၂၈ ဇွန် ၂၀၂၅ - ၀၆:၁၃
ဂါဇာတွင် စစ်ပွဲရပ်ရန် အကျဉ်းသားများ လွတ်ပေးရေး သဘောတူညီချက်တစ်ခု ပြုလုပ်ရန် နေတန်ယာဟုအပေါ် ထရမ့်  ဖိအားပေး

ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို အဆုံးသတ်ရန်နှင့် အကျဉ်းသားများ လဲလှယ်ရန် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု အား အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် က ဖိအားများ တိုးမြှင့်ပေးနေပြီဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ ဇီယွန်နစ်မီဒီယာများက ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသောစစ်ပွဲကို အဆုံး သတ်ရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား ပြင်းထန်သောဖိအားပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ဖော်ပြခဲ့သည်။ အမေရိကန်က အီရန်ကို မတိုက်ခိုက်ခင်မှာ ဒီဖိအားတွေက စတင်ခဲ့ပြီး တိုက်ခိုက် မှုပြီးပြီး ချင်းမှာ ထပ်ပြီး ပြင်းထန်လာပါတယ်။

ဇီယွန်နစ် သတင်းစာ Israel Hayom ၏အဆိုအရ ထရမ့် အစိုးရသည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသားများကို အမြန်ဆုံးလွတ်ပေးရန် သဘောတူညီချက်တစ်ရပ်ကို အလိုရှိနေသည်။ ယင်းအတွက်ကြောင့် အမေရိကန်နှင့် အစ္စရေး အရာရှိများ ကြား အဆက်အသွယ်များနှင့် ညှိနှိုင်းမှုများ အများအပြား ပြုလုပ်လျက်ရှိပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ ထရမ့်  အစိုးရအဖွဲ့သည် ဂါဇာရှိ ဟားမတ်စ်အစိုးရကို ဖျက်သိမ်းကာ အာရပ် နိုင်ငံလေးခုပါဝင်သော ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်မည့် ကျယ်ကျယ်ပြန့်ပြန့် အစီအစဉ်တစ်ရပ်ကို လုပ်ဆောင် နေကြောင်း သိရပါတယ်။

အဆိုပါ အစီအစဉ်တွင် ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို ပြည်နှင်ဒဏ်ပေးရေး၊ အစ္စရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးတို့ ပါဝင်ပါတယ်။ သို့သော်လည်း အာရပ်မဟာမိတ်များက ပါလက်စတိုင်း အာဏာပိုင်တို့ မပါဝင်ဘဲ အစီအစဉ်တွင် ပါဝင်ရန် ငြင်းဆိုထားသော်လည်း ဟားမတ်စ်က ပြည်နှင်ဒဏ်ပေးရေး အဆို ပြုချက်ကို ပယ်ချခဲ့ပါ တယ်။

လေ့လာသုံးသပ်သူများ၏အဆိုအရ ထရမ့် ၏ဖိအားများသည် အစ္စရေး၏ အပစ်အခတ်ရပ်စဲ ရေးချိုးဖောက်မှု အပေါ် အမေရိကန်မကျေနပ်မှုကိုဖော်ပြခြင်းဖြစ်ပြီး အထူး သဖြင့်ဒေသတွင်း တင်းမာမှုများ အထွတ်အထိပ်ရောက် နေသည့် အချိန် တွင်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha