အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စူရဟ် ဟဂျ် အာယသ်တော် အမှတ် ၃၇ တွင်အလ္လာဟ် ဟို အရှင်မြတ် မိန့်တော်မူထားပါတယ်။
لَنْ يَنَالَ اللَّهَ لُحُومُهَا وَلَا دِمَاؤُهَا وَلَٰكِنْ يَنَالُهُ التَّقْوَىٰ مِنْكُمْ
အလ္လာဟ်ဟိူ အရှင်မြတ် ထံတော် ဝယ်ဤ တိရစ္ဆာန်များ (သားကောင်များ ) ၏ အသားသည် ရောက် မည် မဟုတ်ချေ။ သွေးလည်း ရောက်မည်မဟုတ်ချေ။ အလ္လာဟ်ဟို အရှင်မြတ် ၏ ထံတော်ဝယ် အသင်တို့ ၏ သက္က်ဝါ(သီလ၊သမာဓိ) သာလျှင် ရောက်တော်မူသည်။
ချက်ချင်းခွင့်လွတ်မှုကို ရရှိခြင်း
အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူထားပါသည်။
ကုရ်ဘာနီ သားကောင်၏ ပထမသွေးစက် မြေသို့ခသည် နှင့်ကု၇်ဘာနီ ပြုလုပ်သူများ ၏ ဂိုနာ (အပြစ်) များအားလုံး မအ်ဖ်ဖြစ်သွားပါတယ်။ (ခွင့်လွတ်ပလပ်တော်မူခြင်းခံရပေသည်။ ) ဤ ကုရ်ဘာနီ ၏ ဝစီလာကို ကြည့်ပြီး သိရှိနားလည်ရသည်မှာ မည်သူမည်ဝါထံ တွင် သက္က်ဝါ (သီလ၊သမာဓိ) တရား ရှိကြောင်း ဖြစ်ပါတယ်။
ဗေဟာရွလ်အန်နဝါရ်ကျမ်း အတွဲ ၉၆
မစာကင်းန်အား(ဆင်းရဲသားများ )အတွက်
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မိန့်တော်မူထားပါတယ်။
အလ္လာဟ် ဟို အရှင်မြတ် သခင်အနေဖြင့် ကုရ်ဘာနီ အား ဤ အတွက်ကြောင့် သတ်မှတ် ထားတော်မူ၏။ မစာကင်းန်အား ၎င်းအသား (ကုရ်ဘာနီအသား ) နှင့် ဗိုက်ပြည့် ရန် ဖြစ်ပါတယ်။
ဗေဟာရွလ်အန်နဝါရ်ကျမ်း အတွဲ ၉၆
ဇိုက်အေဗ် နေအရ်ကန်မ် (ရ.သွေ) မိန့်တော်မူသည်။သာဝကများမှ ကိုယ်တော်မြတ် (ဆွ) ထံ ကုရ်ဘာနီ ၏ စဝါးဗ် မေးမြန်းလျှောက်ထားကြလေ၏ ။ တမန်တော်မြတ်ကြီး (ဆွ) မှ မိန့်ကြားတော် မူလေ၏။ ကုရ်ဘာနီ သားကော်၏ အမွှေး တစ်မွှေး ၏အစား ကောင်းမှု ကုသိုလ် တစ်ခု ဖြစ်၏။ထိုသားကောင်တွင် မည်မျှ အမွှေးအမျှင် ရှိမည်နည်း?ထိုမျှ ကုရ်ဘာနီ ပြုလုပ်သူများ၏ နာမအ်အေအာမဲလ် ( လုပ်ရပ်မှန်သမျှ၏မှတ်တမ်းစာအုပ်) တွင် ကောင်းမှု ကုသိုလ်များ ရေးသား ပေလိမ့်မည်။
အပြစ်အနာ အဆာ ရှိသည့် သားကောင်များ ၏ကုရ်ဘာနီ
ကုရ်ဘာနီအီးဒ် အတွက် မွတ်စ် သဟဗ် ဖြစ်ပြီး မြင့်မြတ် သည့် သားကောင်မှာ အပြစ်အနာအဆာ မရှိသည့် သားကောင် ဖြစ်ပါတယ်။ အကယ်၍ အပြစ်အနာအဆာ ရှိမည်။ ဥပမာချို ကျိုးနေမည်၊ ခြေကျိုး နေမည်၊ အလွန်အားနည်းမည် ၊ဆိုရင်လည်း ကုရ်ဘာနီ ပိုင်ပါသည်။
ဟာဂျီ မဟုတ်သူများ အတွက် ကုရ်ဘာနီ သားကောင်တွင် ပါဝင် နိုင်မှု
မေး။ ။ ကုရ်ဘာနီ သားကောင်ကို ဘယ်နဦး ပေါင်း၍ ပြုလုပ်နိုင်ပါသနည်း ?
ဖြေ။ ။ အတိုင်းအတာ အရည်အတွက်မရှိချေ။ စိတ်ကြိုက် အရေအတွက် ပါဝင်နိုင်ပါသည်။
မေး။ ။ ကုရ်ဘာနီ သားကောင် ၏ ဝဖြိုးမှု ကို ရှရီအသ် တွင် ကြီးကျယ် မြင့်မြတ် မှု တစ်ခု အဖြစ် သတ်မှတ်ထားပါသလား ?
ဖြေ။ ။ ဟုတ်ကဲ့ ။သတ်မှတ်ထားပါတယ်။
မေး ။ ။ အိမ်မွေး တိရစ္ဆာန် အား ကုရ်ဘာနီ အီးဒ် နေ့ တွင် ကုရ်ဘာနီ ပြုလို့ ရပါသလား ?
ဖြေ ။ ။ ပိုင်ပါ၏။ သို့သော် ကုရ်ဘာန်ပြုလုပ်သူ ကိုယ်တိုင် မွေးထားသည့် တိရစ္ဆာန်အား ကုရ်ဘာနီ ပြုခြင်းသည် မက္က်ရူ ဖြစ်ပါတယ် ။
မေး ။ ။ ဟာဂျီ မဟုတ်သူ အနေဖြင့် မိမိနှင့် မိမိ၏ အိမ်သူအိမ်သားအားလုံး နှင့် မရ်ဟွန်မ်များ ဘက်မှနီယသ် ပြု၍ သားကောင် တစ်ကောင်တည်း ကို ကုရ်ဘာနီ ပြု လို့ ရပါသလား ?
ဖြေ။ ။ ဟုတ်ကဲ့၊ရပါတယ်။
မေး ။ ။ အဲဟ်လေ့စွန္နသ် ညီနောင်များ နှင့်အတူ ပေါင်းပြီး ကုရ်ဘာနီပြုရာတွင် ပါဝင် နိုင်ပါသလား ?
ဖြေ။ ။ ဟုတ်ကဲ့။ပါဝင်နိုင်ပါသည်။
(မှတ်ချက် ။ ဥပမာ အဲဟ်လေ့စွန္နသ် ညီနောင်များ အနေဖြင့် စုပေါင်းကုရ်ဘာနီအဖြစ် နွားတစ် ကောင် ၁၀သိန်း နဲ့ဝယ်ပြီး ကုရ်ဘာနီ ပြုမယ်ဆိုရင် အသင်အနေဖြစ် ၎င်း ၁၀သိန်းတွင် ကိုယ်နိုင် သလောက်ပါဝင် နိုင်ပါတယ်။)
မေး ။ အကယ်၍ နိုင်ငံခြား တွင်နေထိုင်နေသူအနေဖြင့် မိမိနိုင်ငံသို့ ကုရ်ဘာနီ သားကောင်အတွက် ငွေ ပို့ပေးပြီး ကုရ်ဘာနီ ပြုခိုင်းလို့ရပါသလား ?
ဖြေ။ ။ ဟုတ်ကဲ့။ လုပ်လို့ရပါတယ်။
မေး ။ ။ ဟာဂျီ မဟုတ်သူအတွက် အီးဒ် ၏ ၃ ရက် (အီးဒ်နေ့ ပြီးနောက် ၂ရက် ) အတွင်း တစ်ရက်ရက် အတွင်း သားကောင်ကို ကုရ်ဘာနီလုပ်လို့ ရပါသလား ?
ဖြေ။ ။ ပြုနိုင်ပါတယ်။ သို့သော် ပိုကောင်းပိုမြတ်သည်မှာ အီးဒ်နေ့၏ပထမနေ့ တွင် ပြုခြင်း ဖြစ်ပါတယ်။
မေး ။ ဘယ်အချိန် ဟာဂျီမဟုတ်သူအတွက် ပါ ကုရ်ဘာနီပြုရန် ဝါဂျစ်ဗ် မပြုမနေရ ဖြစ်သွား ပါသနည်း ?
ဖြေ။ ။ နစဲရ်ပြုလိုက်ချိန် တွင် ဟာဂျီမဟုတ်သူအတွက် ပါ ကုရ်ဘာနီပြုရန် ဝါဂျစ်ဗ် မပြုမနေရ ဖြစ်သွားပါတယ်။
မေး ။ ။ အာယာသွလ္လာဟ် စစ်သာနီ ၏ အမြင်အရ အဲဟ်သေယာ(သွ)သွေဝါဂျစ်ဗ် အရ ကုလားအုတ် ဆိုလျှင် ၅နှစ် ၊ နွား နှင့် ဆိတ်ဆိုလျှင် ၂နှစ် ၊သိုးဆိုလျှင် ၇ လ ထက်ကြီး ရမည်၊ မငယ်ရ။ လိုဆိုထားပါတယ်။ သို့ဖြစ်ပါ၍ သားကောင်များ၏အသက် သည်ဖော်ပြပါ သားကောင် များ၏ အသက်ထက် ငယ်သည့် သားကောင်များကို သာလျှင် ရလျှင် ဘာလုပ်ရမည်နည်း ?
ဖြေ ။ ။ ဤကိစ္စ တွင် အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာနီ ဘက်သို့ လှည့်နိုင်ပါတယ်။ အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာနီ အနေဖြင့် ကုရ်ဘာနီ အီးဒ် အတွက် သားကောင်၏ အသက်ကို သတ်မှတ်ချက် ရန် အရေးကြီး ကိစ္စ မဟုတ်ဟု ခံယူထားပါတယ်။
ဟလာ တိရစ္ဆာန် ၏ အပေါ့ နှင့် အလေး
ဟလာ တိရစ္ဆာန် ဥပမာ ဆိတ် ၊နွား သို့မဟုတ် ကုလားအုတ် ၏အပေါ့ နှင့်အလေး သည် သန့်ပါ၏။ (ကိုယ်ခန္ဓာ ပေါ် ပေသွားလျှင်လည်း ဆေးကြောရန် အရေးမကြီးချေ။ )
ကျွဲ ၏ ကုရ်ဘာနီ
ကျွဲတိရစ္ဆာန် အား ကုရ်ဘာနီ ပြုခြင်းသည် ပိုင်ပါ၏ ။
အရစ်ကျ နည်းဖြင့် ကုရ်ဘာနီ ပြုခြင်း
မေး ။ ။ ကုရ်ဘာနီ ပြုရမည့် သားကောင် အား အရစ်ကျနည်းဖြင့် အကြွေး ယူ၍ ကုရ်ဘာနီ ပြုလို့ ရပါသလား ?
ဖြေ။ ။ ဟုတ်ကဲ့ ။ ပိုင်ပါ၏။
အကြွေးဖြင့် ကုရ်ဘာနီ ပြုခြင်း
မေး ။ ။ အကြွေးယူ၍ ကုရ်ဘာနီ ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါသလား ?
ဖြေ။ ။ အကြွေးယူ၍ ကုရ်ဘာနီ ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်ကြောင်း သက်သေ အထောက် အထား ခိုင်လုံမှု မရှိပါ ။ သို့သော် ပိုင်ပါသည်။
မေး ။ ကုရ်ဘာနီ အီးဒ်တွင် ကုရ်ဘာနီ နီယသ် နှင့်အတူ အကီးကဟ် လည်း ပြု ပိုင်ပါသလား ?
ဖြေ။ ။ ကုရ်ဘာနီ လုပ်သူဘက်မှ အကီးကဟ် လည်းပြုနိုင်ပါတယ် ။ ဥပမာ အဖေဘက် နေ ကုရ်ဘာနီနီယသ် ပြုမည် ။ပြီးနောက် ၎င်းသားကောင်အား မိမိ၏ သက်ငယ် ကလေး တစ်ယောက်ယောက်အတွက် အကီးကဟ် ပြုမည်ဆိုလျှင် မပိုင်ချေ။ ကလေးငယ် အတွက် ကုရ်ဘာနီ လည်း လုပ်မည် ၊ကုရ်ဘာနီလည်း ပြုမည်ဆိုလျှင် ပိုင်ပါသည်။
မေး ။ ။ ကုရ်ဘာနီ ပြုလုပ်သူဘက်ကနေ အကီးကဟ် နီယသ် လည်း ပြုနိုင်သည် ဆိုလျှင် ၎င်းအပေါ် အဲဟ်ကာမ်မေ အကီးကဟ် ထိုက်ပါသလား ? အဲဟ်ကာမ်မေ အီးဒ်ဒေကုရ်ဘာနီ ထိုက်ပါသလား ?
ဖြေ။ ။ အဲဟ်ကာမ်မေ အီးဒ်ဒေကုရ်ဘာနီ ထိုက်ပါတယ်။ တစ်နည်းအားဖြင့် ကုရ်ဘာန်ပြုလုပ်သူ ကိုယ်တိုင် နှင့် ၎င်း၏ မိဘ နှစ်ပါး လည်း ဤ ကုရ်ဘာနီ သားကောင်၏ အသား ကို စား နိုင်ပါတယ်။
မေး။ ။ စုပေါင်းကုရ်ဘာနီ ပြုလုပ်သူအနေဖြင့် အကီးကဟ် ၏နီယသ် ဖြစ် ပြုနိုင်ပါသလား ?
ဖြေ ။ ။ မပြုနိုင်ပါ။
မေး ။ ။ စတီးဓါးဖြင့် ကုရ်ဘာနီ ပြုနိုင်ပါသလား ?
ဖြေ။ ။ အာယာသွလ္လာဟ် စစ်သာနီ၏အမြင် တွင် ဓါး သံနှင့်ဖြစ်ရမည်။အဲဟ်သေ ယာ(သွ) သွေဝါဂျစ်ဗ် အရ စတီးဓါး ဖြင့် မပြုရချေ။
အာယာသွလ္လာဟ် ခူဝီ (ရ.ဟ) နှင့်အာယာသွလ္လာဟ် ခါမေနာအီ ၏ အမြင်တွင် စတီးဓါး ဖြင့် ကုရ်ဘာနီ ပြုခွင့် ရှိပါတယ်။
မေး။ ။ အကယ်၍ စတီးဓါးဖြင့် သားကောင်အား ကုရ်ဘာနီ ပြုခဲ့မည်ဆိုလျှင် အာယာသွလ္လာဟ် စစ်သာနီ ၏ အမြင်တွင် ဂိုနာ (အပြစ်) တစ်ခုတည်း ထိုက်ပါသလား ? (သို့) သားကောင် လည်း ဘဲ ဟရာမ် ဖြစ်သွားပါသလား ?
ဖြေ။ ။ သားကောင် ဟရာမ် ဖြစ်သွားပါတယ်
ခစ်စီ တိရစ္ဆာန် (သင်းသွင်းထားသည့် တိရစ္ဆာန်) အား ကုရ်ဘာနီ ပြုခြင်း
ဟာဂျီ မဟုတ်သူများအတွက် ကုရ်ဘာနီ အီးဒ် တွင် ခစ်စီ တိရစ္ဆာန် (သင်းသွင်းထားသည့် တိရစ္ဆာန်) အား ကုရ်ဘာနီ ပြုခြင်း သည် ပိုင်ပါ၏။ သို့သော်လည်း ပို၍ကောင်း သည်မှာ မြင့်သည်မှာ သားကောင်သည် အပြစ်အနာအဆာ မရှိ ဖြစ်ရပါမည်။
မေး ။ ။ အရဘီစကားမဟုတ်သည့် စကားဖြင့် အလ္လာဟ် အမည်ကို တမ်းတယူ(ယူ၍) ကုရ်ဘာနီ လုပ်ခြင်းသည် လုံလောက်ပါသလား ?
ဖြေ။ ။ လုံလောက်ပါတယ်။
ကုရ်ဘာနီ ပြုချိန် အတွက် အရေးကြီး ရှရီအီ ဥပဒေ
အကယ်၍ ရှရီအီ ဥပဒေ ကို မသိ၍ ကုရ်ဘာနီ ပြုချိန် တွင် အလ္လာဟ် အမည် ကို မတမ်း တ (မယူ)ခဲ့မည်ဆိုလျှင် သားကောင်သည် ဟရာမ် ဖြစ်သွားပါတယ်။
သို့သော် အကယ်၍ ရှရီအီ ဥပဒေ ကို သိ၍ ကုရ်ဘာနီ ပြုချိန် မေ့သွား၍ အလ္လာဟ် အမည် မယူခဲ့မည်ဆိုလျှင် သားကောင်သည် ဟလာ ဖြစ်သွား ပါသည်။
ကုရ်ဘာနီ ပြုချိန် တွင် ဖြစ်တတ်သည့် အမှားကြီး တစ်ခု
ကုရ်ဘာနီပြုချိန် သားကောင်၏ လည်ပင်းအား မိုးကောင်းကင်ဘက် မရှိဘဲ ကအ်ဗာ ရှိသည့်ဘက် (အနောက်အရပ်)သို့ မျက်နှာမှုထားရန် အရေးကြီးပါသည်။
မေး ။ ။ အကယ်၍ တိရစ္ဆာန် ၏ အသက် မထွက်ခင် အလျှင် ၎င်း၏ ကိုယ်ခန္ဓာ မှ ခေါင်းကို ဖြတ်ထုတ်လိုက်မည်ဆိုလျှင် ဤလုပ်ရပ် ကို (တရားတော် အရ ) ဘယ်လိုမြင်ပါသနည်း ?
ဖြေ ။ ။ အဲဟ်သေ ယာ(သွ) သွေဝါဂျစ်ဗ် အရ ဤလုပ်ရပ်သည် မပိုင်ချေ။ သို့သော် သားကောင်သည် ဟရာမ် မသွားချေ။ ၎င်း၏ အသားကို စားခြင်းသည် ပိုင်ပါသည်။
သို့သော် အာယာသွလ္လာဟ် ခူဝီ (ရ.ဟ) ၏ အမြင်အရ ဤအခြေအနေတွင် အဲဟ်သေ ယာ(သွ) သွေ လာဇင်းမ် အရ သားကောင်သည်လည်း ဟလာ မဖြစ်ချေ။
မေး ။ ။ ကုရ်ဘာနီ ပြုချိန် အလ္လာဟ် ဆိုသည့် စကားလုံးတစ်ခုတည်း ကို ပြောလို့ ရပါသလား ? သို့မဟုတ် အလ္လာဟ်ဟို အက္က်ဘဲရ် (သို့) အလ္လာဟ်၏ ဂုဏ်တော် တစ်ခုခု ၏ အမည်ကို တမ်းတ လို့ရပါသလား ?
ဖြေ။ ။ အလ္လာဟ်ဆိုသည့် စကားလုံး တစ်ခုတည်း ကို တမ်းတခြင်း (သို့) အလ္လာဟ်ဟို အက္က်ဘဲရ်လို့ တမ်းတခြင်းသည်လည်း ပိုင်ပါသည်။ အလ္လာဟ် ဂုဏ်တော်များ မှ လည်း မည်သည့် ဂုဏ်တော်ကိုမဆို တမ်းတ နိုင်ပါတယ်။ အဲဟ်သေ ယာ(သွ) သွေ မွတ်စ်သဟဗ် အရ အလ္လာဟ် ဂုဏ်တော်ကို တမ်းတ၍ ကုရ်ဘာနီ မပြုလုပ်ရပေ။ (သို့သော် ပြုပိုင်ပါသည်။)
မေး ။ ။ အကယ်၍ သားကောင်အား ကုရ်ဘာနီ ပြည့်အောင်ပြီးအောင် မပြုရသေးခင် ထပြီး ထွက်ပြေးမည်။ ပြီးနောက်ဖမ်းလာပြီး သားကောင်အား ကေဗ်လာ ဘက်သို့မျက်နှာ မှု စေပြီး ကုရ် ဘာနီ ပြုရန် အခက်အခဲ ရှိပါက ဘာလုပ်ရမည်နည်း ?
ဖြေ။ ။ အကယ်၍ ကေဗ်လာ ဘက်သို့ မျက်နှာ မှု စေပြီးကုရ်ဘာနီပြုမည်ဆိုလျှင် သားကောင် သေသွားဖို့ အန္တရာယ် ရှိနေမည်ဆိုလျှင် မည်သည့်ဘက်ပင် ဖြစ်ပါစေ ကုရ်ဘာနီ ပြု နိုင်ပါတယ် ။ ယုတ်စွ ကေဗ်လာဘက်ပင် မဖြစ်ပါစေ ။
မေး ။ ဓါး ထက်သည်အတွက်ကြောင့် ဖြစ်စေ အလျင်လို၍ လုပ်သည့် အတွက်ကြောင့် ဖြစ်စေ သားကောင်၏ ကိုယ်ခန္ဓာ နှင့်လှည်ပင်း ဖြတ်သွားမည်ဆိုလျှင် ဘာ အမိန့် လာ ရှိပါသနည်း ?
ဖြေ။ ။ အကယ်၍ တမင် သိလျက် ပြုလုပ်ခြင်း မဟုတ်ပါက ဂိုနာ မဟုတ်ချေ။ သားကောင်လည်း ဟလာ ဖြစ်ပါတယ်။
ကုရ်ဘာနီ ပြုပြီးနောက် များသော်အား ဖြင့် သားကောင်၏ ကိုယ်ခန္ဓာ မှ ထွက်လာသည့် သွေးသည် နဂျစ် ဖြစ်ပါတယ်။ ပြီးနောက်သားကောင်၏ ကိုယ်ခန္ဓာ အတွင်း ကျန် နေသည့် သွေးသည် သန့်ရှင်းပါသည်။
မေး ။ ။ ဇာတ်တူ မျိုးတူ သားကောင် များ အရှေ့ တွင် သားကောင်ကို ကုရ်ဘာနီ ပြုနိုင်ပါသလား ?
ဖြေ။ ။ ပိုင်ပါသည်။ သို့သော် ဇာတ်တူ မျိုးတူ သားကောင်အား အခြား ဇာတ်တူမျိုးတူ သားကောင် ကြည့်နေပါက မက်ကရူ ဖြစ်ပါသည်။
မေး ။ ။နွား(မ)အား ကုရ်ဘာနီ ပြုချိန်တွင် ၎င်း ၏ ခြေ လက် ကို တုတ်နှောင်ထားခြင်း ဆိုင်ရာ မည် သည့် အမိန့် လာရှိ ပါသနည်း ?
ဖြေ ။ ။ သားကောင် ၏ ခြေနှစ်ဖက် နှင့်လက်နှစ်ဖက်အား ချုပ်နှောင်ထားပြီး အမြီးကို လွတ်ထား ပေးခြင်း သည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။
ကုရ်ဘာနီ သားကို ဝေဌခြင်း
ပို၍ကောင်းသည်မှာ - ၃ပုံ ၁ပုံအား မိမိ နှင့် မိမိအိမ်သူအိမ်သားအတွက် ၊နောက် ၃ပုံပုံ ၁ပုံအားရိုးရိုး မွတ်စလင်မ်များ (ရှီအာမဟုတ်သည့် မွတ်စလင်မ်များ ) အတွက် (သို့) မိုအ်မေနီအတွက်၊ ၃ပုံ တစ်ပုံအား ဆင်းရဲသား မွတ်စလင်မ်များ ကိုဆဒ်ကာအဖြစ်ပေးရမည်။
မေး ။ ။ မည်သည့် မရ်ဂျာတော်ကြီးရှိခဲ့ပါသနည်း ? ဟဂျ် နှင့်ကဖာရာဟ်အတွက် ကုရ်ဘာနီ သားကောင်အား ကုရ်ဘာနီ ပြုလုပ်သူမှာ ရှီအာ အေစ်နာအရှရီ ဖြစ်ရန်အရေးကြီးကြောင်း စည်းမျည်းစည်းကမ်း အဖြစ် သတ်မှတ်ထားပါသနည်း ?
ဖြေ။ ။ အယာသွလ္လာဟ် ခိုမေနီး (ရ.ဟ) ၊ သို့သော် ကုရ်ဘာနီအီးဒ် ၏ ဟာဂျီ မဟုတ်သူများ၏ ကုရ်ဘာနီ ပြုရန်အတွက် ဤကဲ့သို့ စည်းမျည်း၊ စည်းကမ်းမသတ်မှတ်ထားချေ။
ကုရ်ဘာနီသားကောင်၏ သားရေ အစား မိမိအိမ် အတွက် အိမ်သုံးပစ္စည်းလည်းပဲ ဝယ်ယူနိုင်ခွင့် လည်း ရှိပါ တယ်။
ဟလာ တိရစ္ဆာန် ၏ အင်္ဂါ အစိတ်အပိုင်း ၃ ခု ကို စားခြင်းသည် မက္က်ရူ ဖြစ်ပါတယ်။
၁။ ကျောက်ကပ်
၂။နှလုံး၏ နားရွက်
၃။ ကြီးမားသည့် အကြောများ
မေး ။ ။ အကယ်၍ ဆင်းရဲသား တစ်ဦးတစ်ယောက်အား ကုရ်ဘာနီ သားကောင် ရမည်ဆိုလျှင် ၎င်းအတွက် ကုရ်ဘာနီ သားကို စားရန် အရေးကြီးပါသလား?
ဖြေ။ ။ အရေးမကြီးပါ ။ စားလို့လည်း ရပါတယ်။ ရောင်း၍လည်း ရပါတယ်။
ကုရ်ဘာနီ သားကောင်၏ ကျောက်ကပ်စားခြင်းသည် မက္က်ရူဖြစ်ပါတယ်။ အသည်း တော့ မက္က်ရူ မဟုတ်ပါ။
သိုးအား ကုရ်ဘာနီ ပြုချိန် မွတ်စ်သဟဗ် (သို့) ပို၍ကောင်းသည်မှာ ၎င်း၏ လက်နှစ်ဖက် နှင့် ခြေတစ်ဖက်အား ချုပ်နှောင်ထားရမည်။ တခြား ခြေတစ်ဖက်အား လွတ်ထားပေးရမည်။
မေး။ ။ အကယ်၍ တစ်ဦးတစ်ယောက် မှ မသေခင်အလျင် သေတမ်းစာ မှာခဲ့မည်။ ၎င်းပိုင် ပစ္စည်း၏ ၃ပုံ ၁ပုံ အား ကုရ်ဘာနီအီးဒ် တွင် ကုရ်ဘာနီ ပြုရမည်ဆိုလျှင် မည်ကဲ့သို့ တာဝန် ဝတ္တရား ရှိပါသနည်း ?
ဖြေ။ ။ ဤအခြေအနေ တွင် သေတမ်း စာ အရ ပြုလုပ်ပေးရမည်မှာ ဝါဂျစ်ဗ် ဖြစ်ပါတယ်။ ၎င်းပိုင် ပစ္စည်း ဖြင့် ကုရ်ဘာနီ ပြုပေးရပါမည်။
မေး ။ ။ ကုရ်ဘာနီအီးဒ်အတွက် သားကောင်အား ဖဂျရ် ပြီးနောက် နေမထွက်မှီ ကုရ်ဘာနီ ပြုနိုင် ပါ သလား ?
ဖြေ။ ။ဟုတ်ကဲ့၊ ပြုနိုင်ပါတယ်။ သို့သော် ပို၍ မြင့်မြတ် သည်မှာ နေထွက်ပြီးနောက်နမာဇ်စေ အီးဒ် ဖတ်နိုင်သလောက်အချိန် ကုန်ပြီးနောက် ပြုလုပ် ခြင်း ဖြစ်ပါတယ်။
မေး ။ ။ကုလားအုတ်အား နဟဲရ် (ကုရ်ဘာနီ) ပြုချိန် ကုလားအုတ်အားထ လျက် ပြုသည်မှာ ပိုမို၍ မြင့်မြတ်ပါသလား (သို့) ထိုင်လျက် ပြုခြင်း
ဖြေ။ ။ ကုလားအုတ်အား ထလျက် နဟဲရ် (ကုရ်ဘာနီ) ပြုခြင်း သည် ဖြစ်ပါတယ်။
မေး ။ ။ အကယ်၍ ကုလားအုတ် အား နဟဲရ် (ကုရ်ဘာနီ ) ပြုချိန် ၎င်း ၏ ခြေ အား ထုတ်နှောင်ထားခြင်း အတွက် ဘာ အမိန့် ရှိပါသနည်း ?
ဖြေ။ ။ အကယ်၍ ကုလားအုတ် အားထလျက် နဟဲရ် (ကုရ်ဘာနီ ) ပြုမည်ဆိုလျှင် ၎င်း၏ ဘယ်ခြေအား ချုပ်နှောင် ထား ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။ အကယ် ထိုင်လျက်ဆိုလျင် ခြေနှစ်ဖက်စလုံးကို ဖြေထားပေးရမည်။ (လွတ်ထားပေရမည်။ ) ပြီးနောက် ၎င်း ၏ လက် နှစ်ဖက်စလုံး အောက်ကနေ ဒူးအထိ (သို့) ချိုင်း အောက် တွင် တစ်ဘက်နှင့် တစ်ဘက် ချုပ်နှောင်ရပါမည်။
မေး ။ ကုရ်ဘာနီ ပြုလုပ်သူ များ အတွက် အီးဒ် နမာဇ် ဝတ်ပြုပြီး မှ ကုရ်ဘာနီ ပြုရန် အရေးကြီး ပါသလား ?
ဖြေ ။ ။ အရေးမကြီးပါ။သို့သော် အီးဒ် နမာဇ် ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။
မေး ။ ။ ကုရ်ဘာနီ ပြုရန် အမြင့်မြတ် တကာ အမြင့်မြတ်ဆုံးအချိန်မှာ မည်သည့်အချိန် ဖြစ်ပါ သနည်း ?
ဖြေ။ ။ အီးဒ်ဒေကုရ်ဘာန် နေ့ နေထွက်ပြီးနောက်ပိုင်း မှ စ၍ အီးဒ် နမာဇ် ဖတ်လို့ရသည့်အချိန် အထိကုရ်ဘာနီ ပြုခြင်း သည် အမြင့်မြတ် တကာအမြင့်မြတ်ဆုံး အချိန် ဖြစ်ပါတယ်။
.......................................................
END / 251
Your Comment