၉ ဇူလိုင် ၂၀၂၅ - ၁၃:၅၇
ဂျနာဗေ မိုအာဝေယဟ်ပြု လုပ်ခဲ့သည် ဗဒ်အတ်သ် များ

အမှန်တရား ကို သိစေရန်နှင့်နေရာ တကာ ဗဒ်အတ်သ် ဗဒ်အတ်သ် ဟောနေသူများ အသိဝင် လာစေရန် ဂျနာဗေ မိုအာဝေယဟ်ပြု လုပ်ခဲ့သည် ဗဒ်အတ်သ် များ အရှိအတိုင်း အမှန်အတိုင်း ဖော်ပြ လိုက်ရပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရမ်ဒွါန် အီးဒ် နှင့် ကုရ်ဘာနီ အီးဒ် နမာဇ်တို့ တွင် ဂျနာဗေ မိုအာဝေယဟ်၏ ဗဒ်အတ်သ်

ရမ်ဒွါန် အီးဒ် နှင့် ကုရ်ဘာနီ အီးဒ် နမာဇ် တို့တွင် အာဇန် ပေးသည့် ဗေဒအတ် မိုအာဝေယာ မှ ဂျနာဗ် ရှဖေအီ အနေဖြင့် မိမိ၏ ကျမ်း (အလ်အေမာမ်) တွင်ဇဟ်ရီ မှတဆင့် တင်ပြထားပါသည်။

မဟာတမန်တော်မြတ်ကြီး (ဆွ) ၊ ဂျနာဗေ အဗူဗက်ရ် ၊ ဂျနာဗေ အိုမရ် ၊ ဂျနာဗေ အွန်စမန် လက် ထက် တို့တွင်ရာမဇန် အီးဒ် နှင့် ကုရ်ဘာနီ အီးဒ် တွင် အာဇန် မပေးခဲ့ကြချေ။ ပြီးမှ ဆီးရီးယား နိုင်ငံ တွင် မိုအာဝေယာဟ် မှ ဤ ဗေဒ်အတ်သ် အား စတင်ခဲ့လေသည်။ သူပြီးနောက် (ဟဂျာဂျ် ) အနေဖြင့် မဒီနာ ရွှေမြို့တော်တွင် ဤဓလေ့ကို အားပေးအားမြောက်ပြုခဲ့လေသည်။

ကြည့်ရန် - ကျမ်း အစစ် ။ ။235کتاب الاُمّ 1 : 208 ,1 /


အဗ်နေ ဟမ်ဇ် အနေဖြင့် မိမိ၏ စာအုပ် ( အလ်မိုဟလ်လာ ) တွင်ရေးသားထားပါသည်။ ဗနီအွန် မိုင်ယာ တို့အနေဖြင့် ထွင်ခဲ့သည့် ဗေဒ်အတ်သ် များမှ တချို့မှာ အောက်ပါအတိုင်း ဖြစ် ပါတယ်။

၁ ။ ။ အီးဒ်နမာဇ် အား နောက်ကျပြီးမှာ သွားခြင်း

၂ ။ ။ အီးဒ်နမာဇ် မဖတ်မည် အလျှင် ခွသ်ဗာ ဖတ်ခြင်း

၃ ။ ။ အီးဒ်နမာဇ် တွင် အာဇန် ၊အကာမတ် ဆိုခြင်း

ကြည့်ရန် - ကျမ်း အစစ် ။ ။ المحلّى : 5 : 82


(ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး ကိစ္စ တွင် ဂျနာဗေ မိုအာဝေယဟ်၏ ဗဒ်အတ်သ်

ဂျနာဗေ (ဇါဟက်) အနေဖြင့်မိမိ၏ စာအုပ် (အလ်ဒီယာသ်) တွင် တင်ပြထားသည်။ ကျွန်တော် အနေဖြင့်    မိုဟမ္မဒ် ဗင် အစ်္စဟက် မှတဆင့် တင်ပြပါမည်။

ကျွန်တော်အနေဖြင့် (ဇဟ်ရီ) အား တ မန်တော်မြတ်ကြီး (ဆွ) ၏ လက်ထက်တွင် ကာဖေရ်ဇင်မီး ၏ (ဒီယသ်)           (ခ) ရှရီအီ နစ်နာကြေး ၏ အတိုင်း အတာ မှာ မည်မျှရှိခဲ့ ပါသနည်း ၊ ဟုမေးပြီး ဤကိစ္စနှင့်ပတ်သက်ပြီး အကွဲအလွဲ အဆိုများ လာရှိနေသည့်အတွက်ကြောင့် (အခုလို) မေးရကြောင်း ဆိုလေသည်။

အဖြေပေးသည်မှာ - အရှေ့ နှင့် အနောက်အရပ်တွင် ဤကိစ္စ အား ကျွန်တော်ထက်ပိုပြီး သိသူ မရှိ ဟုဆိုလေသည်။ မဟာတမန်တော်မြတ်ကြီး (ဆွ) ၊ ဂျနာဗေ အဗူဗက်ရ် ၊ ဂျနာဗေ အိုမရ် ၊ ဂျနာဗေ အွန်စမန် လက် ထက် တို့တွင် (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး မှာ ဒီနာ (၁၀၀၀) ဖြစ်ပေသည်။ မိုအာဝေယာဟ် အနေဖြင့် မိမိလက်ထက်တွင် အသတ်ခံရသည့် အောင်လီယာခိုဒါ (အလ္လာဟ် ဟို အရှင်မြတ် သခင်ကြီး၏ အချစ်တော်များ ) အတွင် (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး ကို ဒီနာ (၅၀၀) ပြီးနောက် ပြည်သူ ဘဏ္ဍာငွေ အဖြင့် ဒီနာ (၅၀၀) ကို သတ်မှတ်ခဲ့ပေသည်။

ကြည့်ရန် - ကျမ်း အစစ် ။ ။ الدیات : 50

အဗ်နေ က စီးရ် အနေဖြင့် မိမိ၏ ကျမ်း (အလ်ဗေဒါယဟ် ဝါ အလ်နေဟာယဟ် ) တွင် ရေးသားထားပါတယ်။ ဂျနာဗေ ဇဟ်ရီ အနေဖြင့် ပြောကြားလေသည်။ (မဟာတမန်တော်မြတ်ကြီး (ဆွ) ) ၏ စွန္နတ် တော်မှာ ကာဖေရ်ဇင်မီး ၏ (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး ၏ အတိုင်း အတာ မှာအတူတူပင် ဖြစ်ပါသည်။ မိုအာဝေယာဟ် သည် ပထမဆုံး သူ အဖြစ် (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး ၏ အတိုင်း အတာတဝက် ကိုသာ သတ်မှတ်ပြီး တဝက်ကို မိမိ၏ (ဘဏ္ဍတိုက်) အတွက် တဝက် သတ် မှတ်လိုက်သူ ဖြစ် ချေသည်။

ကြည့်ရန် - ကျမ်း အစစ် ။ ။ البدایة والنهایة 8 : 139 [8/148 ، حوادث سال 60 هـ


မှတ်သားစရာနှင့်စဉ်းစား စရာ ဤနေရာတွင်ကောင်းသည့် အချက်မှာ ဂျနာဗေရှာဖီ၏(အလ်အွန်မို) ကျမ်း အတွဲ ၇ နှင့် အလာမာ အမီးနီး ၏(အလ်ဂဒီးရ်)ကျမ်းအတွဲ၈တွင်ရေးသားဖော်ပြထားပါသည်။ ပြောပြထားသည်မှာ ကာဖေရ်ဇင်မီး ၏ (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး အဖြင့် ဒီနာ(၁၀၀၀)ဂျနာ ဗေ ဇဟ်ရီ တင်ပြထားခဲ့သည် အတိုင်း မဟာတမန်တော်မြတ် (ဆွ) ၏ လက်ထက်တွင် မရှိခဲ့ချေ။ ပြီးနောက် စွန်နီ ဖေရ်ကာ ၄ခု တွင် ဟနဖီ ဖေရ်ကာ မှအပ ကျန် ဖေရ်ကာ ၃ခု ၏ ကာဖေရ်ဇင်မီး အတွက် (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး မှာ ဒီနာ (၁၀၀၀) မဟုတ်ချေ။ ဒီနာ (၁၀၀၀) ကို ပထမဆုံး သတ်မှတ်ခဲ့သူမှာ ဂျနာဗေ အွန်စမန်း ဖြစ်ကြောင်း ရေးသားထားကြပါ သည်။

ဤအတွက်ကြောင့် မိုအာဝေယာဟ် အနေဖြင့် ဗေဒအတ် (၃)ခု အားတွက်ခဲ့ကြောင်း ငြင်းမရ တော့ချေ။

၎င်း ဗေဒ်အတ်သ် (၃ )ခု မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး အဖြင့် ဒီနာ(၁၀၀၀) ကို သတ်မှတ ခဲ့်ခြင်း

(ခ) (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး ကို အသတ်ခံရသူနှင့်ဘဏ္ဍငွေ အကြား ပိုင်းခြားသတ်မှတ် ခဲ့ခြင်း

(ဂ) (ဒီယသ်) (ခ) ရှရီအီ နစ်နာကြေး ကို မိမိ၏ ခလီဖွာ ဟဇရတ် အွန်စမန်း သတ်မှတ်ထား သည့် ဒီနာ (၁၀၀၀)အတိုင်း ဆက်မထားဘဲ တဝက် ကို အသတ်ခံရသူအတွက် သတ်မှတ်ပြီးကျန် တဝက်ကို မိမိ ၏ ဘဏ္ဍငွေ အဖြင့် သတ်မှတ်ခဲ့ခြင်း

နမာဇ် တွင် ဂျနာဗေ မိုအာဝေယဟ်၏ ဗဒ်အတ်သ်

(ရှရ်ဟ် ဟေ အလ်မောင်သွာ ) ကျမ်းတွင်ဤကဲ့သို့လာ ရှိပေသည်။ ဂျနာဗေ သစ်ဗရီ အနေဖြင့် ဂျနာဗေအဗူဟိုရိုင်ရာ မှ တဆင့် တင်ပြသည်။ နမာဇ်တွင် မိုစ်သဟဗ် သက္က်ဗီး များကို ပထမဦးဆုံး ပြုတ်ခဲ့သည့် ပုဂ္ဂိုလ်မှာ မိုအာဝေယာ ဖြစ်ချေသည်။ အဗူအိုဗိုသ် ၏ ရီဝါယတ်တော် အရဆို လျှင် နမာဇ်တွင် မိုစ်သဟဗ် သက္က်ဗီး များကို ပထမဦးဆုံး ပြုတ်ခဲ့သည့် ပုဂ္ဂိုလ်မှာ ဇေယာသ် (လ.န) ဖြစ် ပေသည်။

အဗ်နေဟဂျ်ရ် အနေဖြင့် မိမိ အကျယ်ဖွင့် ကျမ်း (ဖသ်ဟိုလ်ဗရီ )တွင် ရေးသားထားပါသည်။

အထက်ပါ ရီဝါယတ်တော် ၂ခု လုံးတွင် မည်သို့မျှ အကျိုး အမြတ် မရှိချေ။ အကြောင်းမှာ ဇေ ယာသ် (လ.န) အနေဖြင့် မိုအာဝေယာ ၏ လမ်းစဉ် နောက်လိုက်ပြီး သက္က်ဗီး များကို မဆို ခြင်း ဖြစ်ပေသည်။

မိုအာဝေယာဟ် အနေဖြင့်လည်း ဂျနာဗေ အွန်စမန်း ၏ နောက်လိုက်ပြီး သက္က်ဗီး များကို ပြုတ်လိုက်ခြင်း ဖြစ်ပေသည်။ သို့သော် အိုလမာ မှ အုပ်စု တစ်စု အနေဖြင့် ဤကိစ္စကို တိုးတိုးတိတ်တိတ် ပြောဖို့ ဆိုထားကြပေသည်။

ကြည့်ရန် - ကျမ်း အစစ် ။ ။ احمد در مسند [5/597 ، ح 19380]


ပြီးနောက် (الوسائل الی مسامرة الاوائل) ကျမ်းတွင်ရေးသားထားပါသည်။ရေးသားထားသည်မှာ - သက္က်ဗီး များကို ပထမဦးဆုံး ပြုတ်ခဲ့သည့် ပုဂ္ဂိုလ်မှာ မိုအာဝေယာဟ် ဖြစ်ချေသည်။ မိုအာဝေယာ အနေဖြင့် နမာဇ် တွင် (စမအအ်လ္လာဟ် စို လေမန် ဟမ်မေဒဟ် ) ဖတ်ပြီး သက္က်ဗီး မတိုင်ဘဲ စဂျ်သဟ် ပြုခဲ့ပေသည်။

ရှာဖေမီအနေဖြင့် လည်း မိမိ၏ကျမ်း (الام) တွင် (အိုဗိုင်ဗင် ရေဖာအေ) ထံ မှ ဆင့်ပြန်ထား ပါသည်။ မိုအာဝေယာ အနေဖြင့် မဒီနာ ရွှေမြို့တော် သို့ လာရောက်ပြီး နမာဇ် ဖတ်ချိန်တွင် ဗစ်မေလ္လာဟ် … ကို မဖတ်ခဲ့ချေ။ နမာဇ် တွင် လှုပ်ရှားချိန်နှင့် တည်ငြိမ်ချိန် တွင် သက္က်ဗီး များ ကို မတိုင်ခဲ့ပေ။

နမာဇ်ပြီးနောက် မိုဟာဂျေ နှင့် အန်ဆွာ တို့မှာ - ((အို မိုအာဝေယာဟ် အသင် အနေဖြင့်နမာဇ် ကို ခိုးသူ ဖြစ်ပေသည်။ (နမာဇ်တွင်) ဗစ်မေလ္လာဟ် … ဘယ်ရောက် သွား ပါသနည်း ? နမာဇ် တွင် ထိုင် ချိန် ၊ထချိန် တွင် ရွတ်ဆိုရသည့် သက္က်ဗီး များ ဘယ်ရောက်သွားပါသနည်း ? )) ဟု အသံ ကျယ် များ ဖြင့် မေးလာကြလေသည်။

ထိုအချိန် မိုအာဝေယာဟ် မှ နောက်တကြိမ် ၎င်းတို့ စောဒကတက်ချက်များ ကို ပြန်ဖြည့်ပေးပြီး နမာဇ် ဖတ်ပေးခဲ့လေ သည်။ နမာဇ် အီးဒ်တွင် ခွသ်ဗာ ကို အရင်ဖတ်သည့် မိုအာဝေယာ ၏ ဗေဒအတ် ဂျနာဗေ အဗ်ဒွလ်ရာဇတ်ခ် ၊ ဂျနာဗေ အဗ်နေ ဂျရီးဂျ် ၊ ဂျနာဗေ ဇဟ်ရီ တို့မှ တင်ပြသည်။ နမာဇ် အီးဒ်တွင် အီးဒ်နမာဇ် မဖတ်မည် အရင် ခွသ်ဗာ ကို စပြီး ပေးခဲ့ သည့် ပုဂ္ဂိုလ်မှာ မိုအာ ဝေ ယာဖြစ်ပေသည်။ ပြီးနောက် အဗ်နေမွန်ဇေရ် အနေဖြင့် အဗ်နေစီးရီး(န) ထံ မှ တဆင့် တင်ပြသည်။ ဗဆွာရမြို့တွင် ဤဗေဒအတ် အား ပထမဆုံး အနေဖြင့် ထုံးတမ်းဖြစ်အောင် လုပ်ခဲ့သူမှာ ဇေ ယာသ် (လ.န) ဖြစ် ပေသည်။ ဂျနာဗေ အယာဇ် အနေဖြင့် ပြောကြားသည်။ အထက်ပါ ရီဝါယတ်နှင့် မရ်ဝမ်(န) (လ.န) ကိုပထမ ဆုံးအဖြင့် ပြထားသည့် ရီဝါယတ်နောက် တစ်ခု ကိုကြည့်လျှင် မည်သို့မျှ မဆန်ကျင့်ချေ။ အကြောင်းမှာ ဇေ ယာသ် (လ.န) နှင့် မရ်ဝမ်(န) (လ.န)တို့သည်မိုအာဝေယာ၏…ဖြစ်ပြီး၊ကိုယ်စား လှယ် များ ဖြစ်ကြသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ဤအတွက်ကြောင့် ဤဗေဒအတ် ကိုပထမ ဆုံး လုပ်ခဲ့သူမှာ မိုအာဝေယာ သာဖြစ်ပြီး ၊ဇေ ယာသ် (လ.န) နှင့် မရ်ဝမ်(န) (လ.န)တို့မှ ၎င်း၏ နောက်လိုက်ပြီး ကျင့်သုံးကြခြင်း ဖြစ်ပေသည်။

ကြည့်ရန် - ကျမ်း အစစ် ။ ။ المصنّف 3 / 284 ، ح 5646/

شفیعی شاہرودی، الغدیر؛ منتخب اشعار، ص 982 و 986 و 987 و 992.

======================
251/End

Your Comment

You are replying to: .
captcha