၁၄ ဇူလိုင် ၂၀၂၅ - ၁၅:၀၄
အီရန် ပြည်ထဲရေးဝန်ကြီးကပါကစ္စတန် နိုင်ငံသား ဇေယာရသ် ပြုသူများ အတွက် ခေသ်မသ် ပြုခြင်း ဟာ မိမိတို့ ၏ တာဝန် နှင့် ဂုဏ်ယူစရာ ဖြစ်ကြောင်းပြောကြား

အီရန်၊ပါကစ္စတန် နှင့် အီရတ်တို့၏ ပြည်ထဲရေးဝန်ကြီးများ၏ သုံးပွင့်ဆိုင်အစည်းအဝေးတွင် အရ်ဗအီးန် ဇေယာ ရသ် ပြုသူများ သွားလာရေး ပိုမိုလွယ်ကူ လုံခြုံစေရန် သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန်ပြည်ထဲရေးဝန်ကြီး အစ်ကန်ဒဲရ် မိုအ်မေနီ က ပါကစ္စတန် နိုင်ငံသား ဇေယာရသ် ပြုသူများ အတွက် လွယ်ကူမှုများ ပြုပေးရန် ခေသ်မသ် (ဝန်ဆောင်မှု) ပြုပေးရန် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် မိမိတို့၏ တာဝန် နှင့် ဂုဏ်ယူစရာ ဖြစ် လက်ခံထား ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး မိမိ နှင့် ရာထူးတူ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် မိုဟ်စင်န်နကဝီ  တီဟီရန်သို့ အား ရောက်ရှိချိန်တွင် ကြိုဆိုပြီးနောက် သတင်းထောက်များအား ပြောကြားရာတွင် ပါကစ္စတန်၊ အီရန်နှင့် အီရတ်ပြည်ထဲရေးဝန်ကြီးများ၏ သုံးပွင့်ဆိုင်တွေ့ဆုံမှု၏ ရည်ရွယ်ချက်မှာ အရ်ဗအီးန်  ၏ အခါသမယတွင် ဇေယာရသ် ပြုသူများ  သွားလာမှု အဆင်ပြေစေရန်နှင့် တိုးတက်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤဆွေးနွေးမှု တွင်  ဇေယာရသ် ပြုသူများ ဘေးကင်းပြီး သက်တောင့်သက်သာ သွားလာနိုင်စေရန် နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်မှု နှင့် လုံခြုံရေး စသည့် အရေးကြီး ကိစ္စရပ်များကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရ ပါတယ်။

အီရန်ပြည်ထဲရေးဝန်ကြီး အစ်ကန်ဒဲရ် မိုအ်မေနီ က ပါကစ္စတန် ဇေယာရသ် ပြုသူများ၏  အရေအတွက် နှစ်စဉ် တိုးလာနေပြီး ၎င်းတို့အား အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုနှင့် ဧည့်ဝတ်ကျေပွန်မှု ပေးဆောင်ရန် အီရန်က မိမိ ၏ တာဝန် နှင့် ဂုဏ်ယူစရာ အဖြစ် ခံယူ ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု အခါသမယတွင် ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ဆယက်ဒ် မိုဟ်စင်န်နကဝီ  က ၎င်း၏ အီရန်နိုင်ငံသို့ လာရောက်လည်ပတ်မှုအပေါ် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပြီး နှစ်စဉ် သန်းနှင့်ချီသော ပါကစ္စတန် ဇေယာရသ် ပြုသူများ သည် အီရန်မှတစ်ဆင့် အီရတ်သို့ လာရောက်ကြသောကြောင့် နယ်စပ်လုံခြုံရေးနှင့် ဇေယာရသ် ပြုသူများကို အကာအကွယ်ပေးခြင်းသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ပြီးနောက် အစည်းအဝေးကို လက်ခံကျင်း ပပေးတဲ့ အီရန် နိုင်ငံ ကို ကျေးဇူးတင် ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha