အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာအရ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ အမေရိကန် စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေဟာ အစ္စရေး၏ ရန်စမှုမှာ ရှဟီးဒ် ဖြစ် ကျဆုံးသွားသူတွေကို ဂုဏ်ပြုဖို့ တနင်္လာနေ့က ကုလသမဂ္ဂဌာနချုပ် ရှိ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ကိုယ်စားလှယ်ရုံး ကို သွားရောက်ခဲ့ပါတယ်။
အမေရိကန် စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေကလည်း ဝမ်းနည်းကြောင်း စာအုပ်ထဲမှာ မိမိတို့၏ မှတ်ချက်တွေ ရေးခဲ့သလို အီရန် အစိုးရ နှင့် အီရန်ပြည်သူတွေကို ဝမ်းနည်းကြောင်း တင်ပြခဲ့ကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်ရုံးတွင် ဇီယွန်ဝါဒီ ဆန့်ကျင်ရေး အမေရိကန် ဂျူးအဖွဲ့အစည်း "Naturi Carta" ၏ အဖွဲ့ဝင်များ ပါဝင်ပါတယ်။
အီရန်ကို အကြမ်းဖက် ဇီယွန်ဝါဒီများ၏ ရန်စမှုတွေမှာ ကျဆုံးသွားသူများကို အမှတ်တရအနေနှင့် တနင်္လာနေ့က တည်းက ကုလသမဂ္ဂဆိုင်ရာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်ရုံးမှာ ဝမ်းနည်းကြောင်းစာအုပ်ကို ထားထားခြင်း ဖြစ်ပါတယ်။
ကုလသမဂ္ဂဌာနချုပ်ရှိ အခြားနိုင်ငံများ၏ သံတမန်များနှင့် ကိုယ်စားလှယ်များသည် ဇီယွန်ဝါဒီတို့၏ ရန်လိုမှု အတွင်း ကျဆုံးသွားသူများအား ဂုဏ်ပြုသောအားဖြင့် ဝမ်းနည်းကြောင်းစာအုပ်တွင် မိမိတို့၏ ခံစားချက်များ များကို ရေးသားကာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ အမေရိကန် စစ်ဆန့်ကျင်ရေး အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေဟာ အစ္စရေးရဲ့ ရန်စမှုမှာ အသက်ပေးသွားတဲ့ အပြစ်မဲ့ အီရန်ကလေးတွေရဲ့ ပုံတွေကို မြင်ပြီး အီရန် အာဇာနည်များကို မျက်ရည်များနှင့် ဂုဏ်ပြုဂါရဝါပြုကြပြီး မိမိတို့ခံစားချက်များကို တင်ပြခဲ့ကြပါတယ်။
ဤအခြေအနေ ကို ကြည့်၍ အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံ အကြမ်းဖက် နိုင်ငံ မဟုတ်သလို စစ်သွေးကြများ လည်းမဟုတ်ကြောင်း သက်သေ အထောက်အထား ဖြစ်ပါတယ်။ အီရန် ကျောထောက် နောက်ခံပြုနေသည့် အဖွဲ့အစည်းများ ဖြစ်ကြသည့် ဟားမတ်စ် ၊ ဟစ်ဘွလ္လာဟ် ၊ အန်ဆွာရိုလ္လာဟ် ၊ ဟရှ်ဒိုရှ်ရှအ်ဘီ တို့သည် မိမိနိုင်ငံ တွင် မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် ကြိုးစားနေကြသည့် မတရားမှုကို တော်လှန်နေကြသည့် အဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ ဘက်လိုက် ဘီဘီစီ ၊ ဗီအိုအေ နှင့် မြန်မာ သတင်းမီဒီယာ များ စွပ်စွဲအပုတ်ချနေသလို အကြမ်း သူပုန်အဖွဲ့များ မဟုတ်ကြောင်း သတိပြုသင့်ရမည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment