အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ ပါတယ်။
قال الامام الهادی علیه السلام:
أَلشّاکِرُ أسعَدُ بِالشُّکرِ مِنهُ بِالنِّعمَةِ الَّتی أوجَبَتِ الشُکرَ، لَأَنَّ النِّعَمَ مَتاعٌ و الشُکرُ نِعَمٌ وَ عُقبی.
အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« နေအ်မသ် (ခ) ကောင်းချီး မင်္ဂလာ အပေါ် ကျေးဇူးတင်ခြင်းသည် ၎င်းနေအ်မသ် ထက် သာလွန် မြင့်မြတ် လေ ၏။ အကြောင်းသည်ကား နေအ်မသ်(ခ) ကောင်းကြီးမင်္ဂလာသည် ဤလောက၏ မသာအ် (ခ) အရင်းအနှီး (ခ) အဖိုးတန် အရာ ဖြစ်ပြီး၊ (အလ္လာဟ်ဟို အရှင်မြတ်အား) ကျေးဇူးတင်ခြင်းသည် နောင်တမလွန်ဘဝ (ခ) အာခေရသ် (ခ) လောကုတ္တရာ ၏ ထာဝရကောင်းချီးမင်္ဂလာ ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၃၆၅
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် နေအ်မသ်တော် ရရှိတိုင်း အလ္လာဟ် ဟို အရှင်မြတ် အား ကျေးဇူးတင်ရမည် ဖြစ်ပါတယ်။ကျမ်းတော်မြတ်၏ အာယသ်တော် တစ်ပါး အရ အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့် ပေးသနားတော် မူထားသည့် နေအ်မသ်တော် အပေါ် ကျေးဇူးတင်ခြင်းသည် နေအ်မသ် တော် တွင် တိုးပွား မှုကို ဖြစ်စေမည် ဖြစ်ပါတယ်။ မအ်စူမ် အေမာမ် (အ.စ) မှလည်း နမာဇ်ဇေ ရှိုက်ရ် (အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့်တော် မူသည် နေအ်မသ်တော် အပေါ် ကျေးဇူးတင်သည့် အနေဖြင့် ဝတ်ပြုရသည့် ၂ရကတ် နမာဇ် ) အား လမ်းညွှန် ထားပါတယ်။ဤအတွက် ကြောင့် နေအ်မသ်တော် များ ရရှိမှု အတွက် နမာဇ်ဇေ ရှိုက်ရ် ဝတ်ပြုသင့်ပါတယ်။ ပမာအား ဖြင့် မိဘ နှစ်ပါး သက်ရှိထင်ရှား ရှိနေခြင်း သို့မဟုတ် ၎င်းတို့အနက်မှ တစ်ပါး ရှိနေခြင်း ၊ မိသားစု ၊ ဇနီးယောက်ကျား ၊သားသမီးများ သက်ရှိထင်ရှား ရှိနေခြင်း ၊ လစာရခြင်း ၊ စျေးရောင်းကောင်းခြင်း စသည်ဖြင့် သည် နေအ်မသ် တော်များ ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment