ဘေးလွတ်ရာသို့ ရွေ့ ပြောင်းရန် သတိပေးချက် ထွက်ပေါ်လာပြီးနောက် တိုက်ခိုက် မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ရလဒ်အနေဖြင့် ဧရိယာအတွင်း လေထု တင်းမာလာပြီး ဒေသခံများမှ အမြန် ထွက်ခွာသွားခဲ့ကြပါတယ်။ အနီးကပ် အကွာအဝေးမှ ရာနှင့်ချီသော လူများက တိုက်ခိုက်မှုကို မြင်တွေ့ ခဲ့ရပါတယ်။

အကြမ်းဖက် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့များနှင့် နယ်မြေအသီးသီးကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင် သူလင်းန် နှင့် အယ်ဆဝါနဟ် မြို့များတဝိုက်နှင့် အလ်သိုဖါဟ် ဒေသရှိ ဂျဗလ်လိုရ်ရိုင်းဟာန် နှင့် ဂျဗလ်လိုရ်ရဖီးအ် တဝိုက်တွင်အခြားတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။ နဗ်သီယဟ် ပြည်နယ်နှင့် အလ်သိုဖါဟ် ဒေသ ၏ နေရာအများစုတွင် ပေါက်ကွဲသံများ ကြားခဲ့ရပါတယ်။

တစ်ချိန်တည်းတွင် မဂျ်ဒလ်ဇူန် မြို့အနီးရှိ ဝါဒီဟစန် ဧရိယာအပြင် လက်ဘနွန်အရှေ့ပိုင်း  ဗအ်လဗက် အလ်ဟရ်မဲလ် အုပ်ချုပ်ရေးမှူးရုံးရှိ ဘူဒါ ဧရိယာတစ်ဝိုက်ကိုလည်း ပစ်မှတ်ထားခဲ့ပါတယ်။

အကြမ်းဖက် အစ္စရေးသည် ၂၀၂၃  ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး အရေးကြီးသော တောင်ကုန်းငါးခုကို ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက်  အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းကို နေ့စဉ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေပါတယ်။ အပစ် အခတ် ရပ်စဲ ရေး သဘောတူညီချက် စတင်ကတည်းက အကြမ်းဖက် အစ္စရေး ချိုးဖောက်မှု သည် ၃၀၀၀ ကျော် ရှိ နေကြောင်း မှတ်တမ်းတင် နိုင်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈  ရက်နေ့တွင် စတင်ခဲ့သော လက်ဘနွန်တွင် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုသည် ကျယ်ပြန့်သောစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၂၀၂၄  ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် လူပေါင်း ၄၀၀၀ သေဆုံးခဲ့ပြီး ၁၇၀၀၀ ခန့် ဒဏ်ရာရရှိကာ လူ ၁.၄ သန်းနီးပါး အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း မှတ်တမ်း တင်အပ်ပါ တယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha