အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام السجاد علیه السلام:
إِنَّ لِعَبَّاسَ (عَلَيْهِ السَّلَامُ) مَنزِلَةً عِنْدَ اللَّهِ تَبَارَكَ وَ تَعَالَى، فِي يَوْمِ الْقِيَامَةِ يَغْبِطُهَا جَمِيعُ الشُّهَدَاءِ.
အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဧကန်မုချ ဟဇရသ် အဘာစ် (အ.စ) အလ္လာဟ်ဟို အရှင်မြတ် ထံတော်တွင် မည်မျှ အထိ အဆင့်အတန်း မြင့်မားသည်ဆိုလျင် ကေယာမသ် နေ့ တွင် ရှိသမျှ ရှိုဟဒအ်များ (ရှဟီးဒ်တော်များ ) အားလုံး ၎င်းအပေါ် အားကျကြပေလိမ့်မည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၄၄ ၊ စာမျက်နှာ ၃၇၀
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ဟဇရသ် အဘာစ် (အ.စ) ကြီးကျယ်မြင့်မြတ်မှုကို သိရှိနိုင်မည် ဖြစ်ပါတယ်။ ကျနော်အနေဖြင့် ဟဇရသ် အဘာစ် (အ.စ) ကို အချစ်ထားလျင် ဟဇရသ် အဘာစ် (အ.စ) ကဲ့သို့ ဘဝတည်ဆောက်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ အလ္လာဟ် မလုပ်ပါစေနှင့်။ နှုတ်က ယာအဘာစ်(အ.စ) ၊ ယာအဘာစ် (အ.စ) ပြောနေပြီး လုပ်ရပ်နှင့် စိတ်ဓာတ်က ဟဇရသ် အဘာစ်(အ.စ) ၏ ရန်သူများကဲ့သို့ မတရားလုပ်ခြင်း ၊သစ္စာဖောက်ခြင်း ၊ ကောက်ကျစ်ခြင်း ၊ဘက်လိုက်ခြင်း ၊ စွပ်စွဲခြင်း ၊ စသည်ဖြင့် တို့ လုပ်နေသူဖြစ်မည်။ ဤကဲ့သို့ မဖြစ်အောင် ကြိုးပမ်း ရမည် ဖြစ်ပါ တယ်။
****************************************************************
END / 251
Your Comment