အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
... قَالَ قُلْتُ فَمَا لِمَنْ یُجَهِّزَ إِلَیْهِ وَ لَمْ یَخْرُجْ لَعَلَّهُ تُصِیبُهُ [ لِقِلَّهِ نَصِیبِهِ ] قَالَ یُعْطِیهِ اَللَّهُ بِکُلِّ دِرْهَمٍ أَنْفَقَهُ - مِثْلَ أُحُدٍ مِنَ اَلْحَسَنَاتِ وَ یُخْلِفُ عَلَیْهِ أَضْعَافَ مَا أَنْفَقَهُ وَ یُصْرَفُ عَنْهُ مِنَ اَلْبَلاَءِ مِمَّا قَدْ نَزَلَ لِیُصِیبَهُ وَ یُدْفَعُ عَنْهُ وَ یُحْفَظُ فِی مَالِهِ ... .
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« တစ်ဦးတစ်ယောက် သည် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အားမေးမြန်းလျှောက်ထားလေ၏။ အကြင်သူ တစ်ဦးတစ်ယောက်သည် အေမာမ် (အ.စ) ၏ ဇေယာရသ် အတွက် ပို့ပေးမည်။ သို့သော် ကိုယ်တိုင် မကျန်းမမာ၍ သို့မဟုတ် အခြား အကြောင်း တစ်ခုခုကြောင့် ဇေယာရသ် အတွက် မသွားနိုင်မည်ဆိုလျင် ၎င်း အတွက် အကျိုး အမြတ်(ဆုလာဘ်) မှာ မည်သို့ရှိပါသနည်း? အေမာမ် (အ.စ) မှ (အဖြေပေး) မိန့်ကြားတော် မူလေ၏။ သူသုံးစွဲ သမျှ ဒိရ်ဟမ်တိုင်း အတွက် အလ္လာဟ်အရှင်မြတ်သည် အိုဟွတ်ဒ် တောင် နှင့် တူညီသော ကုသိုလ်ကောင်းမှုတို့ကို ပေးသနားတော်မူမည်ဖြစ်ပါသည်။ ၎င်း၏ အပင်ပန်းခံမှုထက် အဆများစွာ ချီးမြှင့်ပေးသနားတော်မူမည် ဖြစ်ပါ သည်။ ဧကန်မုချကျရောက်ခဲ့သော ဒုက္ခဆင်းရဲများကို ၎င်းထံမှ ဖယ်ရှားပေးတော်မူ ပြီး သူ၏စည်းစိမ်ကို ကာကွယ် စောင့်ရှောက် ပေးလိမ့်မည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၂၃
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇယာရသ် သွားသူများ ကို မိမိ တို့ နိုင်သည့် ဖက်မှာ ကူညီ ဧည့်ခံ ပေးရမည် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုသူများ ကို မိမိ တတ်နိုင်သည့် ဝန်ဆောင်မှုများ ပြုပေးချိန် ၎င်းတို့ထံ မှ မည်သည့် မျှော်ကိုး မှု ကို မမျှော်လင့်ပဲ အလ္လာဟ် ၏ နှစ်မြို့ မှု တစ်ခုတည်း အတွက် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုသူများ အနေဖြင့်လည်း အလ္လာဟ် ၏ နှစ်မြို့ မှု တစ်ခုတည်း အတွက် မိမိ တို့အား ဝန်ဆောင်မှုပေးသူမှန် သမျှကို လေးစား အလေးပေးပြီး ဝန်ဆောင်မှု ပေးနိုင်ရန် အခွင့်အခါ ပေး သင့် ပါတယ်။
****************************************************************
END / 251
Your Comment