၂၆ ဇူလိုင် ၂၀၂၅ - ၂၂:၂၂
ကလေးများ ကို သွန်သင်ပြုစုပျိုးထောင်ရာတွင်  အလ္လာဟ်ဟို အရှင်မြတ် ထံ အကူအညီ တောင်းခံခြင်း

အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မှ မိမိ၏ ဒိုအာ ၏ အစိတ်အပိုင်း တစ်ခု တွင် ကလေးများ ကို ပြုစုပျိုးထောင်ရာတွင် အလ္လာဟ်ဟို အရှင်မြတ် ထံ အကူအညီ တောင်းခံခြင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါ တယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆဟီးဖဟ် စဂျာဒ်ဒီယဟ် ကျမ်း လာ ဒိုအာ ၏ အစိတ်အပိုင်း တစ်ခု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒိုအာ တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام السجاد علیه السلام:

وأعني علی تربیتهم وبرهم.

အေမာမ် စဂျာဒ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အိုအလ္လာဟ် ဟို အရှင်မြတ်  ကလေးများကို သွန်သင်ပြုစုပျိုးထောင်ရာတွင် ပြီးနောက် ၎င်းတို့ အပေါ် ကောင်းမှု ပြုရာ တွင် ကျနော်အား ကူညီဖေးမ တော်မူပါ။  »

ကျမ်းကိုး ။ ။ ဆဟီးဖဟ် စဂျာဒ်ဒီယဟ် ကျမ်း ၊ စာမျက်နှာ ၁၃၅

မှတ်ချက်  -  ကလေးရှိသည့် မိဘ တိုင်း အထက်ဖော်ပြပါ အေမာမ်စဂျာဒ် (အ.စ) ၏ ဒိုအာကို နေ့စဥ် နမာဇ် ဝတ်ပြုပြီးတိုင်း ဖတ်ရွတ်သင့်ပါတယ်။ ယခုခေတ်ဆိုလျင် ပို၍ တောင် တောင်းရပေမည်။ အကြောင်းသည်ကား အခုလို မိုဘိုင်းလ် နှင့် ဂိမ်း ၊ ကွန်ပြူတာ နှင့် ဂိမ်း ပေါ်လာပြီးနောက်  ကလေးများကို သွန်သင် ရ ပြုစုရ တာ အလွန် ခက်ခဲ့သွားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ပြီးနောက် တရားတော် အရ ကလေးများ အပေါ် မည်သို့ ကောင်းမှု ပြုရသည့်အကြောင်းကို သေချာသိအောင် နားလည် အောင်လေ့လာ ပြီး လက်တွေ့ ကျင့်သုံးရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha