အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ကျွမ်းကျင်သော နှလုံးခွဲစိတ်ဆရာဝန်ကြီး တစ်ဦးဖြစ်ပါတယ်။
အီရန် နိုင်ငံအတွင်း အမြင့်ဆုံးရာထူး တစ်ခု ဖြစ်သည့် သမ္မတ ရာထူး ကို ရရှိထားသော်လည်း မိမိ၏ လူနာများ အား ကုသရန် သဗ်ရေဇ် မြို့ သို့ သွားရောက်ခဲ့ပြီး ထိုနေရာတွင် လူနာနှစ်ဦး၏အသက်ကို ကယ်တင်ရန်အတွက် အောင်မြင် သော နှလုံးပွင့်ခွဲစိတ်မှု နှနျစ် ခု ကို ပြုလုပ်ပေးခဲ့ပါတယ်။
အခုလိုကြီးမားသည့် သမ္မတ တာဝန် ကိုထမ်းဆောင်ရင်း မိမိ ၏ တတ်ကျမ်းသည် ပညာဖြင့်လည်း ပြည်သူလူထု အား ခသ်မသ် ပြုပေးနေခြင်း မှာ စံပြုတိုက်သည့် လုပ်ရပ် တစ်ခု ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဟာ အကြမ်းဖက် အမေရိကန် နှင့် မဟာမိတ်များ ၏ မတရား သည့် စီးပွားရေးပတ်ဆို့မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရခံနေရတဲ့ မဇ်လူးမ် နိုင်ငံ ဖြစ်ပါတယ်။ ပိတ်ဆို့မှု အမြောက်အများ အခက်အခဲအမြောက် အများ ကြား မှ အီရန် ဟာ နယ်ပယ်အသီးသီး မှာ အထူးသဖြင့် စစ်ရေး နဲ့ ဆေးပညာရေး မှာအထူးတိုးတက် အောင်မြင်ခဲ့ပါတယ်။
လက်ရှိအီရန်သည် မတရားသည့် နည်း ဖြင့် စီးပွားရေး ပိတ်ဆို့ မှု မျိုးစုံ ခံထားရပြီး ငွေကြေး အလွန် ဖောင်းပွ မှုကို ရင်ဆိုင်နေရပါတယ်။ ဤဲဒီကိစ္စကိုလည်း ဖြေရှင်း နိုင်ရန် နေ့ည ကြိုးစားနေပါတယ်။ အင်န်ရှာအလ္လာဟ် ၊အလ္လာဟ် ဟို အရှင်မြတ် ဘက်မှ အောင်မြင်မှု ကို အချိန် အနှေး နှင့် အမြန် ချီးမြှင့်မှာဖြစ်ပါတယ်။
အကြမ်းဖက် အမေရိကန် နှင့်မဟာမိတ်များ က မတရား သည့် နည်းလမ်း အစုံ နှင့် အီရန် အား စီးပွားရေး ပိတ်ဆို့ မှုပြုထားပါတယ်။ ရည်ရွယ်ချက်ကတော့ မတရား စီးပွားရေးပိတ်ဆို့ မှုကို အီရန် အစိုးရ ထက် အီရန် ပြည်သူ လူထု ပ ပိုပြီး အလူးအလဲ ခံရပြီး နောက်ဆုံး မိမိအစိုးရကိုပုန်ကန် တော်လှန် ပြီး ပြည်တွင်း စစ်ဖြစ်အောင် ပြုရန် ၊ထိုအချိန် အလွယ်တကူ အီရန် ပြည်သူ လူထု အား ကုသလိုလို နှင့် ဝင်ရောက်ပြီး မိမိတို့ ကျွန်များ (အီရန် သစ္စာဖောက်များ) နှင့် အီရန် အစိုးရသစ်ထူထောင်ပြီး ရှားလက်ထက်ကလို အီရန် ထွက် ရေနံများ ၊ဂက်စ်များ စသည်တို့ကို အပိုင်စီးရန်ဖြစ်ပါတယ်။
ငြင်းမရသည့် အချက်တစ်ခု မှာ ယနေ့ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သာ မရှိခဲ့လျင် အကြမ်းဖက် အမေရိကန် ၊ အကြမ်းအစ္စရေး နှင့် မဟာမိတ်များ သည် အစ္စလာမ် အစစ်ကို ပျက်သိမ်းလိုက်ပြီး ၎င်းတို့လိုသည့် အမည်ခံ အစ္စလာမ် သာ ကျန်နေမည် ဖြစ်ပါတယ်။ သက်သေ အဖြစ်တင်ပြရလျင် ယနေ့ စွန္နီ မွတ်စလင်မ် နိုင်ငံ ဖြစ်သည့် မဇ်လူးမ် ပါလက်စတိုင်းနိုင်ငံ ကို အကြမ်းဖက်အစ္စရေး မှ မဟာမိတ်များ ၏ အကူအညီ အထူးသဖြင့် အမေရိကန် ၏ အကူအညီ ဖြင့် မတရား သတ်ဖြတ် အနိုင်ကျင့် ကျူးကျော်လာသည် မှာ နှစ် ၇၀ ကျော် ရှိနေပြီး ဖြစ်ပါတယ်။ မွတ်စလင်မ် နိုင်ငံ ၅၀ ကျော် ရှိသည့် အနက် အီရန် နှင့် အီရန် ထောက်ပံ့ ယီမင် နှင့် အီရန် ထောက်ပံ့ အဖွဲ့အစည်း များ မှ လွဲ၍ မည်သည့် မွတ်စလင်မ် နိုင်ငံ မှ အသံတောင် မထွက်ရဲကြ သည့် အပြင် အမေရိကန် နှင့်အစ္စရေးအကြိုက် လိုက်လုပ်နေကြသည်ကို မျက်မြင်တွေ့နေပြီး ဖြစ်ပါတယ်။
.......................................................
END / 251
Your Comment