၉ ဇူလိုင် ၂၀၂၅ - ၁၅:၅၇
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး သည် ဆော်ဒီအိမ်ရှေ့မင်းသားနှင့် တွေ့ဆုံ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ဆော်ဒီအိမ်ရှေ့စံမင်းသား ဘင်န်စလ်မာန် နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းအခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ဆော်ဒီအိမ်ရှေ့စံမင်းသား ဘင်န်စလ်မာန် နှင့် တွေ့ဆုံခဲ့ပြီး အသေးစိတ် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းရေးရာများနှင့် မွတ်စလင်မ်အွန်မသ် ရင်ဆိုင်နေရသော အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်မှုအပြီး အီရန်နဲ့ အမေရိကန်ကြား စေ့စပ်ညှိနှိုင်းမှုတွေကို ဆိုင်းငံ့ထားပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ ကြိုးစားနေကြပါကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha