အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန် နှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သဘောတူညီချက်များကို အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် ပါကစ္စတန် အဆင့်မြင့် အရာရှိကြီးများ ကိုယ်စား လှယ်အဖွဲ့ ရှေ့မှောက် တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြို့တော် အစ္စလမ်မာဘတ်သို့ ရောက်ရှိချိန်တွင် အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ပါကစ္စတန် နှင့် ညီရင်းအစ်ကိုရင်းမြစ်ဆက်ဆံရေးကို အမြဲတမ်းအလေးထားကြောင်းနှင့် အဆိုပါ သဘော တူညီ ချက်များ သည် နှစ်နိုင်ငံစလုံးအတွက် သာယာဝပြောရေးနှင့် တည်ငြိမ်ရေးလမ်းကြောင်းသစ်များကို ဖွင့်လှစ် ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေသတွင်းပြဿနာများဖြေရှင်းနည်းသည် ပြင်ပဝင်ရောက်စွက်ဖက်မှုမဟုတ်ဘဲ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ဖြင့် သာဖြစ်ကြောင်း ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အလေးထားပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment