အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
إِنَّ اللّٰهَ يُحِبُّ الْمُتَوَاضِعِينَ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အလ္လာဟ် ဟို အရှင်မြတ် သည် ကျိုးနွံ နှိမ်ချပြီးနေသူ များ ၊ မာနမရှိသူများ ကို နှစ်သက် တော် မူသည်။ (ချစ်တော် မူသည်။ ) »
ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း၊ စာမျက်နှာ ၁၄၃
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် နှစ်မြို့သူ ဖြစ်လိုလျင် ကျိုးနွံ နှိမ်ချသူ ၊ မာနမရှိသူ ဖြစ်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ ငွေကြောင့် ဖြစ်စေ ၊ ပညာကြောင့် ဖြစ်စေ ၊ ရုပ်ရည် ကြောင့် ဖြစ်စေ စသည် ဖြစ်ကြောင့် ဖြစ်စ မာန မထောက်မိဖို့ အထူး သတိ ပြု ရမည် ဖြစ်ပါတယ်။ တစ်ခါတစ်လေ တစ်ချို့သူများ သည် ကျိုးနွံ နှိမ်ချသူ ၊ မာနမရှိသူ လေးစား ဂုဏ်ပေး ရမည့် အစား လှောင်ပြောင် တတ်ကြတာကိုဝမ်းနည်းစွာ တွေ့ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ တွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ကျိုးနွံ နှိမ်ချမှု ၊ မာနမရှိ မှု ကို ထင်ရှားစွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment