အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
عَلامَاتُ وَلَدِ الزِّنَا ثَلاثٌ سُوءُ المَحضَرِ وَ الحَنِينُ إِلي الزِّنَا وَ بُغضُنَا أَهلَ البَيتِ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဟရာမ်ဇါဒဟ် (တရားမဝင်နည်းဖြင့်မွေးဖွားလာသူ) ၏ လက္ခဏာ သုံးရပ် ရှိပါသည်။ (၁) သူတစ်ပါး၏ နောက်ကွယ်တွင် မကောင်းပြောခြင်း (၂) ဇေနာ ပြုခြင်း (တရားမဝင်နည်းနှင့် လိင်ဆက်ဆံခြင်း) ကို သဘော ကျခြင်း၊စိတ်ဝင်စားခြင်း (၃) ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ်အမုန်း ထားခြင်း၊ ရန်ငြိုးထားခြင်း တို့ ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၇၉ ၊ စာမျက်နှာ ၁၉
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ ဟဒီးစ်တော် အတိုင်း ကျနော် တို့ အနေဖြင့် ဟရာမ်ဇါဒဟ် (တရားမဝင်နည်းဖြင့်မွေးဖွားလာသူ) ၏ လက္ခဏာ သုံးရပ် ကို ကောင်းမွန် စွာ သိရှိ ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်ထားသူဖြစ်လျင် အလ္လာဟ် ထံ နမာဇ် ဇေ ရိုက်ရ် ဖတ်ရမည် ဖြစ်ပါတယ်။ ပြီးနောက် သူတစ်ပါး၏ နောက်ကွယ်တွင် မကောင်းပြောခြင်း မပြုမိရန် နှင့် ဇေနာ ပြုခြင်း (တရားမဝင်နည်းနှင့် လိင်ဆက်ဆံခြင်း) ကို သဘော ကျခြင်း၊စိတ်ဝင်စားခြင်း တို့ မပြုမိရန် စွမ်းအား များ အသိတရား အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့် ရန် အထူး ဒိုအာ ပြုရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment