အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ်ခေဆွာလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام السجاد علیه السلام:
مَا رَأَیْتُ مَصِیبَةً أَشَدَّ عَلَى قَلْبِی مِنْ کَرْبَلَاءَ وَ مَذَلَّةِ السَّبْیِ وَ أَهْلِ بَیْتِی.
အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကရ်ဗလာ နှင့် ကျွန်ုပ်၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့၏ ဖမ်းဆီး ချုပ်နှောင်ခံရမှု နှင့် သိက္ခာ ချ အရှက်ခွဲခံရ မှု ထက် ကျွန်ုပ်၏ နှလုံးသားတွင် ကြီးမားသော ဒုက္ခ ဝေဒနာ ကို မတွေ့ဖူးခဲ့ချေ။ ( မခံစားရခဲ့ချေ။) »
ကျမ်းကိုး ။ ။ အလ်ခေဆွာလ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၈၀
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အေမာမ် စဂျာဒ် (အ.စ) အတွက် အကြီးမားဆုံး ဒုက္ခ ဝေဒနာ သည် ကရ်ဗလာ ၏ ဖြစ်ရပ်မှန် ၊ အေမာမ် (အ.စ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) များ မတရား အဖမ်းခံ အချုပ်ခံရခြင်း လူထု အကြား ဟေဂျာဗ် မပေးဝတ်ခြင်း၊ ရာဇဝတ်သား များပမာ သိက္ခာချ အရှက် ခွဲ ခံရခြင်း ရက်စက်ညှည်းပန်းမှုများကို ခံရခြင်း တို့ ဖြစ်ကြောင်း သိရှိ ခံစားရမည် ဖြစ်ပါတယ်။ ဤအတွက် ကြောင့် ကျနော်တို့ အနေဖြင့် အေမာမ် စဂျာဒ် (အ.စ) ၏ မျက်နှာတော် ကို ထောက်ပြီး သူတစ်ပါး အား အထူး သဖြင့် မိုအ်မင် အချင်းချင်း အား ဖမ်းဆီးခံ ၊ အချုပ်ခံရ အောင် အလကားနေပြဿနာ ရှာခြင်း ၊ သိက္ခာ ချသည့် အရှက်ခွဲသည့် လုပ်ရပ်များ မပြုမိရန် အထူး ကြိုးစား ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။ မိမိ အနေဖြင့်လည်း သူတစ်ပါး သိက္ခာချ အရှက်ခွဲ ဖို့ အကြောင်း ခံ မဖြစ်စေရန် ဂိုနဟ်များ ကို လူသိရှင်ကြား ပြုသည့် အလုပ်များ လုပ်ရပ်များ မပြုမိအောင် ကြိုးစားသတိထားရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment